ဒီနေ့ ကိုဇင်မျိုးထွန်းရဲ့ ဇင်ပုံပြင်များဆိုပြီး အပိုင်းသုံးပိုင်း ခွဲဖတ်ရပါတယ်။ သိမိသလောက် ဇင်ဗုဒ္ဓဘာသာဟာ တရုတ်ပြည်မှာမြစ်ဖျားခံပြီး ဂျပန်မှာထွန်းကားပါတယ်။ ဇင်ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ သွန်သင်ဆုံးမချက်တွေဟာ အရမ်းကို မှတ်သားဖို့ကောင်းလို့ အဲဒီလိုသင်ခန်းစာမျိုး ထေရဝါဒဗုဒ္ဓ ဘာသာစာပေမှာ (အထူးသဖြင့် ပြည်ပရောက် မျိုးဆက်သစ် မြန်မာများအတွက်) ရှိသင့်တယ်လို့ ထင်ပါတယ်။ ဘာသာတရား ဆုံးမချက်တွေကို လေ့လာနာယူသူဟာ အနဲဆုံး အောက်ထစ်တော့ အတွေးအခေါ် ဒဿနတခုခုကို ရယူနိုင် ဒါမှမဟုတ် ရှိပါလားလို့ ခံစားနိုင်မှသာလျင် အလေးထားရ ကောင်းမှန်းသိလာကြမှာပါ။ အဲဒီအတွက် ပြောင်းသင့်တာတွေကို ရဲရဲပြောင်းရပါမယ်။ ကိုလိုနီခေတ်ထိ မြန်မာစာပေဟာ ကဗျာရတု လေးချိုးတွေအပေါ်မှာ ကြီးပြင်းလာတာပါ။ ကဗျာဆိုရင် ကာရန်လိုက်မှ၊ စကားပြေ အရေးအသားဆိုတာ လူပြိန်းတွေအတွက်လို့ ရှေးစံနှုန်းတွေကြောင့် လောကီစာတွေတောင် သိုင်းဝိုင်းဖွဲ့နွဲ့မှတော့ ဘာသာရေးစာတွေဟာ ရှေးရိုးဆန်လွန်းခဲ့တာ နားမလည်နိုင်စရာမရှိ။ ခေတ်စမ်း […]