gun-and-girl2.jpg

ဥက္ကဌကြီးမော် ကမာ္ဘကျော် သူ့ရဲ့စကား လွန်ထင်ရှား “အာဏာသည် သေနတ်ပြောင်းဝက ဖြစ်သည်”တဲ့။ အာခေါင်ရယ်နာ ဘာကြောင့်လည်းစဉ်းစား ရုတ်တရက်မို့ အဖြေမရတယ် အောက်လမ်းပေလား။ ဒိုင်းကနဲဆိုလင်းလက် သိလိုက်တဲ့ ငါ့ဖြစ်အင် စားမိတဲ့ ငြုပ်သီးသနပ် မဆင်းဘဲ အာခေါင်ကပ်တော့ စပ်တာပေါ့လေး။

insein.jpg

ကျနော် http://www.yinthinnei.blogspot.com မှာတင်ထားတဲ့ သီတဂူဆရာတော် အင်းစိန်ထောင် မေတ္တာအခါတော်နေ့ ဒန်ပေါက်အလှူဖိုင်ကို ကြည့်မိပါတယ်။ အလှူမှတ်တမ်း ဆိုပေမဲ့ တည်းဖြတ်ထားတာတွေကတော့ ဝါဒဖြန့်ချီရေး ဆန်ဆန်ပဲ။ ထောင်သားတွေ စားတာ ပြတာကနဲပြီး ထောင်တွင်း အပြင်အဆင်တွေက ပိုများပါတယ်။ ကြည့်ရသူူတွေ အဖို့ကတော့ ထောင်ကြီးက သန့်ပြန့်လို့ ဟုတ်နေလိုက်တာ။ အဲဒီဖိုင်တင်သူများ သဘောရိုးနဲ့ များတောင် ဟုတ်ရဲ့လားမသိ။ ဘာပဲဖြစ်ဖြစ် အင်းစိန်ထောင် အတွင်းပိုင်းကို တစေ့တစောင်း မြင်ရတာမို့ ကျေးဇူးတင်ပါတယ်။ ဆရာတော်ကြီးရဲ့ မေတ္တာ ဂရုဏာနဲ့ ဝိုင်းဝန်း ပံ့ပိုးလှူဒါန်း ကူညီသူများ ကိုလည်း သာဓု ခေါ်ပါရစေ။ တဆက်ထဲ တားမနိုင်ဆီးမရ တွေးမိတာကတော့ ပြည်တွင်းရှိ ထောင်တွင်းအခြေအနေများပါ။ ဘယ်ထောင်မဆို အနည်းနဲ့ အများသာ ကွာမယ်၊ ငရဲကြီးနဲ့ ငရဲလေးပါပဲ။ ရောက်ခဲ့ဘူးသူများသာ […]

dilemma.jpg

လိင်တူချင်းဆက်ဆံတာဟာ လိင်ကွဲဆက်ဆံတာလိုမျိုး ပုံမှန်သဘာဝကျ၊ သင့်တော်တဲ့ ရွေးချယ်မှုမျိုး ဖြစ်တယ်လို့ ခလေးတွေရဲ့ အတွေးအခေါ်ကို ပြောင်းလိုက်စေတာမျိုးကို လက်မခံ နိုင်ဘူးလို့ ရီပတ်ပလစ်ကန်ပါတီကနေ ဝင်အရွေးခံမဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးလောင်း ကားလ်ပလာဒီနိုက တနင်္ဂနွေနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ စီအန်န်အန်န်သတင်းဌာနက ရရှိတဲ့ အသင့်ပြင်ဆင်ထားတဲ့ သူ့ရဲ့မှတ်ချက်မှာတော့ ‘ပုံမှန်အတိုင်းမဟုတ်တဲ့ လိင်တူဆက်ဆံသူ ဖြစ်လို့ဘာမှ ဂုဏ်ယူစရာမရှိပါဘူးလို့ ပြောထားယုံသာမက ဒါမျိုးဟာ ဘုရားသခင် ဖန်ဆင်းပေး ထားခဲ့တာလည်း မဟုတ်ဘူးလို့’ သူဝေဖန် ပြောကြားစဉ်တုန်းက မပါတဲ့ စကားလုံးတွေကို ထည့်သွင်း ဖေါ်ပြထားပါတယ်။ ပလာဒီနိုက နယူယောက်မြို့ ဘရွတ်ကလင်အရပ်ရှိ ဝီလျမ်ဘာခ့်ရပ်ကွက်ရှိ ရှေးရိုးစွဲ ဂျူးအုပ်စုတခုကို မိန့်ခွန်းပြောကြားတဲ့ အခမ်းအနားမှာ အသင့်ပြင်ထားတဲ့ မှတ်ချက်စာရွက် တွေကို သတင်းထောက်တွေကို ဝေငှခဲ့ပါတယ်။ သူ့ရဲ့မှတ်ချက်တွေဟာ လူလေးဦးကို ရက်စက်စွာ ပြုလုပ်ခဲ့တဲ့ […]

