အရှင် အသေမဟုတ်တဲ့အရှင် လတ်လတ်ဆတ်ဆတ် စားဂျင်လို့ ငှီးလျောင်းငှီးလျောင်း.. အဆီဂိုစား အသားမျို အရေခွံချ ုပ် အရိုးကိုတုတ် အမွှေးဖုံသုတ်… ကြက်မဂျီးနဲ့ ညီညွတ်ဖို့ သဂျီးသမက် ပီသတယ်…. ခွေးလွှတ်ပါ ကြောင်လွှတ်ပါ သီလစောင့်ဖို့ အူမတောင့်….. မီမီ့အရှင်ကို ခွါဆုတ်နေလှန်း ကျပ်ခိုးခံ ချဉ်ချိုရသာ ဟင်းမှုန့်စုံထည့် မီးပြင်းတိုက်ချက်လျင် ကြောင်ကြီးအတွက် ဟင်းဂေါင်းတခွက်……။  


မင်းဒို့အားလုံးဂို ယီးဗဲလို့ ပြောဂျင်ဒယ်.. ယီးဆိုလို့ ဆဲဒယ်လို့ တထစ်ချ မယူလိုက်နဲ့အုံး။ “ယီးတီးယားတား မလုပ်နဲ့” “ယီးလေးခို” “ယီးလေးလေး ယီးလေးယို” စသဖြင့် မြန်တျန့်စဂါး များစွာရှိတယ်။ အရီးလေး၊ ဦးရီးဒေါ် တို့ဆို ဘယ်လို လုပ်မလဲ.. လေးလေးစားစားခေါ်တဲ့ အသုံးအနှုန်း မဟုတ်လား။ သိုးဆောင်းဘာသာမှာဆိုလဲ ရဲယားဆိုဒဲ့ ရက်စ်သံတူကြောင်းကွဲ ရှိထားဒယ်။ တီလုပ်စာမှာ ရီဆိုတဲ့စာလုံး ကောင်းတဲ့အဓိပါယ်ပေါက်တယ်။ ဒီတော့ အခြားဘာသာ စဂါးဒွေမှာလဲ အလားတူ ယီးများ ရှိမှာသေချာနေဗျီ။ အရက်အိုးလုသောက် ဂျော်လ်ကီ အောင်ပု သိုင်းလောကမှာ ကျင်လည်ကြက်စားတုံးက တရုတ်အမည် ယီးရမ်းမြွေလို့ လူသိများဒယ်။ မြန်တျန့် ဘာသာနဲ့ဆိုရင် မြွေဟောက်ပါးပျဉ်းကဲ့သို့ ယောက်ျားမာန တလူလူ ထောင်မတ်နေသော လို့ပြောလို့ရဒယ်။ ဘပုယီးလား မေးရင် နာမည်ခေါ်မှတ်လို့ ဆိတ်အဆိုးဓာတ်ဗူး..။ […]


လုပ်သားပြည်သူဂျီးခင်ဗျား   အနော့်မှာ မန်းဂဇက် အယ်ဒီတာချုပ် သဂျီးဇုတ် မာမုခိုမ်၊ သဂျော်ဂဒီးနဲ့ သမော်ဒီးလေး ဓာတ်ပုံများ ဘော်ဒါတဗွေ ကျေးဇူးပြုထားလို့ လက်ဝယ် ရထားပါတယ်။ အဲဒါ ဂဇက်မှာ ပို့အနေနဲ့ တင်ရမလား၊ ဖေ့ဘွတ်မှာပဲ ဖွရမလား ဝေခွဲရခက်နေလို့ ဆန္ဒပြု  ထုတ်ဖော်ပေးကြပါလို့ မေတ္တာရပ်ခံရင်း လူသားအားလုံးကို လေးစားလျက်… ကကြောင်ကြီး။


