တီဗွီထဲမှာ ကြည့်ဖူးတယ်ဗျာ။ ရာသီကူးပြောင်းချိန် တိရစာ္ဆန်တွေ အုပ်လိုက် နေရာ ပြောင်းရွှေ့တော့ ကျိုးပဲ့ အနာတရ ဖြစ်ကျန်တဲ့ အကောင်တွေ။ တချို့လဲ ကျင်းထဲကျကျန်ခဲ့လို့၊ သစ်ကိုင်းညှိကျန်နေခဲ့လို့.. ပုံမှန် အားဖြင့် တကောင်တည်း ကျန်နေ ငတ်ပြတ် သေရတာပဲ။ ရှားရှားပါးပါး လှည့်ပြန်လာ၊ စောင့်နေပေး ထူမ ကယ်တင်တာ သိပ်ရှားတယ်။ တိရစာ္ဆန်မို့ လုပ်ပေးဖို့ အသိညဏ် မရှိ၊ သူ့သဘာဝကိုယ်၌လည်း ဖြစ်ပါမယ်။ ဘယ်လောက် ရင်နာစရာ ကောင်းလိုက်သလဲနော်။ တိရစာ္ဆန်က ထားတော့.. အသိညဏ်ရှိ ခံစားတတ်တယ်ဆိုတဲ့ လူမှာရော.. ဇယားချကြည့်လိုက်လျင် သိပ် မထူးပါဘူးဗျာ။ ကိုယ်လုပ်မှ ကိုယ်စား၊ ကိုယ်ဖြစ်ကိုယ် ကိုယ်ခံ ချန်ထားခဲ့တာပဲ မဟုတ်လား။ အကူအညီ မပေးတဲ့အပြင် ရေနစ်သူ ဝါးကူထိုးတာ လူမှာ ပိုများပါလိမ့်မည်။ […]