မြသဲ ( 17082011 )May 17, 20131min52457
ရန်ကုန်မြို့ ဈေးဝယ်စင်တာကြီးတွေမှာ သွားရလာရ ဝယ်ရချမ်းရတာ စိတ်ချမ်းသာစရာပါပဲ။ ပစ္စည်း တွေလဲစုံ ဈေးတွေကလဲ စစ်စရာမလို ကြည့်ချင်တာအားလုံး ကိုင်တွယ်ကြည့်ရှု့ခွင့်ရ၊ အရောင်းစာရေးမကိုမျက်နှာချိုသွေး ဟိုဟာလေးပြပါအုံးဒီဟာလေးပြပါအုံးပြောစရာ မလိုအောင်ကိုစိတ် ချမ်းသာစရာကောင်းပါတယ်။ အဲကွန်းနဲ့အေးအေးချမ်းချမ်းဈေးဝယ်လို့ရသလို ဗိုက်ဆာရင်လဲစားစရာဆိုင်နဲ့ဆိုတော့ တခါတလေ ကျွန်မတို့မိသားစုဈေးမဝယ်တောင် သီးသန့်စားဖို့သွားလေ့ရှိပါတယ်။ တခါတလေ မိုးအရမ်းရွာရင် မိုးလုံလေလုံကားပါကင်ရှိတဲ့ စင်တာတွေသွားတတ်ပါတယ်။ အဲလိုသွားတဲ့အခါမှာတော့ ပြောစရာလေးတွေတွေ့ လာရပါတယ်။ စင်တာတွေမှာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေရဲ့ ဝန်ဆောင်မှု့နဲ့ တခြားသောပြသနာလေးတွေ တွေ့လာရပါတယ်။ တခါကတော့ကျွန်မ သင်တန်းတက်စရာရှိလု့ိ မြို့ထဲမှာသင်တန်းသွားတက်ပါတယ်။ သင်တန်းကတနေကုန်ဆိုတော့ ထမင်းဘူးကြီးလဲမသယ်ချင်၊ သင်တန်းခန်းထဲမှာလဲစားလို့မရ။ အဲလိုအဆင်မပြေတာနဲ့ထမင်းဘူး မယူပဲ သင်တန်းနဲ့နီးတဲ့ တောင်ဝင်စင်တာမှာ နေ့လည်စာသွားစားလိုက် ပါတယ်။ ထမင်းစားဆင်းချိန်ကတနာရီပဲဆိုတော့ သွားမှာ စားမှာ ပြန်လာမှာနဲ့ အချိန်တွက် ပြီး မြန်တာပဲစားလိုက်ပါတယ်။ စီပီကြက်ကင်ဆိုင် တို့ ဟမ်ဘာဂါဆိုင် ကြက်ကြော် […]