How to password protect your Google Chrome browser

တကယ်လို့ သင်က ကိုယ် သုံးနေတဲ့ Google Chrome Browser ကို တခြားသူများ မသုံးစေချင်ဘူးဆိုရင်တော့ တခြားသူများ မသုံးနိုင်အောင် စကားဝှက်နဲ့ ကာကွယ်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးက Chrome Browser အတွက်သာ သုံးလို့ရပါတယ်။ တခြား Firefox, Opera, Flock တို့အတွက် မဟုတ်ပါဘူး။ ကိုယ် တစ်ယောက်တည်းသာ Google Chrome ကို သီးသန့်သုံးချင်တဲ့ အခါ၊ တခြားသူများကို မသုံးစေချင်တဲ့ အခါဆိုရင် ဒီနည်းလမ်းလေးက အသုံးတည့်လှပါတယ်။

ဒီနည်းလမ်းလေးအတွက် လိုအပ်တာက Chrome ရဲ့ Addon တစ်ခုဖြစ်တဲ့ Simple Startup Password လေးပါပဲ။ ဒါကိုတော့ Chrome ရဲ့ Addons Library ဖြစ်တဲ့ http://chrome.google.com/extensions/detail/ojoalkffommhmdmbohjphohoejjmgepc ဆိုတဲ့ လင့်ခ်ကနေ addon ကို ဒေါင်းလုပ် လုပ်လိုက်ပါ။ ပြီးတော့ အဲဒီ addon ကို Installation လုပ်လိုက်ပါ။ Installation လုပ်ပြီးသွားတယ် ဆိုရင် Chrome Browser ထဲက Settings ->Tools ->Extensions အတိုင်း သွားလိုက်ပါ။  ဒါဆိုရင် Extension တွေထဲက တစ်ခုဖြစ်တဲ့ Simple Startup Password ကို တွေ့ပါလိမ့်မယ်။ ပြီးရင် Options ကို ကလစ်နှိပ်ပြီး password ကို သတ်မှတ်ပေးလိုက်ပါ။ ပြီးရင်တော့ Ok လိုက်ပေါ့။

ဒါဆိုရင်တော့ နောင် ဘယ်အချိန်ချိန် Chrome Browser ကို သုံးသုံး password တောင်းတဲ့ Box လေးတစ်ခု အရင် ကျလာပါလိမ့်မယ်။ အဲဒီအခါ Password ကို ထည့်ပေးလိုက်ရပါမယ်။ တကယ်လို့ ကိုယ်ထည့်ပေးလိုက်တဲ့ Password က မှားနေတယ်ဆိုရင်တော့ Chrome ကို Bye Bye ဆိုပြီးတော့ သက်သာပြ ပိတ်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ် ထည့်လိုက်တဲ့ Password ကို မှတ်မိအောင်တော့ လုပ်ဖို့ လိုတယ်နော်…။

တကယ်လို့ Password ကို မသိဘူးဆိုရင်တော့ ဒါမှမဟုတ် မေ့နေတယ်ဆိုရင်တော့ Google Chrome Browser ကို ပြန်ပြီး Reinstallation လုပ်မှ ဖြစ်မှာပါ။ အဖတ်ဆယ်တာတွေ ဘာတွေတော့ လုပ်လို့မရဘူးနော်။

ဒါပေမယ့် နည်းပညာဆိုတာက အမြဲတမ်း တိုးတက်နေတာ ဆိုတော့ နည်းလမ်းဆိုတာက အမြဲတမ်းလိုလိုတော့ ရှိတတ်စမြဲပါပဲ။ တစ်ခါတစ်လေ Hacking လုပ်မှ ရတာတွေလဲ ရှိပါတယ်။ Cracking လုပ်မှလဲ ရတာတွေ ရှိပါတယ်။ ဒါကြောင့် Password ပေးထားတဲ့ Chrome Browser ကို ဘယ်လို Crack လုပ်ရမယ် ဆိုတာကိုတော့ နောက် ပို့စ်တစ်ခုမှပဲ ဖော်ပြပေးလိုက်ပါမယ်။ ခုတော့ အပေါ်က နည်းလမ်းလေးကို အရင် ခံစားကြည့်လိုက်ပါဦးနော်…။