no-smoking.jpg

ဆေးလိပ်ဖြတ်တာနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို တွေ့လိုက်ရတော့ ကျွန်နော် ငယ်ငယ်တုန်းက သုံးနှစ်လောက် ဆေးလိပ်သောက်ခဲ့တာ၊ ဆေးလိပ်ဖြတ်ခဲ့တာတွေကို သွားသတိရမိတယ်။ ဆေးလိပ်ကို ဘာလို့သောက်ခဲ့ သလဲဆိုရင် လူအထင်ကြီးတာ ခံချင်လို့၊ စသောက်စဉ်အခါက ရှစ်တန်း ဆိုတော့ အသက်က ဂျူနီယာဆယ်ကျော်သက်၊ စိတ်ကစားကစ အရွယ်ဆိုတော့ သက်တူရွယ်တူ တွေရှေ့မှာ ဟန်လုပ်ချင်တာက အဓိကပါ။ ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးကများ မသောက်နဲ့လို့ ပြောရင် သဘောတွေကျလို့။ ဂရုစိုက်တယ်ပေါ့လေ။ စစချင်းတော့ ငါးသုံးလုံးနဲ့ မာလ်ဘိုရို တို့နဲ့ပါ။ သူတို့ရှေ့ သွားပြီး စီးကရက်သောက် စတိုင်ထုတ်ရတာ တော်တော်ဟုတ်နေတယ် ထင်ခဲ့ပါတယ်။ မှတ်မှတ်ရရ ဆေးလိပ်စသောက်တဲ့ နေ့က ကျောင်းကအပြန် အနားယူပြီး မကြာခင်မှာ သူငယ်ချင်းတယောက်နဲ့ လိုက်နေတဲ့ ကောင်မလေးဆီအသွား လမ်းမှာ ငါးသုံးလုံး တလိပ်စီ ဝယ်ခဲ့ကြပါတယ်။ […]

NLD-Tin-Oo.jpg

မိုးမခ မီဒီယာမှာ ကာကွယ်ရေးဦးစီချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဦးတင်ဦးကို ကန်တော့ပွဲလုပ်မယ်ဆိုလို့ စင်ကာပူရှိ အွန်လိုင်းမိတ်ဆွေများကို လက်တိုလိုက်ပါတယ်။ သွားဖြစ်အောင်သွားကြပါ။ အဘ (သူမှတကယ့်အဘအစစ်) ကအသက် ၈၃နှစ်ရှိပါပြီ။ နောင်မှ မဆုံမိလိုက်ရလေခြင်းလို့ မဖြစ်လိုက်ရလေအောင် တခေတ်မှာတယောက် တတပ်မှာတဦးလို့ (စကားအဖြစ်ပြေတာပါ၊ အခြားသော စစ်သားကောင်းတွေလဲ ရှိပါတယ်) ပြောနိုင်တဲ့ ဘဘဦးတင်ဦးကို သွားနှုတ်ဆက်ကြပါလို့။ တဆက်ထဲမှာလည်း အဘဦးတင်ဦးတို့၊ ထောက်လှမ်းရေး မျက်မှန်ကြီးဦးတင်ဦးတို့ကို မှီလိုက်သူများ သိမှီသလောက်ကို ပို့စ်တင်ပေးနိုင်ရင် သိပ်ကောင်းပါလိမ့်မယ်။ သတင်းအပြည်အစုံကိုတော့ ဒီလင့်ခ်မှာ သွားဖတ်နိုင်ပါတယ်။ http://moemaka.com/index.php?option=com_content&task=view&id=7356&Itemid=1 Dear members of Burmese community, Singapore You are cordially invited to the respect-paying ceremony of Thura U […]

