အိမ်မှာရောက်နေတဲ့ကရင်မလေးက နိုဗွီကို ကရင်မုန့်ဟင်းခါးစားဘူးသလားတဲ့ မစားဘူးရင် သူချက်ကြွေးမယ်တဲ့ ကိုယ်တိုင်လည်း အစားအစာ အထူးအဆန်းလေးတွေကို စိတ်ဝင်စားတော့ ချက်ကြွေးစားမယ်ပေါ့ သူချက်တာလေးတွေကို ဘေးကနေ ဓာတ်ပုံလေးရိုက်ပြီး မှတ်တမ်းတင်လိုက်ပါတယ် မုန့်ဖတ် – ၅ဝကျပ်သား ငါး – ၂၅ကျပ်သား စပါးလင် – ၂ပင် ဂျင်း – ၂ကျပ်ခွဲသား ပတဲကောဥ – ၂ကျပ်ခွဲသား ငရုပ်ကောင်း – အနည်းငယ် ဆီ – ၂ကျပ်ခွဲသား ငရုပ်သီးစိမ်း – ၂ကျပ်ခွဲသား မကျီးသီး -၅ကျပ်သား ပူစီနန် – ၁ဝကျပ်သား ပဲပင်ပေါက် -၂ဝကျပ်သား ငပိစိမ်းစား – ၂ကျပ်ခွဲသား ကြက်သွန်ဖြူ – ၂ကျပ်ခွဲသား ငှက်ပျောအူး ငါးဖယ်ကြော် / ပဲကပ်ကြော် […]