ဘလက်တို့ နေထိုင်ပျော်မွေ့လျှက်ရှိသော ဂဇက်ကုန်းသည်ကား ဟန်းဖုန်းလေးတစ်လုံးမှ မကိုင်နိုင်လျှင် လူရာမဝင်သော ကာလကိုရောက်ရှိနေသော အခါသမယပါတည်း။ ဆိုက်ကားနင်းရင်း ဖုန်းပြောနေသော သူလည်းမရှား၊ ငါးရောင်းရင်း ဖုန်းပြောနေသူလည်း မရှား၊ ယုတ်စွအဆုံး ပဲပြုတ်သည် အချို့ ပင် ဖုန်းကိုင်နိုင်သော ဒီမိုကရေစီ အစိုးရ ခေတ်ပင်ဖြစ်ပါ၏။ ခေတ်နှင့် အညီ ဘလက်၏ တူနှစ်ယောက်နှင့် တူမ တစ်ယောက်သည်လည်း ငါးသိန်းတန်ဟန်းဖုန်းကို စတိုင်ကျကျ ကိုင်လျက်သာရှိနေကြပါ၏။ ၎င်းတို့မှာ ဝင်ငွေ အတန်အသင့် ကောင်းသော ကုမ္ပဏီ ဝန်ထမ်းများဖြစ်ကြပါ၏။ တစ်နေ့သားမှာဖြင့် ဘလက်၏ ခေတ်ဟောင်းဖုန်းကြီးဆီသို့ ဖုန်းလာသည့်အသံကို ကြားရပါ၏။ ထုံးစံအတိုင်း ချက်ခြင်း ဖုန်းကိုင်လေ့မရှိသော ဘလက်မှာ ဘယ်သူဆက်တာလဲဆိုသည့် သဘောနှင့် ဖုန်းကို ကြည့်လိုက်မိရာ တူမတော်ဒေါ်လာစား ၏ ဖုန်းဖြစ်နေပါသည်။ သို့ပေသော်လည်း […]