ကံတရားကို ခြေရာခံနေကြသူများ
`တောက်…ပါဝါချိန်သွားတယ်။ နေဦး…ညနေကျ တွေ့မယ်´
အချိန်က နေ့လည် ဆယ့်နှစ် နာရီကျော်လေး။ အပေါ်က အသံက ကျွန်တော့် ဘေးက လူတစ်ယောက်ရဲ့ အားမလို အားမရ အသံပါ။ ပြီးတော့ သူ့ရဲ့ မှတ်စု စာအုပ်ကို ထုတ်ပြီး ဟိုရေးလိုက်၊ ဒီရေးလိုက် လုပ်နေပါတယ်။ ပြီးတော့ ဟိုဂဏန်း ရေးလိုက်၊ ဒီဂဏန်းရေးလိုက် လုပ်နေပါသေးတယ်။ ပြီးတော့လည်း ဟိုစာရွက် လှန်လိုက်၊ ဒီစာရွက် လှန်လိုက် လုပ်ပါတယ်။ နောက်တော့မှ
`ဟိုကောင်..ထွန်းမောင် ချထားတဲ့ ဂွင်က မဆိုးဘူး။ ညနေကျမှ ပြန်ပြီး တွက်ကြည့်ဦးမယ်´
ဆိုတဲ့ စကားကို မျှော်လင့်ချက် အပြည့်နဲ့ ပြောရင်း ကျွန်တော့်အနားကနေ ထွက်သွားပါတယ်။ အဲဒီတော့မှ ကျွန်တော်လည်း သက်ပြင်းကို ခပ်လေးလေး ချလိုက်မိပါတယ်။
ခင်ဗျားတို့လည်း ဒီလိုမျိုး အသံများကို မကြာခဏဆိုသလို ကြားမိမယ်လို့ ထင်ပါတယ်။ အဲဒီအသံများက နေ့လည် ဆယ့်နှစ် နာရီကျော်ကျော် ဒါမှမဟုတ် ညနေ လေးနာရီကျော်ကျော်လောက်မှာပေါ့။ ပြောရမယ်ဆိုရင် အဲဒီအသံများက နှစ်လုံး ဂဏန်း ထွက်တဲ့ အချိန်ပြီးမှာပေါ့။ တစ်မျိုးပြောရရင် နှစ်လုံးထီပေါ့။
ကျွန်တော်တို့နိုင်ငံက ယခုမှ စပြီး အနည်းငယ် ထွန်းကားစပြုနေတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ ဒီကြားထဲ နိုင်ငံထဲမှာ ဘွဲ့ရပြီး အလုပ်မရသေးတဲ့ တက်သစ်စ လူငယ်များကလည်း တပြုံ့တထွေးကြီးပါပဲ။ သူတို့ရဲ့ အချိန်တွေက လုပ်စရာမရှိ၊ အနာဂတ် မရှိတဲ့ ဘဝကို အလျားလိုက် သွားနေတဲ့ လူငယ်တွေက မထင်လောက်အောင် များနေတုန်းပါပဲ။ သူတို့ရဲ့ အားလပ်ချိန်တွေမှာ လုပ်စရာမရှိလို့ လုပ်နေတဲ့ အလုပ်တွေက တခါတလေ ကောင်းတတ်ပေမယ့် တခါတလေကျတော့လည်း မကောင်းတဲ့ဘက်ကို ခြေလှမ်းတတ်ကြနေပါတယ်။ ပြီးတော့ မကောင်းမူဆိုတာကလည်း ပိုပြီး ချိုမြိန်တယ် မဟုတ်လား။
လူနေမူ အဆင့်အတန်း နိမ့်ပါးနေတဲ့ တိုင်းသူ ပြည်သူများကလည်း အလွယ်ရတယ် ဆိုတဲ့ အထင်နဲ့ ဒီလမ်းပေါ်ကို လျှောက်လှမ်းနေကြပါတယ်။ တစ်ရက်မှာ နှစ်ကြိမ်ထွက်တဲ့ ဒီလမ်းကို တစ်ရက်စာ ဖူလုံဖို့ အရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်း အလုံးစုံ မောင်းနှင်းပြီး ခရီးဆက်နေကြပါတယ်။
