နည်ရဲဇော်October 7, 20111min2788
လူသားနှစ်ဦး။ ရောဂါကသည်းတာချင်းလည်းအတူတူ။ ဆေးရုံအခန်းတစ်ခုအတွင်းလာဆုံမိကြသည်။ တစ်ယောက်ကတော့ သူ့အဆုပ်ထဲက အရည်တွေ စီးဆင်းစေရန် နေ့ခင်းဘက်ဆို တစ်နာရီလောက် ခုတင်ပေါ်ထထိုင်ခွင့်ရှိသည်။ သူ့ကုတင်က ထိုအခန်းအတွင်းရှိတစ်ခုတည်းသော ပြတင်းပေါက်ဘေး နားတွင်ရှိသည်။ တစ်ခြားတစ်ယောက်ကတော့ တစ်ချိန်လုံး ကုတင်ပေါ်မှာကျောခင်းနေရရှာသည်။ သူတို့နှစ်ယောက်သား ရောက်တတ်ရာရာ စကားပြောရင်းဖြင့်သာပျင်းရိညည်းငွေ့ဖွယ်အချိန်တွေ ကို ဖြတ်သန်းကြရသည်။ အိမ်ကမိန်းမနဲ့ကလေးတွေအကြောင်း၊ အိမ်အကြောင်း၊ အလုပ်အကြောင်း၊ သူတို့စစ်ထဲဝင်တုန်းကအကြောင်း၊ အားလပ်ချိန်ပျော်ပွဲစားထွက်တုန်းကအကြောင်း စုံအောင်ပြောကြသည်။ နေ့ခင်းဘက် ခုတင်ပေါ်လှဲနေရာကနေ ထထိုင်ခွင့်ရတဲ့အချိန်ဆို သူက ပြတင်းပေါက်ကတဆင့် အပြင်ဘက်က မြင်ရသမျှကို သူ့အခန်းဖော်အား ပြောပြလေ့ရှိသည်။ တဖက်ကုတင်က ပုဂ္ဂိုလ်အတွက်တော့ ဒီတစ်နာရီလေးအတွင်း  သူ့ကမ္ဘာလေးသည် အသွေးအရောင်စုံလှုပ်ရှားသက်ဝင်နေ သည့် ဆေးရုံခန်းရဲ့အပြင်သို့ဖြန့်ကျက်ကွန့်မြူးနိုင်ပေသည်။ ပြတင်းပေါက်မှ လှပသည့်ရေကန်လေး ရှိသည့် ပန်းခြံကိုလှမ်းမြင်ရနိုင်သည်။ ကလေးငယ်များ လှေကလေးတွေစီးကြ၊ ငွေငန်းဖြူနှင့် ဘဲများမြူးထူး ရေကူးကြ။ ငယ်ရွယ်သူစုံတွဲလေးများလက်ခြင်းချိတ်လျက် ရောင်စုံယှက်သွေးဖြာနေသည့် […]