ဖေ့ဘွတ်မှာ ကိုသန့်ကြီးဆိုသူ အွန်လိုင်းဘော်ဘော်တဦး တက်ခ်ပေးထားတဲ့ သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ၏ တရားပုဒ်ကို ဓမ္နကုသိုလ်ဖြစ် သဂျီးဇုတ် သဂျုတ်ဇီး လျှာပွတ်မာမွတ်ခိုင်မ် အကြောင်းပြု လို့ ဝေငှပါရစေ။ သူပြောလေ့ရှိတဲ့ သီလဆိုတာ ဗုဒ္ဓဘုရား မပွင့်ခင် ရှေးပဝေသဏီထဲက ရှိတယ်..။ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ ငါးပါးသီလဆိုတာ ဟိန္ဓူတွေရဲ့ သီလကို ပုံတူကူးထားတာ.. လျှာအရိုးမရှိတိုင်း စကောလောက်မှ ဇောက်မနက် သူ့ညံတထွာတမိုက်နဲ့ လူတတ်ကြီးလုပ် ပြောထားတာကို တုံ့ပြန်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားတွေ ပွင့်တော်မူတဲ့ ကာလမှာသာ အနတ္တတရား သိခွင့်ရတယ်၊ ကျန် သာသနာပ ကာလတွေမှာ တငါငါစွဲတဲ့ အတ္တတရားများသာ ထွန်းကားတယ်။ သီလကိုပဲ ဦးတည်ပြောရင် စောင့်ထိန်းတားမြစ်တဲ့သီလ အရှိယူအဟုတ်ထင်တဲ့ သီလတရားများသာ ရှိတယ်..။ အကျိုးဆက်အားဖြင့် ကုသိုလ်ရတယ်.. […]


၈ကျီးခိုးပါရဲ့ မောင်ဂီ.. ငါနဲ့ဂါးဂါးလေးအကြား ဝင်ခလောက် မဆန်ပါနဲ့။ ရေတယောက်ထဲချိုးရင် ကျားကိုက် တတ်တယ်ဆိုလို့ ဂျာပွန်မလေး အေးမိစံ ရေချိုးခန်းကို ပို့ခဲ့ပြီးပြီ၊ မိုမိုကို အနှိပ်ခန်းမှာလည်း ငါ့နာမည်နဲ့ဘီလ် ဖွင့်ပြီး ဆိတ်ကြိုက် ဇိမ်ခံခွင့်ပေးခဲ့ဒယ်.. ဒါလဲ မကျေနပ်သေးဘူးလား။ မင်းကို ဟိုက စွတ်စပ်အထင်ကြီးနေဒါ.. တယ်လေငါ မပြောလိုက်ချဉ်ဗူး..။ မိန်းမရှုပ် ဆေးသမား ခွက်ပုန်း လမ်းသရဲ ဖိုးတွမ်တီး.. အဲဒီဂုဏ်ပုပ်တွေထဲက တခုပဲ ရွေးထုတ်ပြလိုက်.. ကောင်မလေး မင်းကို တသက် မကြည့်ချဉ်လောက်အောင် မုန်းသွားမှာ။ ဒါတွေငါ ပြောနေရတာ ကောင်မလေး နောင်ရေး ရင်လေးလွန်းလို့.. သွေးမတော် သားမစပ်ပေမဲ့ မွေးစားသာမီးလေး တယောက်လို နှမြောလွန်းလို့ ဘဲဥကြီး ကျီးကန်းချီမှာ အမြင်မတော်လွန်းလို့ပါကွာ။ မင်းအတွက် ဂါးလေးဟာ ၁၀၁ယောက် ခြစ်သူဆိုပေမဲ့ […]


လူတွေမှာ သံသရာစွန်းဆိုတာ ရှိသဗျ၊ ကိလေသာ အသဝေါ မကုန်စင်သေးသူတိုင်း သံသရာရှေ့စွန်း သံသရာနောက်စွန်း တခုမဟုတ်တခု အချိန်တိုင်း ဖြစ်နေကြတာပဲ။ တရားတော်မှာလည်း အထင်အရှားရှိ၊ ဒီဖက်ခေတ် ကျင့်ကြံပေါက်ရောက်သူ ပုဂ္ဂိုလ်များကလည်း ဟောပြဆုံးမသွားကြပါတယ်။ အဲဒီအစွန်းမှ လွတ်ရာလမ်းကိုတော့ မဇ္ဈိမမဋိပဒါ အလယ်အလတ်လမ်း လို့ခေါ်တယ်။ အများလွယ်လွယ်ပြောနေတာတော့ ကိလေသာကာမဂုဏ် အလွန်အကြူ း ခံစားတဲ့လမ်းနဲ့ ကျို းကြောင်းမဲ့ အပြင်းအထန် ပြုမူခြင်း နှစ်ခုပါ။ အစွန်းနှစ်ဖက် လွတ်အောင်ရှောင်ဆိုပြီး ကျင့်ကြံအားထုတ်ကြပေမဲ့ ပြုလုပ်လိုက်ကထဲက ငါပါနေလို့ အဲဒီအစွန်း ဝဲဂယက်ထဲက ရုန်းမထွက်နိုင်ဘူး။ သမထနဲ့ ဝိပသနာ ဘယ်လိုပဲ ခွဲခြားပြပါစေ.. လက်တွေ့ တကယ် ကြုံတဲ့အခါ ဟုတ်နိုးနိုး ဖြစ်ကုန်တာများတယ်။ နဂိုအခံ အစွဲကြီးထားတဲ့အခါမှာတော့ စာဘယ်လောက်ကြီး တတ်ပါစေ၊ သမာဓိ ဘယ်လောက် […]