ဒါကြောင့် ဒီအကြောင်းကို နည်းနည်းလေး ဆွေးနွေးကြည့်ရအောင်။ ဒီနှစ်လုံးထီဆိုတာက ထိုင်းနိုင်ငံရဲ့ Satellite Channel တစ်ခုကနေ လွှင့်တဲ့ ထီအစီအစဉ် တစ်မျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီဂဏန်း နှစ်လုံးကို ထုတ်ဖော်ဖို့ Program တစ်ခုကို Random မျိုး Run သလို၊ ဂေါ်လီလုံးနှိုက်ပြီး ရွေးသလို ရွေးတာ ဖြစ်ပါတယ်။ သူရဲ့ ဖြစ်စဉ်က တသက်မတ်တည်း မဖြစ်ပါဘူး။ အစီအစဉ် တကျလည်း မဟုတ်ပါဘူး။ ဒါပေမယ့်…
ဒီဂဏန်း နှစ်လုံးကို ထွက်လာဖို့အတွက် တသက်မတ်တည်း ဒါမှမဟုတ် အစီအစဉ် တကျ ဖြစ်အောင် ဆိုပြီး လိုက်ပြီး တွက်ချက်နေတဲ့ ကံတရားကို ခြေရာခံသူများက ကျွန်တော်တို့ နိုင်ငံမှာ အတော်လေး များနေလေပြီ။ လူတန်စား မရွေး၊ ပညာအရည် အချင်း မရွေး၊ မျိုးစုံ ဖြစ်နေပါပြီ။ ကျောင်းသားရော၊ ဝန်ထမ်းရော၊ အရာရှိရော၊ ပြည်သူများရော၊ စသဖြင့် များနေလေပြီ။
ဒီလမ်းကြောင်းကို လျှောက်ဖို့အတွက် ပေးလိုက်ရတဲ့ အချိန်တွေကလည်း မနည်းလှပါဘူး။ ဂဏန်း နှစ်လုံး ရဖို့အတွက် စဉ်းစားရမယ် အချိန်ရယ်၊ သူများကို လိုက်ပြီး မေးနေရတဲ့ အချိန်ရယ်၊ ကိုယ် ထိုးလိုက်တဲ့ ဂဏန်းရဲ့ ရလာဒ်ကို တိုင်းတာကြည့်ရတဲ့ စောင့်ဆိုင်းနေတဲ့ အချိန်တွေရယ်။ အဲဒီလို အချိန်တွေက ပြည်သူ အတော်တော်များရဲ့ အချိန်တွေကို တဖြည်းဖြည်းနဲ့ ဝါးမျိုနေပါတယ်။ ပြည်သူများရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးမရှိအောင်၊ တန်ဖိုးမဲ့အောင် စသဖြင့် ရည်ရွယ်ချက် မပါဘဲနဲ့ အလိုလျောက် တိုက်စားနေတာပါ။
ရပ်ကွက်တွေမှာ နေ့ပြန်တိုး ဆိုတဲ့ အတိုးတွေက ခတ်စားလာပါ။ ချိုင့်၊ ပုဆိုး၊ ထမီ၊ အင်္ကျ ီစတဲ့ အရာများကို နေ့ပြန်တိုး နဲ့ ပေါင်းနှံပြီး ကံတရားကို စမ်းနေကြတဲ့ လူများက နေရာအတော်တော်များများမှာ တွေ့နေရပါတယ်။ ပြီးတော့ ဒီနှစ်လုံးထီဆိုတာက နိုင်ငံရဲ့ မြို့တွေသာမက တဖြည်းဖြည်းနဲ့ ကျေးလက် တောရွာတွေအထိ စိမ့်ဝင်နေပါတယ်။ အဲဒီလိုနဲ့ လူတွေရဲ့ အလွယ်ရလိုမူကလည်း လူမသိ သူမသိနဲ့ လူတွေရဲ့ ရင်ထဲမှာ ကြီးထွားလာပါတယ်။ လူတွေရဲ့ လုပ်ချင်စိတ်ကလည်း ပပျောက်လာပါပြီ။ သူ့အစား ပျင်းရိမူတွေ၊ ထိုင်းမှိုင်မူတွေသာ အစားထိုး ဝင်ရောက်လာပါတယ်။
ဒီလို ကံတရားနဲ့ ပေါ်ထွက်နေတဲ့ နှစ်လုံးထီကို ဘယ်လိုမျိုးနည်းနဲ့ တွက်ချက်ကြမှာလဲ။ ဘယ်လို ဂွင်မျိုးနဲ့ ထုတ်ဖော်ကြမှာလဲ။ ဒါက ကံတရားကို ခြေရာမကျန်ခဲ့ဘဲနဲ့ ခြေရာခံနေကြတာပါ။ သွားခဲ့တဲ့ လူမရှိဘဲနဲ့ အဲဒီလူရဲ့ ခြေရာခံကို ဘယ်လို အနံ့ခံပြီး လိုက်ကြမလဲ။ ဘယ်လို ဖော်မျူလာမျိုးနဲ့ တွက်ချက်ကြမလဲ။ အဲဒီလို တွက်ချက်မူကရော ခြွင်းချက်မရှိဘဲ အတိုင်းအတာ ဘယ်လောက်ထိ မှန်ကန်နို်င်မှာလဲ။
