ဒီနေ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ ပြည်တွင်းပြည်ပ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေတယ်။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဘုန်းကြီးများ၊ ဒီမိုကရေစီအင်အားစုများ စုပေါင်းပြီး မန္တလေးမြို့မှာ ပွဲကြီးအဆင့် လုပ်မယ်လို့ သိထားပါတယ်။ စစ်တဗိုင်းအစိုးမရက ရန်ကုန်မှာ လုပ်ခွင့်မပေးဘဲ မန္တလေးကို ဖွင့်ပေးလိုက်တာပါ။ ပြီးတော့မှ ချွေးသိပ်တဲ့အနေနဲ့ ဝံကျီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ကို ငွေဆယ်သိန်း လှူခိုင်းလိုက်တယ်။ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ပွဲ ရန်ကုန်မှာ ဗကသအဖွဲ့ချုပ်ကလုပ်ဖို့ ကြိုးစားတော့ ဗကသ ခေါင်းဆောင်များ ခေတ္တအဖမ်းခံရတယ်။ ၈၈အဖွဲ့ရုံးခန်းလည်း အရှာဖွေခံရတယ်။ ငါတို့ထိန်းချုပ်မှု အောက်မှာလုပ်၊ မလိုက်နာရင် အတီးခံရမယ် တနည်းပြောရင် ဆုပေးဒဏ်ပေး ပုံစံသွင်းနေတာပေါ့ဗျာ။ အန်အယ်လ်ဒီလည်း အဲဒီအတိုင်း ကျုံးအသွင်းခံရတယ်၊ အခုတော့ လွှတ်တော်ထဲ တောင်ပြောမြောက်ပြောနဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲလမ်းဂျောင်းထဲ ရောက်သွားရှာပြီ။ အဲဒီအချိန်ကြ မယ်မယ်ရရ ဖြစ်မလာတော့လည်း […]