ဒီစာဖတ်နေတဲ့ အချိန်သုံးမိနစ် အတွင်းမှာ ယူအက်စ် လက်လီအရောင်းဆိုင်များမှနေ ပစ္စည်းအမျိုးအမယ်ပေါင်း ၁၅၀၀၊ ပမာဏအားဖြင့် အကြမ်းဖျဉ်း ဒေါ်လာနှစ်သိန်းဖိုး အခိုးခံနေရသည်။ သချာင်္ဂဏန်းချ တွက်လိုက်လျင် အလစ်သုတ်မှု နှစ်သောင်းငါးထောင် နာရီတိုင်း ဖြစ်ပွားနေပြီး နေ့စဉ်ဆိုပါက ငါးသိန်း ထက်မက ရှိပေမည်။ အဲလိုမြင်တတ်ရင် ကိုယ့်ဆိုင် အလစ်သုတ်ခံရခြင်းမှ ကာကွယ်ဖို့ လိုအပ်နေပုံအား ရှင်းလင်းစွာ သိနိုင်သည်၊ အထူးသဖြင့် ယခုလို နှစ်ကုန်ဈေးရောင်းရာသီ လူရှုပ်ချိန်တွင် ဖြစ်သည်။ အလစ်သုတ်မှု ပြသနာဟာ ရှုပ်ထွေးပွေလီတာမို့ ရာဇဝတ်မှုမြောက် ပြစ်မှုဖြစ်ပေမဲ့ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း နယူးယောက်အခြေစိုက် ConvergEx Group ဈေးကွက်ဗျူဟာ အရာရှိချုပ် နစ်ကိုလတ် မှဆိုသည်။ (၁) အသက်ကြီးလေ ပိုခိုးလေ လွန်ခဲ့သောငါးနှစ်အတွင်း လူဆယ်သန်း အလစ်သုတ်မှုဖြင့် အဖမ်းခံရသည်။ အရွယ်ရောက်ပြီးသူ […]


“ကြေးမုံဂျီး.. ဟောသည်မှာ ကျိရမ်း… မင်းကြောင့် ငါခံစားနေရဒါ..” ပြောပြောဆိုဆိုနှင့် ကကြောင်ကြီး ရင်ဘတ် ဖွင့်ပြလိုက်သည်။ “အို.. ဟင်.. မွေးမေ့လေ့” အာမေဋိတ်သံ ပေါင်းစုံသွားသည်။ အကြောင်းမူဂါး ကကြောင့်ဒွင် အသဲမရှိဒေါ့ဂျေ။ ခွေးစားသွားဂျင်း မဟုတ်.. ကြေးမုံဂျီးကြောင့် ရသောဒဏ်ရာ တနည်းဆိုသော် အခြစ်ကြောင့် ကြောင်ကြီးတွင် အသဲမရှိ တစစီ ကြေမွခဲ့ရလေဗျီ.. ဒန်တန့်တန်… (လက်ခုပ်တီးဂျပါ… ဖြောင်းဖြောင်းဖြောင်း) အားလုံး၏ အကြည့်များ ကြေးမုံဂျီးထံ စုပြုကျရောက်လာသည်။ သူ့ကိုယ်သူ အာပြိုဂျီး၊ ယဲရဲတောက် တရုတ် ကူမြူနစ်ပါတီကေဒါ၊ ဝသဗုံတပ်မှူး၊ မြစ်ဆုံရေကာတာ စီမံကိန်း ဖြစ်မြောက်ရေး ကော်မတီဝင်၊ လက်ပံတောင်း ကြေးနီတောင် လုံထိန်းရဲအဖွဲ့ ထောက်ပံ့ရေးမှူး စသည့် ဂုဏ်ပုဒ်များဖြင့် နာမည်ကောင်းယူ လူတွင်ကျယ်လုပ် ဂွင်တဲ့နေရာမှ နွေလည်ခေါင် မိုးကြိုးပစ်ချ […]


