who whoDecember 27, 20111min3575
မကြာမှီ ရောက်လာတော့မည့် နှစ်သစ်ဆီသို့ ဦးတည်လျှက် နှစ်သစ်မင်္ဂလာ ယူကြဖို့ ရည်ရွယ်မိရာက ဒီစာလေး ရေးဖို့ ဖြစ်လာခဲ့ရပါတယ်။ အင်း…အရင်ဆုံး နှစ်သစ်ရဲ့အဓိပ္ပါယ်လေးကို ဖော်ကြည့်နေမိပါတယ်။ ယောဆရာတော်ကြီး ဟောကြားထားတာလေးကို သဘောကျလွန်းလို့ သေချာကို မှတ်ထားတာလေးပါ။ “နှစ်”ဆိုတာသည် ဘဝ ခန္ဓာရဲ့ အနှစ်ကို ပြောတာပါ။ ဘာတွေပါလိမ့်ဆိုတော့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာစတဲ့ ကောင်းမှုတွေဟာ ဘဝရဲ့ အနှစ်တွေပဲတဲ့နော်။ အဲဒီအနှစ်တွေကို နေ့စဉ်နှင့်အမျှ အသစ်အသစ်တွေ တိုးသည်ထက်တိုးဖို့ ကြိုးစားရမယ် လို့ ဆိုလိုပါတယ်။ အနှစ်တွေ အသစ်တိုးလာရင် ဘာတွေဖြစ်လာမလဲ။ မင်္ဂလာတွေလည်း တိုးလာမှာပေါ့နော်။ ဒါကြောင့်ပဲ “နှစ်သစ်မင်္ဂလာ ” လို့ အမည်လေးတပ်လို့ ကိုယ့်မှာရှိတဲ့ ကုသိုလ်အနှစ်တွေကို အသစ်အသစ်တွေ တိုးလို့ မင်္ဂလာတွေနဲ့ အလှဆင်ကြပါစို့လား………။ နှုတ်ဆက်မင်္ဂလာ […]