အူဝဲဆိုတဲ့ ငိုလိုက်တဲ့အသံနဲ့ ထွန်းညှိခဲ့တဲ့ဖယောင်းတိုင်ဟာ နေပူတာ.. မိုးရွာတာ.. လေတိုက်တာ.. ဆီးနှင်းကျတာတွေဖြတ်သန်းပြီး နေ့မနားညမနားနဲ့ ကိုယ့်ကိုကိုယ်လောင်မြိုက်နေခဲ့တာဟာ နှစ်ပေါင်းလေးဆယ်ကျော်လာခဲ့ပေါ့….။ ဒီလိုနဲ့ ကမ္ဘာပြေပေါ်မှာ ခုချိန်ဆိုရင် ဖယောင်းတိုင်ပေါင်း ခြောက်ဘီလီလျံကျော်ဟာ ကိုယ့်ကိုကိုယ်လောင်မြိုက်နေကြပြီးအလင်းရောင်ပေးနေခဲ့တာ…။ နှစ်ပေါင်းလေးဆယ်ဖယောင်းတိုင်ဟာ ဆန်တစိပြီနှစ်ကျပ်နဲ့လဲဝယ်စားဖူး လ္ဘက်ရည်တစ်ခွက်တစ်ကျပ်နဲ့လည်းသောက်ခဲ့ဖူး တစ်ပက်ပြားခြောက်ဆယ်တန် ဘီအီးဒီစီနဲ့လည်းမူးရစ်ဖူးပါရဲ့…။ ဘယ်လောက်ပဲကြာတယ်ပြောပြော မနေ့တစ်နေ့ကလိုပါပဲ မတမ်းတမိပေမဲ့ သတိရတိုင်းလွမ်းစရာတွေဖြစ်လို့…. အဲဒိလို ဖယောင်းတိုင်ခြောက်ဘီလီလျံထဲက တစ်တိုင်းပြီးတစ်တိုင်ထွန်းထွန်းညှိလိုက်ကြ တစ်တိုင်ပြီးတစ်တိုင်ငြိမ်းငြိမ်းသွားလိုက်ကြနဲ့ ကမ္ဘာမြေကြီးကတော့အလင်းရောင်တိုးလျော့မရှိ ဆက်လက်ချီတက်နေမြဲပဲလေ……..။ အရေအတွက်များလာတာဝန်မတိုသလို လျော့ကျသွားမှာကိုလည်းမစိုးရိမ်ရှာပါဘူး ဖယာင်းတိုင်မျာခမျာမှာသာ ကိုယ့်မီးတောက်လေးငြိမ်းမှာစိုးပြီး လောင်စာတွေထပ်ထပ်ဖြည့်နေရတာ…။ ဖယောင်းတိုင်တစ်တိုင်ငြိမ်းသွားလို့ ကမ္ဘာပျက်မသွားသလို တစ်တိုင်တိုးလာလို့လဲ ဘာမှထူးမဖြစ်ပါဘူးလေ…………။ နေဝန်းနီ