bombing.jpg

နောက်နေ့တွေမှ အေးအေးဆေးဆေး တင်မလို့ဆုံးဖြတ်ထားပေမဲ ဒီနေ့ညပိုင်းမှာ ပို့စ်အသစ်တွေ တက်မလာတာ တွေ့လို့ အသစ်ကလေး အနေနဲ့ တင်လိုက်ပါတယ်။ ဈေးတွက်မတွက်ဘဲ ကြင်နာစွာနဲ့ အားပေးကြပါလို့။ ချိုသာတဲ့ မင်းစကားလုံး ငါ့အတွက်တော့ ပိဿလေးခဲနဲ့ အပစ်ခံရသလို။ ယဉ်ကျေးတဲ့ မင်းအမူအယာ တမင်များငါ့ဖို့ ရှက်တတ်အောင် လုပ်ခဲ့တာများလား။ ပြတ်သားတဲ့ မင်းလုပ်ရပ် ငါ့နှလုံးသားကို ဒါးနဲ့မွှန်းတာထက် ပိုနာတယ်။ တွေးရင်းနဲ့ဒေါကီး ဗျောတီးချင်လာလို့ ထွက်ပေါက်ရှာတယ် တွေ့ပါပြီ မန်းဂေဇက် ကွန်းမန့်မှာ နာနာနှက်မယ် မကောင်းသူထိပ် ကောင်းသူထိပ်။

current.jpg

လူတွေက ပစ္စုပ္ပန်ကိုကြည့်လို့ ပြောလေ့ရှိကြတယ်။ ဘာလဲ ပစ္စုပ္ပန်ဆိုတာလို့မေးလိုက်ရင် အခုဖြစ်နေတာပေါ့လို့ ပြန်ဖြေကောင်း ဖြေကြပါလိမ့်မယ်။ ပစ္စုပ္ပန်ဆိုတာ တကယ်တော့ ရွေ့လျားခြင်း သဘောကို ပြောတာပါ။ အနာဂတ်ရဲ့ ပစ္စုပ္ပန်သည် ယခုပစ္စုပ္ပန်ဖြစ်နေပြီး ချက်ခြင်းဆိုသလိုပင် အတိတ် အဖြစ်ကိုရောက်သွားပါတယ် (ဝါ) အတိတ်ဆိုတာ အရင်က ပစ္စုပ္ပန်ပါ။ အဲဒီ မရှိတဲ့ ကာလသုံးပါးကနေ လွတ်မြောက်နေတာကို ဝိမုတ္တိစိတ်လို့ ခေါ်ပါတယ်။ ငါဆိုတဲ့ အတ္တနဲ့ကြိတ်မှိတ် စောင့်ထိမ်းနေရတဲ့ ကလျာဏ ပုထုဇဉ်မျိုး မဟုတ်တော့ဘဲ အဓိသီလ၊ အဓိသမာဓိ၊ အဓိပညာ သုံးပါးစလုံး ပြည့်စုံနေတဲ့ သဘောပါ။ အမြဲတည်တယ် ဆိုရင် မဟာသောတာပန် ဖြစ်လို့သွားပါတယ်။ ဖြစ်ပျက်ရှုတယ်ဆိုတိုင်း ဝိပဿနာ မမည်ပါဘူး။ ကာလသုံးပါးမှ လွတ်မြောက်အောင် ရှုနေမှသာ (သို့) ရှုနိုင်မှသာ ဝိပဿနာ မည်ပါတယ်။ […]

