လွှတ်တော် ကိုယ်ဇလည် ဦးကြောင်ကြီး ပြည်သူ့လွှတ်တော် အလကားအကြိမ် ပေါက်ကရအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည်။ လွှတ်တော်ပင်ပ အဆောက်အဦးနှင့် အဝင်တံခါးမအကြား နေရာလပ် အတော်ခြားရကား အတော်ပင် လျောက်လှမ်းရသည်။ ကြံ့ဖွတ်ကိုယ်ဇလည်များအတွက် ပါတီဘွတ်စ်ကားရှိပြီး မိုးကျရွှေကိုယ်တော် စစ်ဗိုလ်ကိုယ်ဇလှယ်များက ဟက်စကီးရဟတ်ယာဉ်များဖြင့် လွှတ်တော်ခေါင်မိုးပေါ်သို့ ဆင်းသက်သည်။ ခရိုနီဂျီး ဦးဂွင်ရွှေကတော့ စကိတ်ဘုတ် စီးသွားသည်။ အတိုက်အခံ ကိုယ်ဇလှယ်အများစုမှာ ဗိုင်ကောင်များ ဖြစ်ရကား နေပူကြဲတဲတွင် ၉၆၉၃ လမ်းလျောက်ရသည်။ မြန်မာနိုင်ငံ ပြည်ဒေါင်ဇု လွှတ်တော်၏ နေ့စဉ် မရိုးနိုင်သော နံနက်ခင်းရုံးချိန် မြင်ကွင်းပေတည်း…။ မဲဆန္ဒရှင် ပြည်သူ့ကျေးဇူး ရှေးရှုပြီး ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ၊ ဂေါင်းဇောင်ဆိုတာ ငယ်သားကိုညှာရတယ်။ ရုံးတက်ရုံးဆင်း လမ်းလျောက်တာ ဘာမှမပင်ပန်းဘူး၊ လူတိုင်း ကိုယ့်အိတ်ကိုယ် လွယ်သင့်တယ်၊ မီဒီယာထဲ အိတ်ဆွဲတော် […]


ဒီကိစ္စပြောချင်တာ ကြာပြီ၊ အခန့်မသင့်သေးလို့ ပြင်မလား ပြင်မလားနဲ့ ကြည့်နေတာ၊ အခုတော့ နဲနဲဖွပါမယ်။ ဒေါ်စု လွှတ်တော်တက်တဲ့ ဓာတ်ပုံ သစ်ထူးလွင်မှာ တွေ့ရတယ်။ ဘွားဒေါ်က ထုံးစံအတိုင်း တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်နဲ့ပါ။ သို့ပေသိ သူ့နောက်မှာ ပုဂ္ဂိုလ်နှစ်ဦး သူ့လက်ဆွဲခြင်း၊ လက်ဆွဲအိတ်များ ကိုင်လို့ ပါလာတယ်။ အဲဒီလို အိတ်ကိုင်၊ ထီးမိုးပေးတာ ဘွားဒေါ် အပြင်ထွက်ရင် မကြာခဏ တွေ့နေရတော့ ရင်ထဲမှာ ကျလိကျလိ ဖြစ်လာတယ်။ ဘွားဒေါ်ကတော့ အဲလို ပြုမူစေချင်မယ် မထင်ဘူး၊ တားကောင်းတားပါ လိမ့်မယ်၊ မရတော့လည်း နင့်ထိုက်နဲ့နင့်ကံ မသိကျိုးကျွံ နေလိုက်ရပုံပဲ။ မလုပ်ကြပါနဲ့ဗျို့… လူအမြင် မတင့်တယ်ပါဘူး။ “သခင်မျိုးဟေ့ ဒို့ဗမာ” ကြွေးကြော်သံနဲ့ မြန်မာတွေ လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်အဟုန် မြှင့်တင်ခဲ့တာပါ။ […]


မန်းယုံမန်းပြီး ပို့စ်တင်လေ့မရှိတဲ့ ဂဇက်ရွာသူ နှင်းနှင်းဂလေးကို ဦးကြောင် ခြစ်ချင်လို့ သိသူများ ရှိရင် ကိုယ်စား ပြောပေးဂျပါ။ နှင်းနှင်းလေးကို သိပ်ခြစ်တယ်ကွာ…….  ကြားထဲက မဆိုင်သူတွေ ဝင်မရှုပ်နဲ့.. ကုတ်ပစ်မယ်.. ခွီးဂရား… နှင်းနှင်းလေးကို ခြစ်ချင်လို့


