researcherMarch 30, 20111min31921
နိဗ္ဗာန်ကို ရှေးရှုခြင်း မပြုပဲ ပရဟိတအကျိုးဆောင်ရွက်နေတဲ့ ရဟန်းသံဃာတော်များနဲ့ပတ်သက်ပြီး ပြောရရင် လူမှုရေးရှုထောင့်ကကြည့်ရင် သာဓု (၃) ကြိမ်မက အကြိမ်ကြိမ် ခေါ်ဖို့ကောင်းပါတယ်ဘုရာ့။ သို့သော်လည်း ဗုဒ္ဓဘာသာဝင်တွေ ရဟန်းသံဃာတော်တွေကို ကိုးကွယ်တယ်ဆိုတာ လူမှုရေးအရလေးစားလို့မဟုတ်ပါ ဘူး။ ဘာသာရေးအရ ကိုယ်မကျင့်ကြံနိုင်တဲ့၊ ကောင်းမွန်တဲ့ အကျင့်တွေ ကျင့်ကြံနေတဲ့၊ ကိလေသာတရားတွေ အထိုက်အလျောက် ကင်းစင်နေတဲ့ ပုဂ္ဂိုလ်တွေဆိုပြီး ကိုးကွယ် တာပါ။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူ ပြည်သားတွေ လေးစားကြပါတယ်။ သိမှီလိုက်သူကော မသိမှီလိုက်သူကော လေးစားကြပါတယ်။ ဘယ်လောက်ပဲ တသသနဲ့ လေးစားလေးစား၊ ဦးမချဘူး ၊ ရှိမခိုးပါဘူးဘုရာ့။ အဲဒီလိုပဲ ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့သူတွေ ၊ လူသားကောင်းကျိုးတွေ ဆောင်ရွက်လို့ နိုဘယ်(လ်) ငြိမ်းချမ်းရေးဆု ရရှိတဲ့ သူတွေ ရှိပါတယ်ဘုရာ့၊ ဘယ်လောက်ပဲ […]