who-cares.jpg

ဒီပို့စ်ကို ဘုရားဆိုတာ နှလုံးသားထဲမှာ ရှိရင်ပြီးတယ်လို့ ပြောလေ့ရှိတဲ့ သူတွေအတွက် တင်လိုက်တာပါ။ အဆောင်အယောင် ကိုးကွယ်မှု ဓလေ့ ထုံးတမ်းတွေ မလိုဘူး။ ဘုရားကို ဘုရားမှန်း သိရင် လုံလောက်ပြီ။ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား လုပ်နေတဲ့ သူတွေထက် စာရင် ငါတို့ အပုံကြီးသာတယ်။ ကိုယ်လုပ်မှကိုယ်စား၊ ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့၊ လုပ်စရာတွေ အပုံကြီးဆိုပြီး ပြောလေ့ရှိကြပါတယ်။ တခြား ဘာသာတွေရဲ့ ထုံးတမ်းဓလေ့ တွေက ကိုယ့်ဆီမှာလို မရှုပ်ထွေး၊ မတင်းကျပ်၊ သက်ဆိုင်ရာ ဘုရားတွေအပေါ် အကြွင်းမဲ့ သစ္စာရှိ အားကိုးနေရင် လုံလောက် နေပြီ။ မိရိုးဖလာ ဗုဒ္ဓဘာသာကြတော့ စည်းကမ်းဓလေ့ တွေကလည်းများ၊ နားမလည်နိုင်တာ တွေက လည်း တပုံကြီး၊ လုပ်ဆိုလို့သာ လုပ်လိုက်ရတယ်။ […]

yit-boycott2010orgotohell1.jpg

ဘာကြောင့်မဲမပေးသင့်သလဲဆိုတာကို ကိုလင်းဝေကျော်ရဲ့ စက်တင်ဘာ ၂ဝနေ့မဲမပေးဘဲငုံ့ခံကြတော့မှာလားဆိုတဲ့ ပို့စ်အမှီ NCGUB ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းရဲ့ ဗွီအိုအေနဲ့ အင်တာဗျူးကို မိုးမခအင်တာနက် စာမျက်နှာမှာတွေ့လို့ ကော်ပီလုပ်တင် လိုက်ပါတယ်။ ကျွန်နော့်အမြင်ကတော့ သပိတ်မှောက်သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေဆိုတာ တရားမဝင်လို့ပါ၊ ထပ်ဆက်တူးရရင် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်လို့မရပါ၊ အဆုံးစွန်ထိ ဆက်ပြောရရင် ရွေးကောက်ပွဲလုပ်ခိုင်းတဲ့ နအဖရဲ့ တရားဝင်မှုကို ပြန်စဉ်းစားရပါမယ်။ ကျွန်နော်က ဒေါက်တာစိန်ဝင်း ပရိတ်သတ်တယောက် မဟုတ်ပါဘူး ဒါပေမဲ့သူ့အင်တာဗျူးက ကောင်းလို့ ပြီးတော့ မြန်မာလိုလည်း တင်ထားတာရှိလို့ မျှလိုက်ပါတယ်။ ၂၀၁ဝ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၇) ရက်နေ့မှာ စစ်အစိုးရက ကျင်းပ ပြုလုပ်တော့ပါမယ်။ ဒီရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင် သပိတ်မှောက်ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ရှိကြပေမယ့် […]

kimono-e1285106376905.jpg

ကျောင်းတက်တုန်းက ဂျပန်မလေး တယောက်နဲ့ သိကျွမ်း ဖူးပါတယ်။ (ကိုယ်ကတော့ ရရင် ပိုချင်ခဲ့တာ ပေါ့လေ) ကျောင်းသား အများစု အိမ်ပြန်သူပြန်၊ ခရီးသွားသူ သွားနဲ့ မတက်လည်း ဖြစ်တဲ့ ကြားဖြတ်ရာသီ မိုလို့ အတန်းထဲမှာ လူသိပ်မရှိ။ ကျောင်းအမြန် ပြီးချင်သူ အချိန်ပြည့် ကျောင်းသား တွေ နဲ့ အချိန်ပိုင်းတွေ ပဲရှိတယ်။ ရှိတာကလည်းး တရုတ်နဲ့ ထိုင်ဝမ်တွေ များတယ်။ တရုတ် ဂျပန် ကျောင်းတော်က ရန်စက ယနေ့တိုင် ကြေသေးပုံမရ။ ဒီတော့ ကျွန်တော့် ဂျပန်မလေး ခမျာ သင်းကွဲ ငှက်လေး ဖြစ်နေ ရှာသပေါ့။ ကျွန်တော်လည်း အားနည်းသူကို ကူညီဖို့ ဝတ္တရားရှိတဲ့ အတိုင်း ဝင်လုံး တာပေါ့၊ အဲလေ မိတ်ဆွေ […]