ပြည်ထောင်ဇုသမဒကြောင်နိုင်ငံဒေါ် နိုင်ငံဒေါ်ကြောင်ရုံး အမေ့ငါးကြော် စာအမှတ် ကက်ကတစ် ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်)   လက်ပေးလက်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းခြင်း၊ ပြည်ဒေါင်ဇု အစိုးမရအဖွဲ့သစ် တာဝမ် ယူပီးနောက် ကောင်းမွန်သော အပ်ချုပ်မှုစနစ်နှင့် သန်းရှင်သော အစိုးမရ ဖြစ်ပေါ်ရေးအတွက် အစိုးမရ အဖွဲ့စည်းများအတွင်း ဂတိအ တရားများ ကွင်းရှင်းရေးနှင့် လက်ပေးလက်ယူမှုများ ပပျောက်ရေး တို့အတွက် “လက်ပေး လက်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ” ကို အောက်ပါ လဗျွတ်အတိုင်း တွဲလောင်း ချလိုက်သည်။ ခေါင်းလောင်းလေးတွေ မြည်နေပြီ…. တွဲလောင်းခါလို့ ယမ်းနေသည်…. လက်ပေး လက်ယူမှု အရေးယူ […]


လွှတစင်းနဲ့ မိုဘိုင်းလ်ဖုံးတလုံး သယ်လာတဲ့ကြောင် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက ထောင်ဂိတ်ဝအတွင်း ဝင်လာစဉ် ဖမ်းဆီးခံရသည်။ ကိုယ်ပေါ် တိပ်ပလပ်စတာ ကပ်ချည်ထားတဲ့ ကြောင်ဖြူတကောင် ထောင်တံခါး ဖြတ်သန်းဝင်လာတာ အစောင့်များ မြင်ရတော့ အံ့အားသင့်ကုန်သည်။ သေသေချာချာ ပြူးပြဲစစ်လိုက်တဲ့အခါ လွန်သွား၊ နားကြပ်၊ မင်န်မိုရီကတ်၊ ဓာတ်ခဲနဲ့ ဖုံးဓာတ်အားသွင်းစက်များပါ တွေ့ရသည်။ ထောင်အတွင်းရှိ အကျဉ်းသား ၂၆၃ဦးစလုံး သံသယရှိသူ စာရင်းဝင်ထားပြီး ရဲအဖွဲ့မှ စုံစမ်းစစ်ဆေးနေသည်။ ကြောင်က လူစကားမပြောတတ်လို့ ဘယ်သူလုပ်သလဲ ဆိုတာသိရန် အတော်ခက်ကြောင်း ထောင်တာဝန်ခံမှ ဒေသခံ သတင်းစာအားပြောသည်။ ကြောင်အား တိရစာ္ဆန် ကုသရေးဌာနသို့ ပို့လိုက်ပြီး ပြုစုစောင့်ရှောက်မှု ပေးထားသည်။ နှစ်သစ်ကူးနေ့၌ ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်မှာ စနေနေ့တွင်မှ နိုင်ငံအဝှန်း မီဒီယာများတွင် သတင်းဖြစ်လာသည်။ Cat caught […]


ယောက်ျားလျှာ စုံတွဲတတွဲ ခလေးရဖို့ သုတ်မျိုးစေ့ လှူခဲ့မိတဲ့ ကင်းန်ဆပ် နယ်သားတဦးခမျာ ခလေးစရိတ် တာဝန်ယူဖို့ ပြည်နယ်တရားရုံး ဆုံးဖြတ်ချက်ကြောင့် ဒွတ်ခရောက်နေပါတယ်။ အသက်၄၆နှစ်ရှိ Marotta အမျိုးသားဟာ ခလေးဖခင်အဖြစ် တာဝန်မရှိကြောင်း ယောက်ျားလျှာစုံတွဲအား စာချုပ်စာတမ်းနဲ့ သုတ်မျိုးစေ့ လှူဒါန်းခဲ့ပါတယ်။ အခုဆို ခလေးမ အသက်သုံးနှစ် ရှိပါပြီ။ ဒါပေမဲ့ အောက်တိုဘာလမှာ ကင်းန်ဆပ်ပြည်နယ် အစိုးရက သူ့ကို ခလေးအဖေ ကြေငြာဖို့၊ အကြပ်အတည်း ကြုံနေတဲ့ မွေးစားမိဘကိုယ်စား ငွေရေးကြေးရေး တာဝန်ယူဖို့ တရားရုံး လျောက်ထားပါတယ်။ သူက ရုံးတော်မှာ အမှုပလပ်ပေးဖို့ ပန်ကြားပါလိမ့်မယ်။ အမှုသော့ချက်မှာ သုတ်ပိုးလှူတဲ့အခါ ဖခင်တဦးရဲ့ နောက်ပိုင်း ငွေကြေးဆိုင်ရာ တာဝန်ရှိမှု ကင်းလွတ်ချင်ရင် လိုင်စင်ရ ဆရာဝန်မှတဆင့် ပြုလုပ်ဖို့ ပြည်နယ် ဥပဒေ […]


