မိုခ်ိဳMarch 27, 20121min20325
  ခေါင်းစဉ် ကိုကြည့်ပြီး မိုချို လည်း ဆရာနီကိုရဲရဲ့ ခေါင်းစဉ်ကြီး ကူးလိုက်ပြန်ပြီလို့မထင်လိုက်ပါနဲ့။ (ရွာထဲမှာ စာကူးတဲ့ကိစ္စကြီးက ဟော့ နေလို့ပါ ) ။ လျှပ်ပြာပြာ မိုချို တယောက်လည်း ဘဝမှာ အလွဲတွေ လုပ်တတ်လွန်းလို့အဲဒီ ခေါင်းစဉ် ယူသုံးထားတာပါ။ အလွဲတွေထဲမှာမှ သူမျာတွေအတွက် ရီစရာ၊ ပျော်စရာ၊ စိတ်အနှောက်ယှက် ဖြစ်စရာ  ဖြစ်ရသလို မိုချို့ အတွက်လည်း တစုံတရာ သက်ရောက်မှုရှိ စေတဲ့ မှတ်မှတ်ရရ အလွဲ တချို့ကို ပြောပြ ပါ့မယ်။ ပထမဆုံး အမှတ်တရ အလွဲက မိုချို ၁ဝတန်း နှစ်မှာပါ။ အဲဒီတုန်းက မိုချိုက ပေါင် ၉ဝလောက်ပဲ ရှိတဲ့ ပိန်ပိန်သေးသေး စာဂျပိုး ရုပ်လေးပါ။ တခြား ဆယ်ကျော်သက် […]