cat-jumps2.jpeg

သတ္တဝါတိုင်း နားလည်တဲ့ မာဂဓဘာသာ ကို မြတ်စွာဘုရားဟာ စကားပြောရင် သုံးတယ်လို့ မှတ်သားဖူးပါတယ်။ ဘုရားရဲ့ တရားတော်ကို ရှေးဦးစွာ နှုတ်တိုက်အာဂုံ ဆောင်ခဲ့ကြပြီး ကာလကြာမှ သက္ကတ အက္ခရာနဲ့ မှတ်တမ်းတင်တယ် နောက်တော့မှ ပါဠိဘာသာ ကိုပါ။ အခုတော့ အွန်လိုင်းမှာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ မြန်မာလိုပါ ရနေပြီပေါ့။ တလောက အသိအိမ်ကို် ရောက်ပါတာနဲ့ ကြုံလို့ မြန်မာဘာသာပြန် သူတို့ ဘာသာရေး စာအုပ်တအုပ်ကို ကြည့်မိပါတယ်။ စာအုပ်က နိုင်ငံခြားစာ နဲ့ ဘာသာပြန် မြန်မာစာကို အပေါ်အောက် တလိုင်းစီ ရေးထားတာပါ။ ကျွန်တော် သတိထားမိတာက မူလဘာသာနဲ့ စာကြောင်းတွေက တိုပြီး မြန်မာလိုတွေက ဖေါင်းပွနေတာကို သတိပြုမိ ခဲ့ပါတယ်။ အဲဒီတုံးက ကိုယ်နဲ့မဆိုင် ဇတ်ပြတ်မှာစိုးလို့ […]

nivirna-sightseeing.jpg

ဘင်ဆိုလို့ တီးတဲ့ဘင်ခရာကို သွားမမြင် လိုက်ပါနဲ့။ တရား အားထုတ်သူ တွေ ဆိုလေ့ရှိတဲ့ ဥပါဒ်၊ ဌီ၊ ဘင်ကို ပြောတာပါ။ တချို့က ခန္ဓာနဲ့သိပေမဲ့ စာလို မပြန်တတ်လို့ တရား အားထုတ်နေပြီး ဒါတောင် မသိဘူးလား ဆိုပြီး အထင်လွဲခံ ကြပါတယ်။ သဲအင်းဂူ ဆရာတော် လူဝတ်ကြောင် ဘဝနဲ့ တရား အားထုတ် နေတုန်း ယခင်ကျော်ဇော သတင်းတွေကြောင့် လာဖမ်းသူ မှုခင်းစစ်ရဲက မင်းတရား အားထုတ် တယ်ဆိုရင် ဥပါဒ်၊ဌီ၊ဘင် ဆိုတာသိလား လို့ မေးတော့ အောက်အရိယာ ဖြစ်နေပြီဖြစ်တဲ့ ဆရာတော်လောင်း မဖြေနိုင်ခဲ့။ ဒါနဲ့ပဲ လူလိမ်ဆိုပြီး ရဲ ညှင်းပမ်း နှိပ်စက်တာကို ခံခဲ့ရပါ တယ်။ ဒီလို ရဟနာ္တလောင်းလျာတောင် မချန် […]