သချင်္ာကိန်းမှာ တန်ဖိုးအစစ်မှန်ဆုံး ပြပါဆိုရင် သုညတလုံးထဲ ရှိတယ်။ သူ့ကို ပိုကောင်းအောင် လိုတိုးပိုလျှော့ လုပ်လိုက်ရင် မူလတန်ဖိုး ပျက်ပါပြီ။ အပေါင်းအနှုတ် ဘယ်လောက် လုပ်နိုင်မလဲ အဆုံးအစမဲ့ပါ။ ခွဲခြမ်းစိတ်ဖြာ တွေးတောကြံဆရင်း ကိန်းပြည့် ကိန်းရှင် ကိန်းသေ အပိုင်းကိန်း စတာတွေပေါ်လာတယ်။ သုညအရည်အချင်းမှ ဝေးရာသွေဖီပါတယ်။ လူပြိန်းလိုဆို “များလေကောင်းလေ” ဖြစ်ပေမဲ့ “ရလေလိုလေ အိုတစ္ဆေ သဂျီးပက်လက် ငရဲမှတ်” ဆိုတဲ့ အတွေးအခေါ် ရှုဒေါင့်မှ ဆိုရင်တော့ လွဲပါပြီ။ လှုပ်လေမြှုပ်လေ ရွှံ့နွံတောထဲ နစ်နေသူ ဥပမာ အတိုင်းဖြစ်ပါတယ်။ နဂိုထဲက ရှိမနေရင် ရှာသူသာ ပင်ပန်းကြောင်း လက်ခံပေမဲ့ လက်တွေ့အသိ ရှာဖွေရင်း မူရင်းတန်ဖိုး တကယ်မဟုတ်ခြင်းကနေ ပြုလုပ်ခြင်း တန်ဖိုးအတု အဟုတ်ထင်ခြင်းများ ဖြစ်လာပါတော့တယ်။ ပြုလုပ်ဖန်တီးခြင်း […]


ဒေါက်..ဒေါက်..ဒေါက်.. ဆရာသွပ် ဆရာသွပ် ထပါအုံးဗျ၊ ကျနော် ဦးခိုင်ပါ။ ကရင်စည်သွပ် ကမန်းကတန်း အိပ်ယာမှ လူးလဲထလိုက်ရသည်။ အလို ဘယ့်နှယ်ဖြစ်ရသတုံး မနက်အစောကြီး မိုးတောင် ကောင်းကောင်း မလင်းသေးဘူး။ သဂျီးနှင့် သဂျီးဂဒေါ်တို့အား အိမ်တံခါးဝတွင် တွေ့လိုက်ရသည်။ ဆိုပါအုံး ဘာကိတ်….. ဒီလိုပါ ဆရာသွပ် ကျနော့်အိမ်ဦးခန်း ကြောင်ကြီးတကောင်ရောက်နေလို့၊ မောင်းချလို့လည်း မရဘူး၊ သူ့အိမ် သူ့ယာမှတ်နေတဲ့အတိုင်းပဲ၊ အဲဒါ ဘယ်လို အတိတ်နမိတ် ရှိသလဲ သိချင်လို့ပါ။ ကြောင်ကြီးမှ အကြီးကြီးပဲ ဆရာ၊ ကျနော်အနားကပ်ရင် မာန်ဖီတယ်၊ သွားကိုင်ရင် လက်သဲနဲ့ကုတ်တယ်။ သမီးလေးခိုင် တယောက်ပဲ အနားကပ်လို့ရတယ်။ သူ့နဲ့ကြတော့ တည့်လိုက်တာ.. သမီးလေး ကံဇာတာ တက်နေပြီထင်တယ်..။ သဂျီးဦးခိုင် သမီးဇောဖြင့် မစားရဝခမန်း မျှော်လင့်ချက်တကြီး မေးလေသည်။ […]


