အတွေးတခု ခေါင်းထဲရောက်နေတာ ကြာပါပြီ။ ဘာလဲဆိုတော့ သစ်ပင်ကြီးတွေအပေါ်မှာ ရုက္ခစိုးတွေက ဗိမ္မာန်ဆောက်နေကြလေ့တယ်လို့ မှတ်သားဖူးပါတယ်။ သူတို့ဟာ စတုမဟာရာဇ် နတ်နွယ်ဝင်တွေဖြစ်ပြီး အသက်ဟာ လူ့သက်တန်းနဲ့ ရေတွက်ရင် အနှစ် ကိုးသန်း သုံးသိ်န်းရှည်တယ်ဆိုလား စာထဲမှာဖတ်ဖူးပါတယ်။ ကျွန်တော်တွေးမိတာက လူ့ပြည်က သက်တမ်းအကြာဆုံးသစ်ပင်တပင်ဟာ နှစ်တထောင်ရှိပါ့မလား။ နှစ်တသောင်းခံတယ်ပဲထားအုံး သူ့သက်တန်းစေ့ရင် ပျက်မှာပဲ။ အဲဒီတော့ နတ်တွေကဘယ်သွားနေကြလဲ။ သူတို့က တခါသစ်ပင်မှာ နေခွင့်၊အိမ်ဆောက်ခွင့်ရပြီးရင် နတ်သက်ကြွေတဲ့အထိ မူလသစ်ပင်ရှိရှိ၊ မရှိရှိတနည်းတဖုံနဲ့ ဆက်လက်ရပ်တည်လို့ရကြလို့လား။ အိမ်စောင့်နတ်တို့၊ ရွာစောင့်နတ်တို့ကတော့ လူတွေရဲ့ဘုန်းကံကြောင့်ဖြစ်လာတယ်ဆိုရင်တော့ ထားပါတော့။ မိတ်ဆွေတို့အနေနဲ့ သိရင် နည်းနည်းလောက် မျှပါလို့ တောင်းပန်ပါစေ။


ညူကလီးယာဗုံးထွင်ဖို့ ကြိုးစားတဲ့နိုင်ငံတွေစာရင်းမှာ ကျွန်တော်တို့မြန်မာနိုင်ငံပါလာတာ အခုတလော သတင်းတွေမှာတွေ့ရလို့ ဂုဏ်ယူရမလား၊ ရှက်ရမလား ဝေခွဲမရ ဖြစ်လာပါတယ်။ ကိုယ့်မွေးရပ်မြေ မြန်မာပြည်အကြာင်း ကြား၊သိ၊ဖတ်လိုက်ရရင် အဆိုးကြီးပဲဆိုတော့ ကိုယ်ဘာကောင်ဆိုတာ မအော်ရဲဘူး၊ ဟိုလိုလို ဒီလိုလိုနေရတယ်။ အရင်က လော၊ ကမ္ဘောဒီယား၊ နီပေါ၊ ဘူတန်စတဲ့ ့နိုင်ငံသေးသေးတွေက လူတွေတွေ့ရင် စိတ်ထဲမှာ ငါ့နိုင်ငံက ပိုကြီး၊ပိုကောင်းတယ်လို့ မဆီမဆိုင် ဓာတ်တိုင်ခဲနဲ့ပေါက် တွေးမိတယ်၊ နဲနဲကြာလာတော့ ဒီမှာ အာရှကထိပ်တန်းနိုင်ငံကကောင်တွေတောင် အထင်ကြီးမခံရကြလို့ မြန်မာဆိုသူတို့စိတ်ထဲမှာ ငါထက်ပိုဆိုးမှာပေါ့လို့ စိတ်အားငယ်ရပါတယ်။ ဒီကြားထဲ သူတို့လူမျိုး သူငယ်ချင်းတယောက်က ခြေသလုံးအိမ်တိုင် ခနော်ခနဲ့ ဘုရားစူး အိမ်လေးတွေပါတဲ့ အင်တာနက်သတင်းတခုကို အီးမေးလ်ကနေ ပို့လိုက်ပြီး အဲဒီလောက်တောင် ဆင်းရဲသလားလို့ အမေးခံလိုက်ရတော့ ကျွန်တော်လည်းတော်တော် အောင့်သွားပါတယ်။ ဒါနဲ့ ဂူဂဲ ဂြိုလ်တုမြေပုံကနေ […]


