Mr WorldWideApril 23, 20131min43128
ပြန်ဖွပြတာတော့ မဟုတ်ပါဘူး..အဘလည်း သုံးသပ်ကြည့်တာပါ။   ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအား ပြင်ဆင်ရန် NLD ပါတီမှ အဆိုပြုခဲ့ရာ ပယ်ချခံခဲ့ရပြီး နောက် ဒေါ်အောင်ဆန်းစုကြည် အား ယင်းကိစ္စနှင့် ပတ်သက်၍ အင်တာဗျူးခဲ့ရာ ဒေါ်စု မှ “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံတကာအဆင့်မီသင့်တာပေါ့ရှင် “ ဟု ပြောကြားခဲ့ပြီး ဂျပန်နိုင် ငံ ခရီးစဉ်၌လည်း ယင်းကဲ့သို့ပင် ထပ်မံပြောကြားခဲ့ပါသည်။           နိုင်ငံတကာ၌ ၎င်းတို့၏ ပထဝီနိုင်ငံရေး သမိုင်းကြောင်းနောက်ခံ အခြေအနေတို့အပေါ် မူတည်၍ နိုင်ငံသားဥပဒေများကို ရေးဆွဲခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နိုင်ငံ၊  အိန္ဒိယ နိုင်ငံနှင့် လူဦးရေ  ပေါက်ကွဲမှု ဖြစ်ပေါ်နေသော ဘင်္ဂလားဒေ့ရှ် ( မွတ်စလင် ) နိုင်ငံတို့အကြား […]


ဒီမိုကရေစီ .. စစ်တယ် .. မစစ်ဘူးတွေ … အခုထိ စစ်တပ်ထွက်လူတွေ ၂၅% .. ၅၀% .. ၇၀% ပါတာတွေ … လာလာပြောနေကြတယ်ဗျာ ..။   ပေးတဲ့သူက ပေးပြီးသွားပြီ .. တကယ့်ကိုယ်လိုချင်တဲ့ ဒီမိုကရေစီဖြစ်ဖို့က ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ အခွင့်ရေးတွေ ရအောင်ယူပေးချင်တဲ့ အဖွဲ့အစည်း (နိုင်ငံရေးပါတီမဟုတ်ပါ) တွေက ဆက်လုပ်ကြရမှာမလား..။   အခုကျတော့ အင်တာနက်တက်တက်၊ ဂျာနယ်ဖတ်ဖတ် ဒါတွေချည်းပဲ။ အောက်မှာပြည်သူက ဘာတွေဖြစ်နေလဲ။ ငတ်တဲ့ သူငတ်၊ ကြပ်တဲ့သူ ကြပ်နေကြပြီ။ ကျောင်းသားအတွက် ကျောင်းသား၊ အလုပ်သမားအတွက် အလုပ်သမား၊ ပညာရေးအတွက် ပညာရေး …၊ ဒါတွေကျတော့ ဘယ်သူမှ မဆွေးနွေးကြတော့ဘူးလား။ ခုသုံးနေရတဲ့ အင်တာနက် လိုင်းက […]


စုန္းထီးAugust 12, 20112min22411
ဒါလားဟ ဒီမိုကရေစီ … ကျွန်တော်လည်း ဒီမိုကရေစီ ဆိုတာ ဘာမှန်းမသိပါ … ဒီလိုဆိုရင် ခက်ချည်ရဲ့ ကိုယ်အလိုချင်ဆုံးတစ်ခုက မရနိုင်ပြီကွယ်.. ကျန်တာတွေ မထူးတော့ဘူးရယ် ယဉ်တဲ့စိတ်ကူး အကောင်အထည်ဖော်နိုင်ဖို့ .. ခဲလေသမျှ သဲရေကျခဲ့ရပေါ့ကွယ် .. ရှင်ရင် ရွှေထီးဆိုကာ စွန့်စားခဲ့တာလည်း …………… လုပ်တော့လုပ်ပါ အမယ်များတာ ကြိုက်ပေမယ့် မနိုင်မှာ စိုးဝံ့ပါတယ် ငါးသိုင်းများရင် ဟင်းဟုံတယ်တဲ့ဗျ ကျွန်တော်ကတော့ သိသလောက် မှတ်သလောက် တက်သလောက် ဘာမှ မရှိသေးတော့ အပြုသဘော ဆောင်တဲ့ ဝန်ဆောင်မှုမျိုး မပေးနိုင်သေးတာ နားလည်ပေးကြပေါ့ဗျာ … ကာတွန်းတွေကိုတော့ မဇိ္ဇမ၊ မိုးမခ၊ ဧရာဝတီ စတဲ့ ဝက်ဘ်ဆိုဒ်တွေက ကူးယူမိခဲ့ပါတယ် …


