့“နှင်းခဲဒိုင်ယာယီ´´ မြူနှင်းတို့ခြုံလွှမ်းတဲ့ မြို့ကလေးရဲ့ထောင့်ချိုးတစ်နေရာ နှင်းမှုန်တို့ဝေ့သီ ဆေးမပီပန်ချီကားထဲ အေးခဲမှုကိုအံတုရင်း ငါ့နှလုံးသား .. ကျွမ်းလောင်နေလေရဲ့ … ။ နှင်းမှုန်နဲ့အတူ တွဲလွဲခိုနေတဲ့ မျက်ဝန်းကမျက်ရည်စ အေးခဲနေမလား … ပူနွေးနေမလား … ဝိညာဉ်ခေါ်သံ စူးဝါးဝါးခွေးဟောင်သံတစ်ချက် ညာဉ့်ငှက်တို့ထပျံ အဖန်တစ်ရာကြေကွဲမှုနဲ့ ဂရုမပြုနိုင်အား … မြောက်လေတစ်ချက်အဝေ့မှာ ငွေ့ငွေ့ကလေးနွေးထွေးမှု ပျောက်ရှသွားခဲ့ … ဝိညာဉ်တစ်ခု မျောလွင့်သွားခဲ့ပြီ …. ။ ။