အမေက ကျွန်တော့်ကိုငယ်ငယ်တုန်းက တိရစာ္ဆန်ကလေးလို့ အကောင်တွေနာမည်တပ်ပြီး ချစ်စနိူးခေါ်ရင် သားကတိရစာ္ဆန် မဟုတ်ဘူး၊ ဘာပြုလို့လဲဆိုတော့ အသက်ရှုတယ်လို့ ပြန်ပြောရင် အမေက တိရစာ္ဆန်တွေလည်း ရှုတာပဲဆိုပြီး ပြန်ပြောလေ့ရှိပါတယ်။ လူတိုင်းဘဝမှာ ခက်ခဲ၊ပင်ပန်း၊အဆင်းရဲဆုံး နေ့တွေ ရှိကြပါတယ်။ အခြေအနေ၊ ကာလ၊ ဒေသ၊ ရင့်ကြက်မှု အပေါ်တွေမူတည်ပြီးတော့ ခံစားရမှုအတိုင်းအတာ တော့ကွာမှာပေါ့လေ။ မျော်လင့်ချက်မဲ့နေရလောက်အောင် ဖြစ်နေရတဲ့ အခါမျိုးကိုဆိုလိုတာပါ။ ရည်းစားနဲ့ကွဲတာလောက်ကတော့ ဝမ်းဂိုးရင်တူးကမ်း လိမ့်မယ်ဆိုပြီးဖြေလို့ရပါတယ်။ အကယ်၍များ လက်လျှော့လုမတတ် အခြေနေဆိုးတွေနဲ့ ကြုံတွေ ့နေရရင်၊ အသက်ရူနေရခြင်းရဲ ့အရသာကို သေသေချာချာ ခံစားကြည့်လိုက်ပါ။ ဒါလူ့ဘဝရဲ ့စည်းစိမ်တခုပါပဲ၊ အရမ်းအရသာရှိပါတယ်။ ဒီအရသာရဲ့ လေးနက်မှုတန်ဖိုးကို သင့်မှာဆုံးရှုံးမှုတွေနဲ့ ပြည့်နှက်လို ့အခုဘဝရဲ ့ဆက်လက်ရပ်တည် နိုင်စွမ်းအပေါ် သံသယရှိလာတဲ့ အခါပိုပြီးသိလာပါလိမ့်မယ်။ ထွက်သက်၊ဝင်သက်တိုင်းဟာ ဘဝရဲ့တန်ဖိုးပါပဲ။ နောက်တခုက […]


တနေ့က မမြင်ဘူးတဲ့ မန ္တလေးဂေဇက်က မိတ်ဆွေ ကိုလူဝက ရဟနာ္တစိတ် ဆိုတာဘာလဲလို့ မေးတဲ့စာတွေ ့လို့ဒီစာကိုဖြည့်စွက် ရေးလိုက်ပါတယ်။ တခုတောင်းပန် သတိပေးချင်တာက မယုံရင်၊ အပြစ်တင်ချင်လို့ရှိရင် ရေးသူကျွန်တော့်ကိုပဲ ဦးတည်ကြဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စာသန်သူများအတွက် မဂ်တား၊ဖိုလ်တား ဖြစ်မှာစိုးလို့ပါ။ ဒီပညတ်ချက်အဆင့်တွေကို သဲအင်းဂူဆရာတော်ကြီး တရားတော်များမှ တဆင့် မိမိအာဘော်ဖြင့် သဘောပေါက် နားလည်သလို ပြန်လည်ဖေါက်သည် ချခြင်းသာ ဖြစ်ပါတယ်။ နောက်ထပ်ပြောချင်တာကတော့ ဒီအဆင့်သတ်မှတ်ချက်တွေဟာ အကြောင်းများမဟုတ်ဘဲ အကျင့်ရဲ့ အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိူးတရားများသာဖြစ်ပါတယ်၊ ဒါကြောင့် သူဘာလဲ၊ငါဘာလဲ ဆိုတာကို နင်းကန်လိုက်ဖို့ မလိုကြောင်း အသိပေးပါရစေ။ တဖက်မှာလည်း သိလို့အကျိုးမမဲ့၊ အကျိုးများရန် သာဖြစ်ကြောင်း ကုမ္မဏီရုံးလုပ်ငန်းတွေမှာ သုံးတဲ့လုပ်ငန်းတိုးတက်မှု အခြေပြဇယားကိုသာ ဥပမာ ယူကြရန်ဖြစ်ပါတယ်။ တရားရိပ်သာဝင်လေ့ရှိသူ […]


လွန်ခဲ့တဲ့နှစ် အနည်းငယ် လောက်တုန်းက ကျွန်တော်ဖေါ်ဝဒ်အီးမေးလ် ကတဆင့် တကယ့်ဘုရားပုံတော် လို့ဆိုတဲ့ ဓာတ်ပုံတပုံ ရဖူးပါတယ်။ တော်တော်သပ်ပယ်ပါတယ်၊ အဲဒီ့အီးမေးလ်ကိုလက်ခံ သိမ်းမထားလိုက်လို့ ဘယ်သူက ဘယ်လိုအဓိဌာန်ပြီး ဘယ်ကနေရသလဲ တိတိကျကျ မမှတ်မိတော့ပါ။ ဘုန်ကြီးတပါး ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်ကို အဓိဌာန်ပြုပြီး ရိုက်လို့ပေါ်လာတဲ့ ပုံတော်လား။ မြတ်စွာဘုရား နတ်ပြည်မှာ အဘိဓမ္မာတရား ဟောခဲ့တာကို် အဓိဌာန်ပြုပြီး ရိုက်လို့ပေါ်လာတဲ့ ပုံတော်ဆိုလား တခုခုပါပဲ။ လူတော်များများလည်း ရကြဖူးမယ် ထင်ပါတယ်။ မိတ်ဆွေတို့တော့ မသိဘူး၊ ကျွန်တော်တော့အဲဒီတုန်းက တော်တော်ကြက်သီးမွှေးညှင်း ထသွားတယ်။ ပုံတော်က အခုခေတ် အိ်မ်တော်တော်များများမှာရှိတဲ့ ဆင်းတုတော်တွေ၊ ပန်းချီကားလက်ရာတွေထက် ပိုပြီးအသက်ဝင်တယ်၊ ပကတိ လူသားမျက်နှာနဲ့ ပိုပြီးနီးစပ်တာကိုး။ ကြည့်ရင်းကြည့်ရင်းနဲ့ တဖြည်းဖြည်း ကြောက်စိတ်ဝင်လာတယ်၊ စိုးရိမ်စိတ်လို့ပြောလဲ ရမယ်ထင်တယ်။ ဟုတ်မှဟုတ်ရဲ့လားပေါ့၊ အကယ်၍ဘုရား […]


