`တောက်…ပါဝါချိန်သွားတယ်။ နေဦး…ညနေကျ တွေ့မယ်´ အချိန်က နေ့လည် ဆယ့်နှစ် နာရီကျော်လေး။ အပေါ်က အသံက ကျွန်တော့် ဘေးက လူတစ်ယောက်ရဲ့ အားမလို အားမရ အသံပါ။ ပြီးတော့ သူ့ရဲ့ မှတ်စု စာအုပ်ကို ထုတ်ပြီး ဟိုရေးလိုက်၊ ဒီရေးလိုက် လုပ်နေပါတယ်။ ပြီးတော့ ဟိုဂဏန်း ရေးလိုက်၊ ဒီဂဏန်းရေးလိုက် လုပ်နေပါသေးတယ်။ ပြီးတော့လည်း ဟိုစာရွက် လှန်လိုက်၊ ဒီစာရွက် လှန်လိုက် လုပ်ပါတယ်။ နောက်တော့မှ `ဟိုကောင်..ထွန်းမောင် ချထားတဲ့ ဂွင်က မဆိုးဘူး။ ညနေကျမှ ပြန်ပြီး တွက်ကြည့်ဦးမယ်´ ဆိုတဲ့ စကားကို မျှော်လင့်ချက် အပြည့်နဲ့ ပြောရင်း ကျွန်တော့်အနားကနေ ထွက်သွားပါတယ်။ အဲဒီတော့မှ ကျွန်တော်လည်း သက်ပြင်းကို ခပ်လေးလေး ချလိုက်မိပါတယ်။ ခင်ဗျားတို့လည်း […]