inner-peace.jpg

သောတာပန်စိတ် အောင်တိုဘာ၆ရက်နေ့ကတင်လိုက်ခဲ့တဲ့ပို့စ်ကို ထပ်ဖြည့်ထားပါတယ်။ ဖြည့်လိုက်တဲ့ စာသားအသစ် တွေကိုတော့ ကွဲကွဲပြားပြားသိရအောင် အိုင်တဲလစ်အစောင်းစာလုံး သုံးထားပါတယ်။ အကျယ်ကိုတော့ www.theinngu.org မှာဖြစ်ဖြစ် http://www.mediafire.com/kotseikkosit ရဲ့ပထမဆုံး ဖိုလ်ဒါမှာဖြစ်ဖြစ် နာနိုင်ကြပါတယ်။ သောတာပန် တယောက်ဖြစ်ပြီဆိုရင် ငါဆိုတဲ့အစွဲ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး ရှိ၊မရှိဆိုတဲ့ သံသယကနေ လွတ်မြောက်သွားပြီလို့ ဆိုကြပါတယ်။ အဲဒီ စာထဲက ဒိဌိတို့ ဝိစ္ဆိကိစ္စတို့ ပြုတ်တယ်ဆိုတာ လက်တွေ့ပြပါဆိုရင် ဘာကိုဆိုကြမှာတုန်း။ သေမှ၊ လောကဓံနဲ့ကြုံမှ မဟုတ်ဘဲ သိနိုင်တဲ့နည်း မရှိတော့ဘူးလား။ ဘာလို့သိဖို့ လိုလည်းဆိုရင် မိမိနှစ်ရှည်လများ အားထုတ်နေတဲ့ ကမ္မဌာန်းဟာ ဟုတ်မဟုတ်၊ ကိုယ်နဲ့ကိုက်မကိုက်ကို အချိန်မနှောင်းခင် သိဖို့ပါ။ လက်တွေ့စစ်နည်း ရှိပါတယ်၊ ဘုရားစာနဲ့လည်း ညီပါတယ်။ အဲဒါကတော့ သဲအင်းဂူ ဆရာတော်ကြီး […]

bully.jpg

တကယ်တမ်းတော့ ဘဝဆိုတာ ရင်ခုန်ယုံနဲ့ ပြီးမှမပြီးတာ.. ကြားဖူးတဲ့ သီချင်းစာသား ရောက်ခါစကပေါ့။ မှန်လွန်းလို့ သွေးထွက် ရုန်းခဲ့ရတဲ့ ငါ့ဖြစ်အင်။ တွေးဖို့တောင် မဝံ့့တယ် ဆိုးခဲ့တဲ့ဘဝ။ ချစ်သောသူဆဲ သူဌေးဖြဲလို့ ငမဲကထောင်း ပဲအမောင်းလည်းခံရတယ် (ပဲ=စပန်းနစ်ရှ်လူမျိုး) မြေနိမ့်ရာ လှံစိုက်ခဲ့ပေါ့။ ဘဝတကွေ့ ခဏတွေ့မှာ လုပ်ရက်ကြသူတွေ ရက်စက်မှ ပျော်နိုင်သလား။ ငါ့မှာတော့ ကျောကော့အောင် ဒဏ်ရာရှတယ် ဘယ်က ဝဋ္ဋ်ကြွေး။

mask.jpg

အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတယောက် ရှိပါသည်။ သူ၏နာမည်မှာ လင်းမြိုင် ဟုခေါ်ပြီး ရင်းနှီးသူများကတော့ လင်းမြွေလို့ ခေါ်ပါသည်။ သူသည် ညိုညိုမောင်းမောင်း တုတ်တုတ် ခိုင်ခိုင် ကြီးဖြစ်ပြီး အနေအထိုင် အေးဆေးသူ ဖြစ်ပါသည်။ ကျွန်နော်တို့ နှစ်ယောက်သည် တဦးအပေါ် တဦး လွန်စွာချစ်ခင်ကြပါသည်။ ဟေ့ကောင်စာရူး မင်းဘာတွေ ရေးနေတာတုံးကွ၊ ကျွန်နော်လည်း မန္တလေးဂေဇက် အွန်လိုင်းအတွက် ပို့စ်တခု စမ်းတင်မလို့ ကြိုးစားပမ်းစား စာတပုဒ်ရေးနေတုန်း ချစ်သူငယ်ချင်း တေဇာ ရုတ်တရက် ရောက်လာပြီး မေးလိုက်တာပါ။ ကျွန်နော်လည်း စာကိုဖွက်ဖို့ မဖြစ်နိုင်တော့တဲ့အဆုံး မှန်ရာကို ဝန်ခံလိုက်ရပါတယ်။ သူကကျွန်နော့် စာမူကြမ်းကို မျက်နှာထိ မျက်နှာထားနဲ့ အယ်ဒီတာ မျက်နှာပေးအတိုင်း ရှုံ့မဲ့ကြည့်ပြီး မင်းဟာကလည်းကွာ ငါးတန်းခလေး စာစီစာကုံးလောက်မှ အရေးအသား ပုံမကျ၊ ဒီလောက်တောင် […]