ဒီလမ်းကို လျှောက်နေတာက ကိုယ်က ဘယ်ခရီးထိ ရောက်နေပြီလဲလို့ စဉ်းစားမိကြပါရဲ့လား။ ကိုယ် သွားတဲ့ ခရီးစရိတ်နဲ့ ကိုယ်ရောက်နေတဲ့ ခရီး အကွာအဝေးကို တွက် ချက်မိကြပါရဲ့လား။ ဘယ်လောက်ထိများ အမြတ်အစွန်း ရနေပြီလဲ။
ဒါနဲ့ မသိလို့ မေးပါရစေ။ ကံတရားကို ခြေရာခံလို့ ရနိုင်ရဲ့လား။
( ဟုတ်တယ် ဆိုရင် သင်က ကံတရားကို ခြေရာခံနေသူလား )
5 comments
unclegyi1974
March 9, 2011 at 4:56 pm
လင်းငယ်ရေ ရေးပြသွားတဲ့စေတနာမြင်ပါတယ်ကွယ်
၂လုံးထီ အကြောင်းတော့သိပ်မလေ့လာဖြစ်ဖူးနဲ့တူ
တယ်
၂လုံးထီအစကမြန်မာကပါကွယ် မြန်မာထီကဟိုး
တုန်းကတခါဖွင့်ရင် ရ ရက်ဖွင့်တာပါကွယ် အဲဒီ
ထီနောက် ၂လုံးကိုယူပြီးကစားကြတာပါ
နောက်အစိုးရက ၂လုံးထီကစားတာကိုပပျောက်စေ
ချင်လို့ထီကို ၁ ရက်တည်းဖွင့်လိုက်တာ ၂ လုံးထီ
ရပ်သွားရော
သို့သော် ခဏပါကွယ်လူကြံ ထရံတုတ်ချေးခနောင်
ဖြစ်ရသေးတာဆိုတော့
ယိုးဒယားကဖွင့်တဲ့စတော့ရှယ်ယာနောက်ဆုံးပိတ်
သွားတဲ့ဂဏန်း ၂လုံးကိုယူပြီးကစားနေကြတာ
ပါကွယ် ဂဏန်းမဲနှိုက်တာမဟုတ်ပါဖူးကွယ်
လင်းငယ်
March 9, 2011 at 5:11 pm
ခုလို ရှင်းပြသွားတဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်..ဦးကြီးရယ်။ ကျွန်တော်က ကျွန်တော့် ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို မြင်နေရလို့ စိတ်မထိန်းနိုင်လို့ ရေးမိတာပါ။
kai
March 10, 2011 at 12:26 am
အနည်းဆုံးတော့.. ကိုရင်လင်းငယ် ၂လုံးထီ မကစားမှန်း သိသာတာပေါ့ကွယ်..။
ရွာသူ လုံမတို့ရေ..
ဒီလိုလူငယ်မျိုးက ရှားတယ်ကွဲ့…။
(ခေတ်မှီမှီ ဂိမ်းများကစားနေသလားတော့ မသိ)
etone
March 10, 2011 at 4:14 am
2လုံးတွေ 3လုံးတွေ သူများတွေတော့ အသဲစွဲပေမယ့် ကိုယ်တွေကတော့ လောင်းကစားနဲ့ အကျိုးမပေးဘူး ။ တက္ကသိုလ် တက်တာ နယ်မှာ ၃လရောက်သွားဖူးတယ် … ညဘက်ပျင်းလို့ ဖဲစုရိုက်ကြတာ အမြဲ ရှုံးတယ်။ အ ိမ်က ထည့်ပေးတဲ့ ပိုက်ပိုက် အမြဲ မလောက်ဖြစ်ခဲ့ဖူးတယ် ။
white
March 10, 2011 at 5:55 am
အင်း ဒီဝါသနာမျိုးနဲ့ ဆို ရွာသူရွာသားတွေ စုပြီး ပျော်ပွဲစားတော့ထွက်လို့ရပြီ …..