fattyApril 24, 20112min1282
စကာင်္ပူက စင်တိုစာ ကျွန်းကလေးဟာ တကယ်တော့ amusement park ပုံစံလုပ်ထားတာပါဘဲ။ အဲဒီကျွန်းပေါ်က universal Studio ကို ဝင်ခ S$ 65 ပေးရပါတယ် တဦးကိုပေါ့။ ကျနော်တို့နောက်ကျသွားလို့မဝင်ခဲ့ရပါဘူး။ အထဲမှာတော့အမေရိကန်က ရုပ်ရှင်ရိုက်ပုံတွေကို သရုပ်ပြလုပ်ပြတယ်တဲ့ …။ ဥပမာ ဟယ်ရီပေါ်တာ ကိုဘယ်လိုရိုက်တယ် …။ သူ့နောက်ခံ ဒီဇိုင်းအပြင်အဆင် တွေပြထားတာပေါ့။ ပျော်ရွှင်ဖွယ် ဗဟုသုတရဖွယ် ဖန်တီးပြထားတာပေါ့ ..။ ကျနော်တို့ဆီက ပြည်သူ့ရင်ပြင်ကြီး ပြင်ဆင်ပြီးသလိုနေမှာပေါ့ ..။ ကျနော်အထဲမရောက်ခဲ့ရတော့ အပြင်မှာဘဲ ဟိုလျှောက်ဒီလျှောက်နဲ့ လှပတဲ့ ချိုချဉ်ဆိုင်လေးတွေ့လို့သဘောကျတာနဲ့ပုံရိုက်ခဲ့ပါတယ် …။ အဲဒီမှာ casino လဲရှိတယ် ပထမတခါရှုံးပြိးကထဲကမသွားရဲတော့ပါဘူး ..။