manawphyulayFebruary 12, 20111min25314
ခြင် ဆင်ခြင်ဉာဏ်ကင်း ညံ့ဖျင်းတဲ့လုံ့လနဲ့ ဝမ်းဝရုံရှာစား ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တဝါ ပုရွက်ဆိတ် ထူးခြားသွက်လက် ထက်မြက်တဲ့ဆင်ခြင်ဉာဏ် ရင့်သန်တဲ့လုံ့လနဲ့ မနိုင်ဝန်အားမာန်နဲ့ထမ်း ဘဝအတွက် စုဆောင်း နောင်ရေးအတွက် မျှော်ကြည့် အနာဂတ်ကို သိတဲ့သတ္တဝါ လူ ဘဝထဲကလူ အူကြောင်ကြားနဲ့ လမ်းသွား သွေးပျက်နေတဲ့ အယူအဆများနဲ့ ကမ္ဘာလောကကြီးထဲ လျှောက်သွား အတ္တတရားကို ရှေ့တန်းတင် ခြင်သတ္တဝါကို အားကျ တစ်ဘဝစာနဲ့ ကျေနပ်မှာလား…. ဒါမှမဟုတ် ပုရွက်ဆိတ်ကို နည်းယူ ကြည်ဖြူတဲ့စိတ်ထား မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့ ကုသိုလ်တံတားတွေ တည်ဆောက် သံသရာလမ်းကို လျှောက်မှာလား… အဲဒါကို သင် စဉ်းစား…..