frame.jpg

ပညာရှိတွေ က ဖေါက်ထွက် တွေးကြ လို့ လူတွေ ကို သမားရိုးကျ စဉ်းစား တွေးခေါ်မှု ကနေ သွေဖီ ခိုင်း ပါတယ်။ ဒီလို လုပ်တာ အမြဲ ကောင်းသလားလို့ ပြောတဲ့အတိုင်း ဖေါက်ထွက် တွေးမိတော့ ရေးစရာ ပို့စ်တခု ကို ရလိုက်တဲ့ အတွက် ကောင်းတယ် လို့ ထောက်ခံချက် နဲ့ စပါရစေ။ ဖေါက်ထွက် တွေးတာရဲ့ ဆန့်ကျင်ဖက်က ဘောင်ခတ် တွေးတာ ဖြစ်ပြီး သူ့ကို အမြဲ ဆိုးတယ်လို့ မဆိုနိုင်ကြောင်း ကာကွယ် ပါရစေ။ ဘာလို့လည်း ဆိုတော့လည်း သူတို့ နှစ်ခုစလုံး ရှိမှ ဒီပို့စ်ကို ရေးဖို့ ဖြစ်နိုင်လို့ပါ။ ဘယ်ဟာက ပိုကောင်းလား၊ ပိုဆိုးလား ဆိုတာကတော့ […]


စက်တင်ဘာ ၂၈ရက်နေ့ မှာတင်တဲ့ MyFirstGreen ရဲ့ကဗျာ မှန်လား မှားလား ???… ကိုခံစားပြီး ရေးပါသည်။ ဟောင်းသွားလည်း သစ်နေဆဲ ပြောင်းသွားလည်း ကောင်းနေဆဲ ရင်ထဲမှာပဲ တဝဲထဲ တလည်လည် တွေ့ရင်တော့ ဖဲ့ပစ်လိုက်မယ် ကြမ်းတယ်လို့ပဲ ဆိုချင်ဆို ဒီမောင်ပျို စိတ်ဇောဟုန်တွေထ အထင်တော်မလွဲလိုက်ပါနဲ့ ဖွဲ့ချင်ပါတယ် ဝက်သားဒုတ်ထိုးနဲ့ ကြေးအိုးစစ်စစ်ကိုတ အို..ငါ့မှာ မဆုံးနိုင်တဲ့ ကဗျာအာသီသ။


စက်တင်ဘာ ၂၈ရက်နေ့မှာတင်တဲ့ MyFirstGreen ရဲ့ကဗျာ လျှောက်ရေးထားသည်။ ကိုခံစားပြီး ရေးပါသည်။ မျောက်ကြီးလိုမှိုင် ငါထိုင်နေတယ် ငှက်ပြောသီးတလုံးနဲ့ပေါ့။ မိုးထိမြင့်မား ဆန္ဒများနဲ့ ကျော်ရန်ပွိုင့်တသိန်း အတင်းပဲဇွတ် မျက်စိမှိတ်ရေးမှ ရတော့မယ်။ တဦးပြီးတဦး တသိန်းပြီးတသိန်း ထုတ်သွားလိုက်ကြတာ အမေ့အိမ်က ပေးနေတဲ့အတိုင်း။ နောက်ဆုံးက ကိုအီးတုံး ဘယ်နှစ်သိန်း ရှိပြီတုံး နောက်နေကြတာလားဗျာ။ လူမှန်ရင် ခံစားချက် ကြာလာတော့ ဗလောင်ဆူပွက် နင်ကတကျပ် ငါ့ကြတော့တမတ် လုပ်ကြပါရှင် ရှင်တို့ကရဲတွေပဲ။ တခါတလေတော့လည်း တကယ်လိုချင်ခဲ့တာမို့ စိတ်နာဟန်ဆောင်ကာ ချွဲမူပိုလိုက်တယ် လာစမ်းဟဲ့ ပို့စ်တင်ခ ပွိုင့်။