fattyOctober 23, 20111min19114
အမေ ဟင်းချိုသောက်ဖို့လက်လှမ်းပြီး ဇွန်းဖြင့်ဟင်းချိုခပ်ိလိုက်သည်ကို ကျနော်ငေးကြည့်နေမိသည်။ အမေဟင်းချိုပူပူကိုမှုတ်သောက်နေသည်။အမေ့ပါးစပ်က မလုံတော့သဖြင့် ပါးစောင်ထဲမှ ဟင်းချိုများအချို့ပြန်စီးကျလာသည်။ အမေသည်စိုးရိမ်ဟန်ဖြင့်ကျနော့်ဘက်ကိုလှမ်းပြီးကြည့်ရှာသည် …။ စီးကြပါစေအမေရယ် …..။ ဒီလိုမျိုးတွေက နောင် ကျနော်တို့လဲမလွှဲမသွေကြုံကြရအုံးမဲ့ကိစ္စတွေပါ …။ ကျနော် တစ်ရှုးတစ်ရွက်အမေ့ကိုလှမ်းပြီးပေးလိုက်သည် ..။ အမေသည့်သူ့ချွေးမ ကျနော့မိန်းမဘက်သို့ မသိမသာလေးကြည့်လိုက်သည်ကို သတိထားလိုက်မိပါသည်။ ရပါတယ်အမေ … ကျနော်စားလက်စ ဇွန်းခရင်းကိုချပြီး …. စဉ်းစားနေလိုက်မိတော့သည် …။ တချိန်က ကျနော်မှီခိုခဲ့ရသောအမေ ……။ ကျနော်မှီခိုခဲ့ရစဉ် ဘယ်သူ့မျက်နှာကိုမှကြည့်စရာမလို … ကျောင်းလခမှန်မှန်နောက်မကျအောင်ပို့ပေးသည်။ အမေကပို့ပေးပြီးအမေကျွေးသည့်ထမင်းစားနေရသော်လည်း အမေ့မျက်နှာ ကိုကြည့်နေစရာမလို ..။ အခု အမေ့မှာ ဘာမှမရှိတော့ပြီ …။ ကျနော်ကျွေးသည့် ထမင်းစားနေရသော်လည်းအမေသည် သူများမျက်နှာတွေကြည့်နေရပြီ …။ ဟင်း ………လို့သာ သက်ပြင်းချမိသည် ….။ ဒီနေ့ သားရဲ့မွေးနေ့မို့ […]