ဟိုးအရင်အတိတ် လွမ်းမိတယ်စိတ် ဖြစ်ချင်တာပဲသိ ဖြစ်လိမ့်မယ်လဲထင်ခဲ့ ဖြစ်လာခဲ့တော့ မဖြစ်ချင်တာတွေ… အပြစ်တင်မယ်ဆို ကံကိုလား ညဏ်ကိုလား ဟန်ကိုယ့်ဖို့ မာန်တို့ခဲ့ပေမဲ့ ဒဏ်အစို့စို့သာ ရင်ဝယ်ပိုက် ငိုကွဲ့ငမိုက်သား… သံသရာ ခံလာတာ ကြိမ်ဖန်များစွာလို့ ပညတ်ခွာထု အမှန်ပြုပေမဲ့ ဘယ်လိုမှ ဖြတ်မရတယ် ငါကိုယ်တိုင် ဖက်တွယ်ထားတဲ့ သံယောဇဉ်ကြိုး…။


မြန်မာ့အလင်းသတင်းစာမှာ ဘာသာမဲ့များကို တိုက်ခိုက်တဲ့ ဆောင်းပါးကို ပြန်လှန်ဝေဖန်တာ freedomnews မှာတွေ့တော့ တနင်္ဂနွေနေ့က ရာဟူးအင်တာနက်မှာ ကမာ္ဘနဲ့အဝှမ်း ဘာသာမဲ့များ အနှိပ်ကွပ်ခံနေရကြောင်း ဖတ်မိတာ သွားသတိရတယ်။ ယခုဘာသာပြန်ပို့စ်သည် တဖက်ဘက်လိုက်ခြင်း မဟုတ်ဘဲ ဗဟုသုတအလို့ငှာ ဖြစ်ပါဂျောင်း…. ဘာသာပြန်သူ ဦးကြောင်ကြီးအာဘော် ကျနော်ငယ်စဉ်ထဲက ဘာသာမဲ့လို့ ဆိုနိုင်သူတွေနဲ့ မစိမ်းဘူး။ အဖေဆို သူကြီးပြင်းခဲ့ရာ ခေတ်ကာလအရ လက်ဝဲအယူသန်တယ်၊ ကူမြူနစ်မဟုတ်ပေမဲ့ ဘာသာတရား ကိုင်းရှိုင်းမှု အလျဉ်းမရှိခဲ့ဘူး။ အမေကြောင့်သာ ဗုဒ္ဓဘာသာနဲ့ ကျနော်နီးစပ်ခဲ့တာ။ ဘကြီးကြတော့တမျိုး.. အသက်ကြီးလာတော့ ပရိယတ်၊ ပဋိပတ် လုပ်ပေမဲ့ (အတိတ်ကံပဲ ဆိုကြပါစို့) မိုးပြာဂိုဏ်းလို ပစ္စုပ္ပန်ဝါဒီ ဖြစ်သွားတယ်။ ဝိသုဒ္ဓိမဂ်တို့ သဂြိုလ် ဘာကျမ်းညာကျမ်း အစုံဖတ်ရှု မှတ်သားပေမဲ့ အပါယ်လေးဘုံ၊ သံသရာ လက်မခံ။ မြတ်စွာဘုရားသည် […]