ရှင်တော်ဘုရား သုညတရား အဆုံးစွန် နားလည်ရပါလို၏။ ဘဝဘုန်းရိပ် ဇမ္ဗူထိပ် သုညတိတ်ဆိတ် နေရပါလို၏။ ဖြစ်လေရာဘဝ သုညတ ရုပ်နာမ်ထပ်တူ ကျရပါလို၏။ မရှိပညတ် ရှိပရမတ် ယှဉ်ဆက်မပြတ် တရစပ်ဖြစ်ရပါလို၏။ နှစ်ကူးချိန်ခါ မင်္ဂလာ သုညသံသာ ကြားရပါလို၏။ မလိုမှရ ထိုသုည စိတ်အင်ဆန္ဒ ပြည့်ဝရပါလို၏။  


မြန်တျန့်ဂေဇက် အဆွေမြတ် ရေနက်နက်က ငါးဂျီးဒကောင်.. နေအတက် လေသလှပ်မှာ မနေဒတ်တော့ ဂွေခတ်… ရွှေကလပ်နဲ့ ဦးဒေါ်တင် မြေတခွင်မှာ ဇမ္ဗူရှား…. ပေါက်ဖော်ဂျီးရဲ့ နှလုံးသဲပွတ် ကူမြူနစ်ကေဒါ ပဉ္စမံလက်ရုံး.. အိုအိုင်စီ၏ အငှားဗစပ် ၇၈၆ မော်လဝီ ဆလံမာရေးကွမ်း.. စီအိုင်အေ နားမျက်စိ တလဒေါ်လှ သောင်းချီစား.. ဘယ်သူရှုပ်ရှုပ် ဒို့မပြုတ် စစ်အစိုးရ ကြိုးဆွဲရုပ်… ဘာသာရေးကို မယုံကြည် မိုးဗြားဘယ်ဆီ ငရဲပြည်.. နေ့စဉ်တရား ဆိတ်မှာပွား ကိုဘေးနွားကင် များများစား.. နေဝင်ဆုံးသတ် နိဂုံးတည် အပါယ်လေးဗုံ သွားရမည်။။။။။ ကဗျာအမျိုးအစား – သံဝေဂ တေးထပ် ကဗျာရေးဖွဲ့သူ    – အမည်မတိ ခေတ်စာဆို ကဗျာ စကားပြေ  – အမြတ်ကြီးစား ခြစ်သူငယ်ချင်း မြန်တျန့်ဂေဇက် […]


ဘိတ်ညို.. ဘိတ်ညို.. ဘိတ်ညိုဘိတ်.. ဘိတ်ဘိတ်ဘိတ်… မြန်တျန့်ပြည်နယ် ငရဲတပ်ဖွဲ့ လုံထိန်းတပ်ဖွဲ့ဝင် များအား ကမာ္ဘ့ငရဲအဖွဲ့ဂျီးမှ ခေတ်မှီ အဓိကရုဏ်း နှိမ်နင်းရေး သင်တန်း ပေးနေခြင်းဖြစ်၏။ သင်တန်းနီးပြဂါး ရဲမှူး မစ္စတာဘစ်ကက် ဖြစ်သည်။ တာ..ပေါင်း ရှေ့သို့ ဘေးဝဲယာ နောက်လှည့်.. နေမြဲ၊ တာ..ပေါင်း သက်သာ၊ အိုမို၊ အီလန်၊ ရွှေဝါ ဆပ်ပြာမှုန့် ဈေးပေါပေါနဲ့ ရောင်းပေးမယ်.. အခုဒေါ့ စစ်ရေးပြကွင်းဒဗတ် အမြန်လျောက်.. ဘိတ်ငြော်ဘိတ်ငြော် ဘိတ်ငြော်ဘိတ်.. ဘိတ်ဘိတ်ဘိတ်။ ဘယ်ဒုတွက်လဲ ပြည်ဒုအတွက်.. ဘာဆိတ်ဓာတ်လဲ ပရိုတင်းဆိတ်ဓာတ်.. ဘာလိုဂျင်လဲ ရွှေမှုံရတီ၊ ဝတ်မှုန်ရွှေရည်၊ ရွှေစင်.. ဟေ့.. နာယိုးမဒါးဒွေ.. ဖောက်မလာနဲ့ ပြန်အော်စမ်း.. ဘာလိုဂျင်လဲ ရွှေရောင်တိုင်းဗျီ.. ဘိတ်ငြော် ဘိတ်ငြော် ဘိတ်ငြော်ဘိတ် ဘိတ်ဘိတ်ဘိတ်…။ […]


မြန်တျန့်ဘောလုံးအသင်း ဆီးဂိမ်းအုပ်စုမှာ ထွက်ရတာနဲ့ ပတ်သက်ပြီး နည်းပြဟောင်း ပတ်ဆောင်ဟွာကို ဝိုင်းဆဲနေဂျတော့ မာမွတ်ခိုမ်သဂျီး အလိုကျ မတူတဲ့အတွေးနဲ့ ဆွေးနွေးဂျင်ဒယ်။ ကိုရီးယားဂျီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသဗျာ.. head to head စည်းမျဉ်း သူမသိရပါ၊ ဂိုးကွာခြားမှု အရေအတွက်နဲ့ အကြိုဗိုလ်လုပွဲ တက်မတက် ဆုံးဖြတ်မည်လို့ ပွဲပြီးချိန်အထိ ထင်နေဂျောင်း။ အဲမှာတင် ဝိုင်းဖဲ့လိုက်ကြတာ ရစရာမရှိဘူး..။ ဆဲဗင်းဒေးနေ့စဉ် သတင်းစာဆို ကိုရီးယား စကားပြန်နဲ့ အင်တာဗျူးမှာ တမင်လုပ်လေသလား ၅၀-၅ဝ ပဲလို့တောင် ဖြေတာတွေ့တယ်။ ဖတ်လိုက်တော့ ဘောလုံးအဖွဲ့ချုပ်လူကြီးတွေ၊ မြန်မာနည်းပြတွေနဲ့ ကိုရီးယားနည်းပြတို့ရဲ့ ဆက်ဆံရေး အဆင်မပြေ၊ အချိုးမကျတာ တွေ့ရတယ်။ နောက်ဆုံးဗျာ နှစ်သင်းထိပ်တိုက်တွေ့ ရှုံးသူထွက် ဆိုတာတောင် ပြောခဲ့တယ် မပြောဘူး ရှင်းရှင်းလင်းလင်း မဖြစ်ဘူး။ […]


မမရေ…. အချိန်ကာလ အတားအဆီး ငါ့အဖို့တခဏ…. တော တောင် ကနာ္တရ အခက်အခဲ နင်းဖြတ်ကျော်ခဲ့…. ပင်လယ် သမုဒ္ဒရာ မာယာလှိုင်းတံပိုး ငါ့ကိုမလွှမ်းနိုင်…. ကျားရဲတိရိစာ္ဆန် ကုမာ္ဘန် ယက္ခ ကြောက်မတဲ့လား…. သို့ပေမယ့် ကံကြမ္မာကိုတော့ ငါမတွန်းလှန်နိုင်…. ရှင်လျက်နဲ့ သေရပြီ ဘဝ = ဒုက္ခ….   ယောက်ျားတန်မဲ့ မျက်ရည်စက်လက် ဒူးထောက်ကျ…. သေရွာပါ သီချင်းစာသား “ခြစ်ဖူးတယ်….” လွမ်းနေဆဲပါ မမရေ ပြန်မဆုံတော့မည့် နေ့တွေရေတွက်ရင်း….   အန်တီမမရေ… ကြောင်ကြီးကို ခွေးလွှတ်ပါဗျာ။ အခြား နာမ်စားသုံးစရာ ရှာမတွေ့လို့ မမ ကလောင်အမည် ယူသုံးမိပါတယ်။။။။ အသဲကွဲကြောင်ကြီး 😥