ကျွန်တော်က ဝိပဿနာဆရာလည်း မဟုတ်ပါဘူး၊ တရားပေါက်နေတဲ့ ယောဂီလည်း မဟုတ်ရပါဘူး၊ ဒါပေမဲ့ ကိုယ်မြင်တာလေးကို အနာဂတ် ဗုဒ္ဓသာသနာအတွက် အမြင်ချင်းဖလှယ်တဲ့ချင်ပါတယ်။ ကျွန်တော်တို့မြန်မာတွေ ၁၉၈၈ နောက်ပိုင်းမှာ အကြောင်းအမျိူးမျိုးနဲ့ ကမ္ဘာအနှံ့ကိုပြန့်သွားတယ်။ အနီးအနားက တိုင်းပြည်တွေကို ရောက်သွားသူတွေအတွက် သိပ်မသိသာလှပေမဲ့ ရပ်ဝေးတိုင်းပြည်တွေမှာ အခြေချသူတွေအတွက်က နောင်ပေါက်ဖွားလာမဲ့မျိူးဆက်သစ်တွေအတွက်က ဘာသာ၊ သာသနာကို လက်ဆင့်ကမ်း အမွေဆက်ခံဖို့က ကိစ္စကြီးတရပ်ဖြစ်လာပါတယ်။ သိကြတဲ့အတိုင်း ကျွန်တော်ရဲ့ မျိူးဆက်သစ်တွေကို အမျိုး၊ ဘာသာ၊ သာသနာ ဆိုပြီးပြောရအောင်ကလည်း လူကြီးတွေတောင် နည်းမျိုးစုံနဲ့ထွက်ပြေးလာကြတာ၊ ဘာသွားပြောမလဲ။ တကယ်တမ်းဆိုတော့ ဒီပြသနာဟာ ဘာသာတရားနဲ့ ဝေးကွာနေကြတဲ့ ကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်။ စရရင် အနာဂတ် သာသနာဟာ အကျင့်စရဏ အပေါ်မှာပိုပြီး မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ ပရိယတ် သာသနာ စာပေလေ့လာ သင်ကြားမှုအပေါ် အထင်သေးခြင်း […]


သက်သတ်လွတ်စားခြင်းနှင့်ဗုဒ္ဓဝါဒ သက်သတ်လွတ် စားတာနဲ့ပတ်သက်လို့် နဲနဲလောက်ဖွချင်ပါတယ်။ အခြားဘာသာဝင် တွေအဖို့ ဘယ်လောက်ထိ ရှုတ်ထွေးဖွယ်ရာ ဖြစ်သလဲမသိပေမဲ့ ကျွန်တော်တို့် ဗုဒ္ဓဘာသာဝင်ေတွေ အဖို့တော့ အတိုင်းအတာ တစ်ခုအထိ အငြင်းပွားဖွယ် ဖြစ်နေဆဲပါပဲ။ သက်သတ်လွတ်စားတာ ကုသိုလ်ရသလား၊မရဘူးလား။ ဘုရားအလိုကျ ဟုတ်သလား၊ မဟုတ်ဘူးလား။ ဖွချင်တာကတော့ သက်သတ်လွတ် ဘာလို့စားသင့်သလဲ၊ ဘယ်လို အခြေအနေမျိုးမှာလဲ နဲ့ ဘာအကျိုးကျေးဇူးတွေ ရမှာလဲ တို့ပါ။ ကျွန်တော်က သက်သတ်လွတ် စားတာကို အရင်တုန်းက လက်မခံတဲ့ အထဲမှာပါခဲ့ ပါတယ်၊ ဒါပေမဲ့အခု သက်သတ်လွတ် စားနေတာနဲနဲ ကြာသွားပြီ။ တသက်လုံးစားဖို့ မဆုံးဖြတ် ရသေးပေမဲ့ အနဲဆုံးနှစ်ပေါက်စားဖို့ ရည်ရွယ်ထားပါတယ်။ တိတိကျကျကြီးတော့ မဟုတ်ဘူးပေါ့ဗျာ၊ ကိတ်မုန့်လေးဘာလေး ကြုံရင်အုပ်တာပေါ့။ အသား၊ငါး၊ပင်လယ်စာနဲ့ ကြက်ဥအလုံးလိုက် တို့ကိုတော့ မစားပါဘူး။ တကယ်တမ်း […]