အရဟံဂုဏ်တော်ကို သတ္တဝါအပေါင်း၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားလို့ အလွယ်နားလည်ခဲ့ပါတယ်။ နောက်တော့ ကိလေသာအညစ်အကြေးကို ဝါသနာပါမကျန်အောင် အလုံးစုံ ပယ်သတ်ပြီးသော အနက်လည်းရှိသေးတယ်လို့ သိလာပါတယ်။ သတ္တဝါအပေါင်း ပူဇော်အထူးကို ဘာကြောင့် ခံတော်မူထိုက်တာလဲလို့မေးရင် ရေရေရာရာ မသိခဲ့ရိုးအမှန်ပါ။ နောက်ကြတော့ ဘုရားဆိုတာ ဘုန်းတော် ကံတော် ညဏ်တော် အနန ္တလို့လူပြိန်းသိ သိခဲ့ပါတယ်။ ငါကံထူးလို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ခွင့် ရတယ်ဆိုပြီး သဒ္ဓါဝမ်းမြောက်စိတ် ပွားရပါတယ်။ အခြားဂုဏ်တွေကိုလည်း ဒီလိုပဲ လုံးကောက်အနက် အဓိပ္ပါယ်ကိုသာယူ ပူဇော်ခဲ့ပါတယ်။ ဗုဒ္ဓ – သစ္စာလေးပါးကို ဆရာမပါကိုယ်ပိုင်ညဏ်နဲ့ပိုင်း၊ သူတပါးကိုဆုံးမဖို့ နည်လမ်းအကုန်သိ၊ ချေချွတ်ထိုက်သူ အလုံးစုံကို ချေချွတ်နိုင်သော၊ အ ရဟံ – မကောင်းမှုဒုစရိုက်တို့၌ ဆိတ်ကွယ်ရာမရှိသော စတဲ့ ပညာခန်းနွယ်တဲ့ ဂုဏ်တော်တွေကြရင်တော့ […]