kaiOctober 31, 20101min2087
‘ကျနော်တို့တော့နိုင်ငံရေး ဝါသနာမပါပေါင်’၊ ‘ကျမတို့လဲ နိုင်ငံရေးကို စိတ်မဝင်စားဘူး’စတဲ့စကားမျိုးတွေကိုမကြာခဏဆိုသလိုကြား နေရပါတယ်။ ဒီလိုပြောတာဟာ’ကြောက်’လို့ လား။ ‘ကြောင်’တာလား။ ‘ကြွား’တာလား။တခုခုတော့တခုခုပါပဲ။ ‘ကျနော်တို့ကတော့ ကိုယ်ဝမ်းစာကိုယ်ရှာစားနေရလို့ဒါတွေကို လှည့်မကြည့်အားသေး ဘူးဗျို့’လို့ပြောသူကပြောရဲ့။ ဟုတ်ပ၊ သူနိုင်ငံရေးကို လှည့်ကြည့်တော်မူအောင် ကိုယ်ကပဲသူ့ဝမ်းစာ ရှာပေးရဦးတော့မှာလိုလို။ ‘ကျမတို့ကတော့ ဒီလိုနည်းနဲ့ မထင်ပေါ်ချင်ပါဘူးရှင်’ လို့ပြောသူမျိုးလဲမရှားဘူး။ ေဩာ်..နိုင်ငံရေးဆိုတာ ‘အားလို့ယားလို့ လုပ်ကြတာ။ထင်ပေါ်ချင်လို့ လုပ်ကြတာ’ဆိုပြီး နိုင်ငံရေးလုပ်သူတွေကိုပဲ အထင်အမြင်သေးချင်သလိုလို။ စော်ကားမော်ကားလုပ်ချင်သလိုလို။ အာဇာနည်နေ့တိုင်းအာဇာနည်ဗိမာန်ကိုတနှစ်တခေါက်သွားပြီး အာဇာနည်ပုဂ္ဂိုလ်ကြီးအပေါင်း နဲ့ လွတ်လပ်ရေးသူရဲကောင်းတွေကို အလေးမပြုနိုင်အားရင်နေပါစေ။ အိမ်မှာနေ သမ်းရင်းဝေရင်းကိုယ့်ဘာသာနိုင်ငံရေးငရဲမကြီးကြပါစေနဲ့လို့ သတိပေးလိုက်ပါရစေ။ ပထမမေးကြည့်ချင်တာက ကျွန်ဘဝနဲ့သခင်ဘဝဘယ်ဟာ ကကောင်းသလဲလို့ပါပဲ။ ဒါမေးစရာလိုလို့လားလို့ကြားမိသူတိုင်းကပြောကြမှာပါ။ ဟုတ်ကဲ့၊ မြန်မာပြည်ကြီး ဗြိတိသျှကျွန်ဘဝကနေလွတ် အောင်ဘယ်သူတွေကလုပ်ခဲ့ကြသလဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ဗိုလ်ချုပ်အောင်ဆန်းစတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရဲ့မျက်နှာကို မမြင်ယောင်လေရော့သလား။ သူတို့ဟာ ကျေဇူးရှင်နိုင်ငံရေးသမားကြီးတွေပါ။ နိုင်ငံရေးဆိုတာ […]