စက်တင်ဘာ ၅ ရက် ဒီနေ့ နေ့စွဲနဲ့ ဗွီအိုအေ မြန်မာပိုင် မှာ မအေးအေးမာ တင်ထားတဲ့ ပဲခုူး သတင်းပါ။ ပွိုင့်ရဖို့ မရည်ရွယ်ဘဲ ပြည်တွင်းသတင်း မသိသေးသူ အများ သတိပြုမိစေရန်ပါ။ By မအေးအေးမာ တနင်္ဂနွေ, 05 စက်တင်ဘာ 2010 http://www.voanews.com/burmese/news/myanmar-army-shot-bago-102253094.html ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်းမှာ နေထိုင်တဲ့ အရပ်သား လူငယ်တွေနဲ့ ခလရ ၅၉ စစ်တပ်က စစ်သားတွေ ဆိုင်ကယ်ချင်း တိုက်မိပြီး စကားများကြပြီးတဲ့နောက် စစ်တပ်က လိုက်လာပြီး ရပ်ကွက်လမ်းထိပ်မှာပဲ အသက် ၁၈ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ အသက် ၂၂ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ၂ ဦးကို လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် လူငယ် ၂ […]

parting-away.jpg

ကျွန်တော်တို့တွေ မြန်မာပြည်က မတော်ရတဲ့ အဘတွေ ကျေးဇူးနဲ့ နိုင်ငံတကာကို ရောက် ကုန်ကြတာ ဆယ်စုနှစ်၂ခုကျော်လို့ မျိုးဆက်သစ် တွေတောင် အပျို၊လူပျိုတွေ ဖြစ်ကုန်ပါပြီ။ ၂၀၀ဝ ခုနှစ် နောက်ပိုင်း နိုင်ငံခြားမှာ မွေးတဲ့ မြန်မာတွေ ပိုများ လာတယ်လို့ ထင်ပါတယ်။ မန ္တလေးဂေဇက် အယ်ဒီတာ့ အာဘော်အရ အမေရိကန်နိုင်ငံ တခုထဲမှာကို မြန်မာ တသိန်းခွဲ ကျော်ပြီလို့ ဆိုပါတယ်။ မျိုးဆက်သစ် မြန်မာခလေးတွေက သောင်းကျော် ပါလိမ့်မယ်။ ကျွန်တော်နေတဲ့ မြို့မှာ လုပ်တဲ့ ဘာသာရေးနဲ့ လူမှုရေးပွဲ တွေမှာတော့ ဆယ်နှစ်ဝန်းကျင် ခလေးများကိုသာ တွေ့ရပြီး အဲဒီထက်ကြီး ရင် ဘယ်ပျောက် သွားမှန်း မသိတော့ ပါဘူး။ ဒါကို နားလည်ပေး နိုင်ပါတယ်။ ကိုယ်လည်း […]

saffron.jpg

မြန်မာပြည်မှာ သံဃာတော်တွေ နှိပ်ကွပ်ခံနေရတာတွေကို ကြားရတော ့ ရတနာသုံးပါးအဖြစ် ဘုရားနဲ့တတန်းထဲထားခံရတဲ့ ထေရဝါဒ ဗုဒ္ဓဘသာသာနိုင်ငံမှာ ဘာကြောင့် ဒီလိုဖြစ်ရတာလည်း လို့ တွေးမိပါတယ်။ ဘာသာတရားထွန်းကားတဲ့ တခြားနိုင်ငံတွေမှာ ဘုန်းကြီးတွေနဲ့ အာာဏာပိုင်တွေ ပဋိပက္ခဖြစ်ရင် ဒီလောက်ထိ မရက်စက်။ စဉ်းစားတယ် ဆိုတာကလည်း လမ်းရိုးကြီးကနေ ဖေါက်ထွက် ပြီး လားပေါင်းများစွာ အထဲကမှ ဖြစ်တန်စွမ်း လား တကောင်များ ရမလားလို ့ပါ။ စစ်ဗိုလ်တွေက တကုန်းကုန်းနဲ ့ လူရှေ့ကြရင် ဘုန်းကြီးတွေကို ရိုသေလို့ ချချင်တော့လည်း ဝါ တော် ၆ဝ ထေရ်ကြီးတွေတောင် ဆော်တာပဲ။ သူတို့လက်သုံးက ဓမ္မစက်နဲ့ မရလို့ အာဏာစက် သုံး ရတာတဲ ့၊ ကောင်းကောင်းပြောမရလို ့တီးလိုက်တယ်ပေါ့။ ဒီခွေးသွားစက် ဘယ်ကနေ […]


