http://listverse.com/2016/09/19/10-interesing-facts-about-the-buddha/ တနေ့က စီအန်အန်သတင်း တက်ဖတ်တော့ စိတ်ဝင်စားစရာ တွေ့တာနဲ့ ပေးထားတဲပစ့လင့်ခ် ဝင်ဖတ်ပါတယ်။ ဗုဒ်ဓဘာသာအပေါ် ခေတ်အမြင် သုံးသပ်ဆင်ခြင်ပုံပါ။ ကိုဘေးနွားကင်သခင် မာမုခိုင်မ် အမျိုးဖြစ်ပုံရတယ်။ တတ်သလောက် မှတ်သလောက် ဘာသာပ ျံ မှီငြမ်း တင်လိုက်ပါတယ်။ မူရင်းအာဘော် မပေါက်ရင် အနေထိုင်မတတ် ဘဂ ျီးနွားကေ ျာင်းသူ ကြောင့်အပြစ်သာ ဖြစ်ကြောင်းပါ။ ဝန်ခံပါတယ် င်္အဂုလိစာ စနစ်တက ျ လေ့လာမှု မရှိခဲ့ပါ။ အားထုတ်မှု ပိုဝေးပါတယ်။ အတိအက ျ မဟုတ်တောင် အရိပ်အယောင်မ ျှ ရလိမ့်မည် ယူဆလ ျက် ပို့စ်တင်ပါသည်။ ဖတ်ရင်းနဲ့ ကိုယ့်ဟာကိုယ် ဦးနှောက်မုန်တိုင်း brain storm လုပ်သွားနိုင်ပါတယ်၊ လွတ်လပ်ပွင့်လင်းတဲ့ စိတ်အခါ Open Minded […]


“ဘာ….ဟုတ်လို့လားဟယ် နင်တို့ကလည်း စိတ်ထင်ရာတွေ လျောက်ပြောနေတယ်၊ ဒီခေတ်ကြီးမှာ ဒါမျိုးဆိုတာ ယုံတမ်းစကားတွေပါ၊ မလိုသူတွေ သွားပုပ်လေလွင့် ပြောတဲ့စကားနေမှာပါ။ အရင်ကဆိုရင်တော့ ယုံမယ်၊ အခု အင်တာနက်မှာ မွန်းဂေးSex ဆိုက်နေ့တိုင်းတက် သတင်းဖလှယ်၊ ကွန်းမန့်တွေဖတ်နေလို့ မအ တော့ဘူး။ မောင်မင်းကြီးသား မှောင်ခို ကျန်းမာပါစေ၊ ချမ်းသာပါစေ..။” မနက် စောစောစီးစီး ပျံ့လွှင့်လာသော သတင်းအပေါ် ပဲပြုတ်သည် ဒေါ်ဘုမ၏ တုံ့ပြန်စကားဖြစ်သည်။ ကောလဟာလသတင်း သယ်ဆောင်လာသူ မောင်ကြောင် မှန်းချက်နှင့်နှမ်းထွက် မကိုက်သဖြင့် မျက်နှာရှုံ့မဲ့သွားသည်။ ယခင်က သူဘာပြောပြော ပါးစပ် အဟောင်းသား နားထောင်လေ့ရှိသူ အဒေါ်ကြီး ပြန်လှန်မေးခွန်း ထုတ်တတ်လာချေပြီ။ ဒေါ်ဘုမ မနက်ဈေးထွက်ပြီးလျင် အရင်လို ရပ်ကွက်ရှိ အိမ်ပေါက်စေ့ အတင်းထိုင်မတုပ်တော့ဘဲ အင်တာနက်ဆိုင်သွား ချက်တင်တက်နေသည်ဟု သိုးသိုးသန့်သန့် ကြားမိတာ […]

commando-cat.jpg

အိုစမာဘင်လာဒင်ကို စီးနင်းတိုက်ခိုက် သုတ်သင်နိုင်ခဲ့တဲ့ အမည်မသိ နေဗွီဆီးလ် အထူးတပ်ဖွဲ့ဝင်များ အစွမ်းကို အမေရိကန်တွေ ပြောမဆုံးဖြစ်နေပါတယ်။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ကွန်မန်ဒိုတဦးကြောင့်လည်း လူတကာရဲ့ စိတ်ဝင်စားမှု အထွတ်အထိပ်ကို ရောက်စေခဲ့ပါတယ်။ နယူးယောက်တိုင်းမ်စ်နဲ့ ဗြိတိန်နိုင်ငံထုတ် The Sun သတင်းစာများ အဆိုအရ ရဟတ်ယာဉ် မြေကြိးပေါ်ထိတာနဲ့ တပ်ဖွဲ့ဝင်တဦးက လေ့ကျင့်ပေးထား စစ်ကြောင်တကောင်ကိုပိုက်ကာ ရဟတ်ယာဉ်ပေါ်မှာဆင်းပြီး အကြမ်းဖက်သမားကြီးကို သုတ်သင်လိုက်တဲ့ စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက သူ့အကြောင်းကို နည်းနည်းပဲသိတာပါ။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ အသေးစိတ် သတင်းအချက်အလက် အနည်းငယ်ပဲ ထုတ်ပြန်ထားပြီး ကြောင်တကောင်ကို စစ်ဆင်ရေးမှာ သုံးခဲ့တယ်ဆိုတာတောင် အတည်ပြုချက်မပေးသေးပါဘူး။ ကျွမ်းကျင်သူတဦးကတော့ စစ်တပ်မှာ လေ့ကျင့်မွေးမြူထားတဲ့ တိုက်ခိုက်ရေးကြောင်ပေါင်း ၂၇၀ဝ လောက်မှာ ဗမာမျိုးစိတ်ကြောင်တွေကို အများဆုံးတွေ့ရလေ့ရှိတယ် ဆိုပါတယ်။ အထူးလေ့ကျင့်ပေးထားတဲ့ ကြောင်များကို […]