Shwe EiJune 10, 20141min28918
ဒီတစ်လကတော့ ဒါဇင်ပလပ်စ်ရဲ့ ၂နှစ်ပြည့်ဖို့ တလအလိုမှာ လှူဖြစ်ခဲ့တဲ့ ၂၃ကြိမ်မြောက် အလှူပါ။ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက သံချောင်းတွေထောင်ထွက်နေတဲ့ ကွန်ကရစ်လမ်းတွေကိုကျော်ပြီးမှ အောင်မြေဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုရောက်တာပါ။ ကျောင်းသားဦးရေ ၄၀ဝ ကျော်နေပြီဖြစ်တဲ့ ဘကကျောင်းလေးကို ၂၀၀၉.၂၀၁ဝ စာသင်နှစ်မှာ ဆယ်တန်းကျောင်းသား ၅၆ ယောက်နဲ့စတင်ခဲ့တာဖြစ်ပါတယ်။ မအောင်မရှိငါ့တပည့် စနစ်နဲ့ ကိုးတန်းအောင်လာတဲ့ ၅၆ယောက်သော ဆယ်တန်းကျောင်းသားတွေကို တော်ပါပေ့ဆိုတဲ့ ဆရာတွေကိုငှားပြီး စာကောင်းကောင်းသင်ပေးပါသော်လဲ ၆ယောက်သာဆယ်တန်းအောင်ခဲ့ပါတယ်တဲ့။ ဒါကြောင့် ဆရာတော်က အခြေခံမရှိတဲ့ခလေးတွေကို ပံ့ပိုးရမှာနဲ့စာရင် သူငယ်တန်းကစ ပျိုးထောင်တာ ပိုကောင်းလိမ့်မယ်လို့ စိတ်ကူးမိပြီး ဘကကျောင်းတည်ထောင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ သူငယ်တန်းဆိုလို့ ငါးနှစ်အရွယ်ခလေးတွေကိုဘဲ ပြေးမမြင်လိုက်ကျပါနဲ့။ ၁၄နှစ်သမီးကျမှ သူငယ်တန်းစတက်ရတဲ့ ကျောင်းသူတွေလဲရှိလို့ ထိန်းကျောင်းရတာမလွယ်လှပါဘူး။ ဒါကြောင့် ကျောင်းချိန်ကိုတောင် မနက် ရနာရီက ညနေ ၅နာရီ သတ်မှတ်ထားပီး နေ့ခင်း၁၂နာရီတကြိမ်ဘဲ ထမင်းစားလွှတ်ပါတယ်။ မုန့်စားဆင်းချိန်ဆိုရင် […]