ဒီပို့စ်ကို ဒီနေ့ ဩဂုတ် ၃ဝ မှာ etone တင်တဲ့ လူမိုက်ကြီး ၁ဝ ယောက် ကိုဖတ်ပြီး ရုတ်တရက် စိတ်ကူးပေါက်လာ လို့ တင်လိုက်တာပါ။ ပို့တင်သူ etone ကို ကျေးဇူး အထူး တင်ရှိပါတယ်။ ၁ က ရွေးကောက်ပွဲ ဝင်ကြမဲ့ ပုဂ္ဂိုလ်များ (တပ်ပြုတ်ကြီး ရဲ့ အချစ်ကို များ ရ မလား လို့ ကြိုးစား နေလို့) ၂ က စစ်တပ်က ပြောင်းတော့ မှာပါ လို့ ပြောနေကြ တဲ့ မသူတော်များ (အမှတ် သညာ မရှိလို့) ၃ က နအဖ နဲ့ပေါင်းတဲ့ အပစ် ရပ် သူပုန်များ (ကိုယ့် […]


မှိုနဲ့လုပ်တဲ့ Po Lo Ku တံဆိပ် mushroom seasoning ဟင်းချိုမှုန့်ကို ဟင်းချက်တဲ့နေရာမှာ သုံးနေတာ အဆင်ပြေလို့ မိတ်သင်္ဂများ ကို လက်တို့လိုက်ပါတယ်။ တချို့က အမ်အက်စ်ဂျီ အချိုမှုန့်ကို ကျန်းမာရေး အရ လုံးဝ မသင့်လို့ ဆိုပြီး ရှောင်လိုကြပေမဲ့ အခြားရွေးစရာ မရှိလို့ ကြိတ်မှိတ်ပြီး သုံးနေရတာ တွေ့လို့ပါ။ ထိုင်ဝမ်ကနေ သွင်းပါတယ်။ အယ်လ်အေက တရုတ် ဆူပါမားကက် တွေမှာ ဝယ်လို့ရတယ်လို့ သိရပါတယ်။ ebay ပေါ်ကနေလည်း ရောင်းတတ် ပါတယ်။ အရှေ့ဘက်ခြမ်းမှာ နေသူတွေကတော စာတိုက်ကနေ လှမ်းမှာရင်မှာ ဒါမှ မဟုတ်ရင် လူကြုံနဲ့ ရှာဖို့ ပဲရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်လခွဲ လောက်တုန်းက အီးဘေးကနေ ရောင်းဈေးက ၅၀ဝ […]


ငယ်ငယ်တုန်းက ဘော်ဒါတွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ရင် အကြောင်းစုံ ပြောဖြစ်ကြပါတယ်။ ဖွမ်ကိစ္စကစလို့ အိုင်းစတိုင်းရဲ့ ရီလေးတီဗတီ သီအိုရီ အထိ အာပေါင် အာရင်း သန်သန်နဲ့ ဖင်မီးခိုး ထွက်အောင် ဆေးလိပ်သောက်ပြီး ငြင်းကြခုန်ကြပါတယ်။ (ခုန်တာကတော့ စားပွဲအောက် ကြွက်ဖြတ် ပြေးလို့ပါ) ပြောစရာကုန်သွားရင် ဘုရားဟောဘက်ကို် ရောက်ပါတယ်။ မှတ်မိတာက နိဗာ္ဘန် ဆိုတာ ဘာလဲပါ။ အများစုက အရမ်းအေးချမ်းတဲ့ လုုံးဝ အပူအပင်မရှိတဲ့ နေရာလို့ လုံးဖြေပါတယ်။ ကျွန်တော် က ရိပ်သာဝင်ဖူးတဲ့ အရှိန်နဲ့ မင်းတို့မှားတယ်၊ နိဗာ္ဘန် ဆိုတာ ဘာမှ မရှိတဲ့နေရာ၊ ခံစားမှုမရှိဘူး။ အေးချမ်းတယ်ဆိုတာ အဲဒါလို့ ဆရာလုပ်ပါတယ်။ သူငယ်ချင်းတွေက ညဏ်မမှီလေ ကျွန်တော်က ဖိပြောလေပါပဲ။ ကျွန်တော်ပြောတာက ပိုပြီး သဘာဝကျ သယောင်ယောင် […]


