ဒီနေ့ ရုံးတက်ပြီးရင်သင်္ကြန်နဲ့ နှစ်သစ်ကူးအတွက် ရုံးရက်ရှည်ပိတ်ပါပြီ…. ဒီနေ့တောင်မှ…စက်ရုံမှာအလုပ်မလုပ်တော့ပါဘူး..မနက်ပိုင်းစက်ရုံသန့်ရှင်းရေးလုပ်ကြပြီး ၉နာရီထိုးတာနဲ့ ဋ္ဌာနအလိုက်ကျွေးကြတဲ့ စတုဒီသာအစီအစဉ်စတင်ပါတော့တယ်…. ရွာသူရွာသားများလည်းစားရအောင် မျှဝေရင်းမြန်မာ့နှစ်သစ်ကူးအကြို အနေနဲ့ သူကြီးနဲ့တကွ ရွာသူရွာသားအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်… ဒါလေးတွေစားသောက်ပြီး..မပြီးသေးပါဘူး…ကျန်သေးတယ်… နေ့ခင်း၁၂နာရီထိုးရင်တော့ စက်ရုံက ရုံးအဖွဲ့တွေ စုပေါင်းလှူတဲ့ ဗလာမပါကံစမ်းမဲဖေါက်ရင်း…. ဘိတ်မောင်တိတ် ကတ်ကြေးကိုက်ကျွေးအုံးမှာပါ…ရွာသူားတွေအားလုံးကို သတိရပါတယ်.. ကျွေးလည်းကျွေးချင်ပါတယ်…အခုတော့ပုံထဲကသာနှိုက်စားကြပေတော့ဗျို့..   ဘာရယ်မဟုတ်ပါဘူး..ဒီနေ့တော့ ရုံးအလုပ်လည်းထွေထွေထူးထူးမရှိတာနဲ့ အမှတ်တရ ပုံလေးတွေမျှဝေတာပါ….. ကြုံတုန်းကြော်ငြာလေးဝင်လိုက်အုံးမယ်….အာဟိ.. :kwi: “ဂျန်ဘိုကိုသာသုံးစွဲပါ ခြင်အန္တရာယ်ကင်းဝေးမှာ” တော်ပြီဗျာ…အောက်မှာ ကတ်ကြေးကိုက်ကျွေးနေပြီပြောတယ်…သွားစားလိုက်အုံးမယ်.. :hee: အားလုံးကိုခင်မင်လေးစားစွာဖြင့်… လမ်းဆက်လျှောက်နေတဲ့… ကြီးမိုက်။ ၁၁-၄-၂၀၁၃