snow whiteJuly 24, 20121min29919
♥♥ရင်နာဖွယ်♥♥ သူရဲ့အတိတ် ဇာတ်လမ်းကို ကြိုဖက်ထားဖူး ပါလျှက်နဲ့ သူအလှပေါ် ရစ်မှုး ဒို့မိုက်မဲစွာ အချစ်ဦး ဖြစ်လိုက်ပါတယ် သံသယ အချစ်တွေနဲ့ပါ…. ထင်တဲ့အတိုင်းပါပဲ အပြစ်မရှိ အပြစ်ရှာပြီ အပြစ်မရှိတဲ့ ဒို့ကို သူအပြစ်ဒဏ်ချမှတ်လိုက်တယ်… “ဒီတသက်လွမ်းစေ” တဲ့ ဒို့မအံ့ဩမိပါဘူး…. ဇာတ်လမ်းကို ကြိုသိနေတယ်လေ… သစွာမဲ့တဲ့ မိန်းမတွေအတွက် နှလုံးသားကွဲအက်နေမယ် ထင်သလား? မေတ္တာမဲ့တဲ့ မိန်းမတွေအတွက် လွမ်းရက်ရှည်ကြာ နေမယ်ထင်လား? မာယာများတဲ့ မိန်းမတွေအတွက် ငိုကြွေးရက်ဆက် ဖြစ်နေမယ်ထင်နေလား? ဒို့က ခပ်ညံ့ညံ့ ယောင်္ကျားမှ မဟုတ်တာ သာယာနားတတ်တဲ့ မိန်းမတွေ အတွက် ခြောက်ကပ်ကပ် ရယ်မောလိုက်မိပြီ အဲဒါ…….မင်းအတွက် ငါရဲ့ ငိုကြွေးခြင်းပါပဲ…..