လွန်ခဲ့တဲ့အပတ်က ကျွန်တော်တင်တဲ့ သက်သတ်လွတ်နဲ့ ကိုယ်ချင်းစာတရား ပို့စ်မှာ ဝိုင်း ဆိုသူ မန ္တလေးဂေဇက် အွန်လိုင်း မိတ်ဆွေတဦးရဲ့ ဘာသာရေးဆန်တဲ့ စာတွေရေးရင် အစွန်းလွတ်တာ ကောင်းမယ်ထင်တယ်လို့ စေတနာနဲ့ မှတ်ချက်ပြုလာလို့ အစွန်း၂ပါး က လွတ်တဲ့ လမ်းစဉ်နဲ့ဆိုင်တဲ့ အတွေးလေးတင်လိုက်ပါတယ်။ ဒီပို့စ်က သူ့ကြောင့် ခေါင်းထဲ ပြန်ပေါ်လာလို့ ဝိုင်းကို အထူး ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ထက် အသက်၊ ပညာ၊ ဂုဏ်ကြီးသူ ဖြစ်နေလို့ စော်ကားသလိုဖြစ်ခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်။ ရဲရဲတွေးလို့ မြန်မြန်ကြီး ရောက်မဲ့သူ တယောက်လို့ပဲ မိမိနှစ်သက်သလို သဘောထားစေလိုပါတယ်။ (အဲ ကျွန်တော်အာရုံပြုတာကတော့ အထက်ဘုံနဲ့ နိဗာ္ဘန် ပါ)။ စ ရမယ်ရင် လူတွေပြောပြောနေတဲ့ အလယ်အလတ် မဇ္ဇမပဋိပဒါလမ်းစဉ် ဆိုတာ အပြောလွယ်သလောက် အလှမ်းခက်ပါတယ်။ […]


သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်လို ့နဲနဲလောက် ဆက်ဖွပါရစေ။ မိမိအတွက်နဲ့ သူများကို ဒုက္ခမပေးရဘူးဆိုတာ ကိုယ်ချင်းစာတရားကနေ ဆင်းသက်လာတယ် ထင်ပါတယ်။ ဘယ်အကြောင်းကြောင်းနဲ့မှသူ့အသက်ကို မသတ်၊ မညှင်းဆဲရ ဆိုတဲ့ပညတ်ချက်ဟာ ရှေ့ဘဝ၊နောက်ဘဝ ရှိတယ်လို့ယုံကြည်တဲ့ အရှေ့တိုင်းက ဘာသာတရားတွေမှာ အထင်အရှား ပြထားပါတယ်။ အနောက်တိုင်းကတော့တမျိုးပါ။ ဒီတော့ ဖန်ဆင်းရှင် ထာဝရဘုရား ရဲ့ ဆုံးဖြတ်ချက်ကိုခံရမဲ့ နောက်ဘဝတခုပဲ ရှိတယ်ဆိုတဲ့ အနောက်တိုင်းကလူ့အဖွဲ့အစည်း နဲ့ အရှေ့တိုင်းကဘာသာတရားကို လက်ခံတဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့လူ့အဖွဲ့အစည်းတို့ရဲ့ အဟိတ်တိရစာ္ဆန်တွေအပေါ် ထားတဲ့ သဘောထားတွေကို သဘောလောက် နှိုင်းယှဉ်ကြည့်လိုက်ရအောင်လား။ အနောက်တိုင်းရဲ့ ဖန်ဆင်းရှင်ဝါဒအရ တိရစာ္ဆန်ဆိုတာ ဘုရားကလူတွေအတွက်၊ လောကအတွက် လုပ်ပေးထားလို့ ဘုရားရဲ့ကျေးဇူးတော်ကို အောင့်မေ့ပြီးသတ်စားရင် အပြစ်လွတ်၏၊ ကုသိုလ်တောင်ရမည်ထင်ပါသည်။ မြန်မာဗုဒ္ဓဘာသာလူ့အဖွဲ့စည်းမှာတော့ သူတဖက်သားကို နာကြင်အောင်လုပ်ရင်တောင် ဘာအကြောင်းကြောင့်ပဲလုပ်လုပ် အပြစ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ […]