First eleven အင်တာနက်စာမျက်နှာမှာ အမျိုးသားလွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်ရဲ့ ရှစ်လေးလုံး ငွေရတု သဝဏ်လွှာ ဖတ်ရသဗျ.. ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကို၁၉၃ဝ ရေနံမြေ သပိတ်ကြီးနဲ့ နှိုင်းယှဉ်ဂုဏ်ပြု အစချီထားပြီး အလယ်လောက်မှာ ဟောသည်လို ဆိုသဗျ “၁၉၆၂ နောက်ပိုင်းတွင် ၁၃၀ဝ ပြည့် အရေးတော်ပုံ၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သော ဆိုရှယ်လစ် အရေးအတွက် ဦးလှည့်ကြိုးပမ်း ခဲ့ပါသော်လည်း တစ်မျိုးသားလုံး မျှော်လင့်တောင့်တခဲ့ကြသည့် ငြိမ်းချမ်းသာယာ ဝပြောသော ခေတ်မီနိုင်ငံတော်သစ်ကိုကား မတည်ဆောက်နိုင်ခဲ့ပါ။ ဤကာလရှည်ကြီးအတွင်း ကမ္ဘာ့နိုင်ငံရေး တူရူချက်မှာလည်း တစ်ရာ့ရှစ်ဆယ်ဒီဂရီ လှည့်ပြောင်းသွားသည်ကို သတိပြုမိပါသည်။ အထူးသဖြင့် နှစ်ဆယ်ရာစုနှောင်းပိုင်း ဆယ်စုများလောက်မှစ၍ ကမ္ဘာ့လူထု၏ တိမ်းညွတ်မှုမှာ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာသည်။ မြန်မာနိုင်ငံ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ […]