WowJanuary 3, 20121min15010
ယနေ့ညနေ ကြေညာလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရဆိုပါက နိုင်ငံရေး အကျဉ်းသားများ လွတ်လာရန် အခွင့်အလမ်းနည်းပါးသဖြင့် “သီးခြားစဉ်းစားရန်ရှိသည့် စာရင်း” ဟူသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။ ယနေ့ည ၁ဝနာရီက နိုင်ငံရေး အကျဉ်းသားမိသားစုဝင် တဦးက နယ်ဝေးအကျဉ်းထောင်မှ ထောင်အရာရှိတဦးအား လှမ်းမေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား သီးခြားစာရင်းဖြင့် ဖက်စ်ထိုးပြီးလာရန် ရှိသည်မှာ ဟုတ်ပါသလား ဟုမေးမြန်းရာ ဟုတ်မှန်ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်သည့် စာရင်းယခုအချိန်ထိ မရရှိသေးသဖြင့် စောင့်ဆိုင်းနေကြောင်း ဖြေကြားသည်ဟု ယင်းမိသားစုဝင်က YPI သို့ပြောသည်။ အကျဉ်းဦးစီး အရာရှိက ၎င်းအနေဖြင့် အကောင်းဆုံး မျှော်လင့်ပါကြောင်း သူတို့အတွက်က သီးခြားလာရန်ရှိသည်ဟု မိသားစုဝင်အား အတည်ပြုပြောဆိုသည်ဟု သိရှိရသည်။ ။ ဇန်နဝါရီ ၂ ရက်၊ ၂၀၁၂ […]