အလဲဗင်းမီဒီယာမှာ သာသနာရေးဝံကျီး သူရမြင့်မောင် လက်ပံတောင်းအရေးအခင်းမှာ အစိုးရက အကြမ်းဖက် ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး သံဃာမဟာနာယက အဖွဲ့ကို လျောက်တော့ ဆန္ဒပြဘုန်းကြီးတွေ မလိမ်မိုးမလိမ်မာ အတီးအတမို့ အသုံးချခံရတယ်၊ အဲဒီအတွက် စိတ်မကောင်းဘူး၊ ရဲတွေအနေနဲ့ တောင်းပန်ပြီးပြီ၊ မလုပ်မဖြစ် လုပ်ခဲ့ရတာမို့ အစိုးရ ကိုယ်စားတောင်းပန်တယ်၊ နောင်မဖြစ်စေဖို့ ကြိုးစားမယ်၊ သွေးထိုးတဲ့ လူပုဂ္ဂိုလ်တွေ လွတ်နေတယ်။ သူတို့ကြတော့ အနာမခံ ပြေးကုန်ပြီ။ ဒဏ်ရာရ သံဃာတွေကို ကျနော်တို့ပဲစောင့်ရှောက် ပေးထားတယ်။ အဲလိုသဘောကို စာချောအောင် ပြောသွားတယ်။ အပြည့်အစုံကို ဒီမှာဖတ်ပါ။ မီးဝါနေတုံး လမ်းဖြတ်ကူးသူကို တိုက်မိတဲ့ ကားသမားက မင်းသောက်ရမ်းကူးလို့ တိုက်မိသွားတာ ဆောရီးပဲ လဒူရေလို့ ပြောသလိုပဲ။ ဘုန်းကြီးတွေကို တုံးအသူများ၊ အသုံးချခံများအဖြစ် ပုံဖော်စွပ်စွဲခဲ့ပြီး ဆန္ဒပြလှုံဆော်သူများကိုလည်း ခြိမ်းချောက်တယ်။ […]


တနင်္လာနေ့တုန်းက နယူးယောက် တိုင်းမ်းစကွဲ စတေရှင်မှာ ခလေးနှစ်ယောက်ဖခင် Ki-Suck Han ဆိုသူ ရထားဘူတာထဲ ဝင်လာစဉ် ပလက်ဖောင်းကနေ တွန်းချအသတ်ခံရတယ်။ Davidဆိုသူ (၃ဝနှစ်) သူ့အနား ကပ်လာပြီး စကားများရန်ဖြစ်စဉ် အဲသလို ရထားလမ်းပေါ် တွန်းချအသတ်ခံခဲ့ရတာပါ။ အဲဒီလူကို ဖမ်းထားပြီး ရော့ကဲဖဲလား စင်တာအနီးရှိ လမ်းဘေးဈေးသည်အကူ ဖြစ်ဟန်တူပါတယ်။ သူ့ကို စိတ်မမှန်သူတဦးလို့လည်း ပြောနေကြတယ်။ အသတ်ခံရသူ ဟန် (၅၈နှစ်) ရထားအတိုက်ခံရပြီး မကြာခင်သေတယ်။ ရထားပလက်ဖောင်းပေါ် ပြန်တက်ဖို့ ကြိုးစားသေးပေမဲ့ မမှီတော့ဘူး၊ ရထားနဲ့ ပလက်ဖောင်းအစွန်း ကြိတ်မိပြီးသေတယ်။ အဲဒီအဖြစ်အပျက်ကို မှတ်တမ်းတင်သူ အလွတ်တမ်း ဓာတ်ပုံဆရာကို အသက်မကယ်ဘဲ ဓာတ်ပုံရောင်းစားဖို့ စိတ်ကူးရှိသူအဖြစ် ဝေဖန်နေကြတယ်။ အဲဒီသတင်းနဲ့ ဓာတ်ပုံ နယူးယောက်ပို့စ် မျက်နှာဖုံးသတင်း ဖြစ်သွားတယ်။ သူကတော့ […]


ယခုလ ဒီဇင်ဘာ(၁)နေ့တွင် တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်တို့ အကျိုးတူ ဆောင်ရွက်နေသော လက်ပံတောင်း ကြေးနီတောင် စီမံကိန်းအရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် နိုင်ငံဒေါ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူသော ကော်မရှင်တရပ်အား ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ သမတဂျီးထံ အစီရင်ခံစာတင်ပြရန် ဖွဲ့စည်းပေးခဲ့သည်။ ယင်းကော်မရှင်မှ အများပြည်သူအပေါင်း သိသင့်သိထိုက်သော သတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီ သိရှိစေရန် ကနဦး ကြားဖြတ်အစီရင်ခံစာအား ထုတ်ပြန်လိုက်သည်။ (က) ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု ခံယူ၍ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များဖြင့် နေ့ညမအား အပတ်တကုတ် စုံစမ်းမေးမြန်းလျက်ရှိသည်။ (ခ) ကနဦးရလဒ် အနေဖြင့် အစီရင်ခံစာ တင်သွင်းမည့် နေ့စွဲအား အချက်အလက် ပိုမိုပြည့်စုံစေရန် ၂၀၁၃ခုနှစ် ဧပြီလသို့ […]