တရုတ်ဝမ်ပေါင် အကျိူးတော်ဆောင်ကုမ္မဏီ … ဆောရီး :kwi: ကြေးနီတောင် ကော်မရှင် ကျပ်သန်းငါးထောင် လျော်ကြေး ထပ်ပေးတော့မယ် ဆိုပဲဗျ…၊ တပတ်အတွင်းမှာ လုပ်ငန်းစမယ်တဲ့။ ကော်မရှင် အကြံပြုချက်ကို ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္မဏီတို့ကလည်း သဘောတူတယ် ကြေငြာတယ်။ မဟုတ်မှလွဲရော ဘွားဒေါ်ဂျီးကော်မရှင် လပေါင်းများစွာ အချိန်ယူနေတာ အချက်အလက် စုံစမ်းနေတာ မဟုတ်ဘူး၊ တရုတ်ကုမ္မဏီ၊ စစ်တပ်ဦးပိုင်တို့နဲ့ ကြိတ်ဆွေးနွေးနေတာဗျို့။ ကြားလူခုံသမာဓိ နေရာယူပြီး အဲလိုတော့ လုပ်ဖို့မသင့်ဘူးနဲ့တူတယ်။ လုပ်လည်း ပွင့်ပွင့်လင်းလင်း နှစ်ဖက်ကို ချပြပေါ့။ အခုတော့ တဖက်သတ်ကြီး.. စဉ်းစားကြည့်လေ ရက်ပိုင်းအတွင်းမှာတင် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံရမည့်သူတွေက လွယ်လင့်တကူ ခေါင်းငြိမ့်ပြတာ၊ ဘွားဒေါ်ဂျီးကို ယုံကြည် လေးစားလွန်းတာ တခုထဲနဲ့ ဟုတ်ပါ့မလား။ တရုတ်တွေ ယုံပေမဲ့ ပြည်တွင်းမှာ ယုံကြည်မှု နည်းလာနေတယ်။ […]