etoneDecember 27, 20101min23317
မကြာမီမှာ ကျင်းပတော့မဲ့ အူဝဲနဲ့ ပြေတီဦးတို့ရဲ့ မင်္ဂလာအခမ်းအနားအတွက် လက်ဝတ်ရတနာ ဆင်မြန်းမှူကို She Shine မှ တာဝန်ယူ စပွန်ဆာပေးမှာဖြစ်ပြီး ၊ သတို့သားသတို့သမီးတင်မကပဲ နှစ်ဖက်မိဘများအတွက်ပါ စပွန်ဆာဆင်မြန်းပေးမည်ဟုလည်းသိရသည် ။ ထို့အပြင် လက်ထက်လက်စွပ်ကိုလည်း She Shine ကပဲ မင်္ဂလာ လက်ဖွဲ့အဖြစ်ပေးမှာဖြစ်ကြောင်းသိရသည် ။ လက်ထပ်လက်စွပ်အမျိုးစားမှာ စိန်လက်စွပ်အမျိုးစားဖြစ်ပြီး ကာလပေါက်ဈေး တစ်ကွင်းတွင် ၃၅ သိန်းကျော်ခန့်ကုန်ကျမည်ဟုလည်း သိရသည် ။ အူဝဲသည် She Shine မှလုပ်သော ပွဲများတွင် အဓိကနေရာမှ နေ၍ ပါဝင်ပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ လက်ဖွဲ့ပေးခြင်းဖြစ်ကြောင်းလည်း နီးစပ်ရာ အသိုင်းဝိုင်းမှ တီးတိုးပြောဆိုမှူများ ကြားခဲ့ရသည် ။