KingMay 3, 20111min1135
နိုင်ငံရေးဆိုတာ ကျွန်တော် ဟိုးငယ်ငယ်လေး ဘဝထဲက ကြားသိ နားထောင်ခဲ့ဖူးတယ်ဗျ အိမ်နားက အဘကြီးက မဆလ ခေတ်ဆိုလား ဘာဆိုလား အဲဒီခေတ်က အမတ်ဝင်ပြိုင်ဖူးသူဆိုတော့ …. မနက်ဆိုရင် ကျွန်တော့်အဘိုးဆီလာတယ် ညက ရေဒီယိုက ဘာလွှင့်တယ် ဘာတွေဖြစ်နေတယ် ဘာတွေလုပ်သင့်တယ် ဆိုပြီး လာပြောနေကြပေါ့ ကျွန်တော့်အဘိုးကတော့ ရပ်ရွာမှ ဩဇာအသင့်အတင့်ရှိပြီး အုပ်ချုပ်ရေးပိုင်းတွေကို စိတ်မဝင်စား ဘုရားတရား အလုပ်ပဲ လုပ်တတ်တဲ့ လူရိုးကြီးဆိုတော့ဘာမှ ပြောလေ့ပြောထ မရှိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာရယ်မဟုတ် စိတ်ဝင်စားလို့ နားထောင်မိရာကနေ နိုင်ငံရေး ဆိုတဲ့စကားလုံးနဲ့ ရင်းနှီးလာခဲ့ပါတယ်လေ။ အခုကျွန်တော်ပြောချင်တာကတော့  အရွယ်ရောက်လို့ ကျွန်တော် လက်ခံမိတဲ့ နိုင်ငံရေးဆိုတာလေးကို ပြောပြချင်လို့ပါ ကျွန်တော်ကတော့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးရှာသူတွေအတွက်တော့ အတ္တဟိတ လုပ်ငန်းဖြစ်ပြီး အများကျိုးရှာသူတွေအတွက်တော့ ပရဟိတ္တ […]


POLFebruary 25, 20111min26817
တူနီးရှားမှ အစပြုခဲ့တဲ့ အာရပ်တော်လှန်ရေးမှာ ‘ဒိုမီနို အကျိုးသက်ရောက်မှု’ ပုံစံဖြင့် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက တစ်နိုင်ငံပြီး တစ်နိုင်ငံ ဇယ်စက်သလို ကူးသွားပြီး အာဏာရှင်တွေ ပြုတ်ကျဖို့ ဖန်တီးလာသည်။ ၎င်း ‘ဒိုမီနို အကျိုးသက်ရောက်မှု’ (domino effect) က အာရပ်ကမ္ဘာမှာတင် အပြောင်းအလဲများ ဖြစ်နေတာ မဟုတ်ဘဲ၊ ကမ္ဘာအနှံရှိ အာဏာရှင် နိုင်ငံတွေကိုပါ ‘လိပ်ပြာတောင်ပံ အကျိုးသက်ရောက်မှု’ (butterfly effect) ပုံစံနဲ့ လှိုင်းရိုက်ခတ် လာသည်။ တူနီရှား လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံ တစ်ချက် ခတ်လိုက်မှုက အီဂျစ်၊ ဘာရိန်း၊ လစ်ဗျား စတဲ့နို်င်ငံတွေမှာ ဆိုင်ကလုန်း ဖြစ်သွားစေပြီး၊ ယခု တရုတ်၊ မြန်မာ စတဲ့ အာရှ အာဏာရှင် နိုင်ငံတွေမှာပါ တော်လှန်ရေး ဟာရီကိန်းတွေ […]