စဆရ ႀကီးJune 25, 20121min42019
ခက်တော့ခက်နေပြီ… အတော်လေးကို ဂွကျတော့သည်။ ဘယ်လို့ဘယ်လိုမှကို မလုပ်တတ်တော့ပေ။ လက်တစ်ဖက်တွင် ကင်မရာကြီးကိုင်ပြီး ဟိုဘက်ဆွဲခေါ်ပါသွားလိုက်၊ ဒီဘက်ဆွဲခေါ်ပါသွားလိုက်နှင့်။ ဘေးမှဝိုင်းပြောနေကြသော်လည်း ကိုရင်ရှူံးခြေလက်တွေမှာ ခဲ(ဂဲ)ဆွဲခံထားရသည့်အလား.. လေထဲသို့ပင်မမြောက်၊ မျက်နှာဘယ်လိုထားရမယ်မှန်းမသိအောင်ပင်။ လူပုံအလယ်တွင်မှ ပေါင်းသင်းဆက်ဆံရေးညံ့လှသည့်အကြောင်း ဘွင်းဘွင်းကြီးပြလိုက်သလိုပင်။ ခက်ချေ၏။ ——————————————————————————————————————– (၁) မန်နေဂျာမှ ထူးထူးဆန်းဆန်း ကိုရင်ရှူံးတို့အား အစည်းအဝေးခေါ်သဖြင့် ထူးပေ့ဆန်းပေ့ဟု ခံစားမိတော့သည်။ ယခုဆိုင်သို့ ကိုရင်ရှူံးရောက်သည်မှာ ၄ လခန့်ပင်ရှိတော့မည်။ ဆိုင်ရှိဝန်ထမ်းများအားလုံးနှင့်လည်း အတော်လေး သိကျွမ်းပြီးသည့်နောက် ဆိုင်ရှိဝန်ထမ်းများအကြောင်း၊ ဆိုင်မန်နေဂျာအကြောင်းနှင့် ဆိုင်၏အခြေအနေများကို အတော်လေး တီးမိ၊ ခေါက်မိ ရှိနေပြီဖြစ်သည်။ တစ်ခါဖူးမျှ ဝန်ထမ်းများနှင့်ရော၊ ဆိုင်အုပ်ချုပ်သူများနှင့်ပါ ထိုကဲ့သို့ တစ်ကူးတစ်က အစည်းအဝေးလုပ်သည်ဟု မကြားမိသေး။ မကြားမိဆို နှစ်နှင့်ပင်ချီနေပြီဖြစ်သည်။ ယနေ့တွင်မှ ဆိုင်စီမံခန့်ခွဲသူများနှင့် မန်နေဂျာသီးသန့် အစည်းအဝေးဟုဆိုသဖြင့် ကိုရင်ရှူံးလည်း ဘာများလဲဟု […]