mgsaiJanuary 18, 20161min2248
အခုပြောမဲ့အကြောင်းကတော့ ဆိုးဆေးတွေအကြောင်းပါ။ဘာလို့ဒီအကြောင်းကို ပြောရတာလဲဆိုရင် ကျွန်တော်တို့နေ့စဉ်ဘဝမှာ စားသောက်နေရတဲ့အစားအစာတွေမှာဆိုးဆေးတွေပါဝင်နေလို့ပါပဲ။ဒီနေရာမှာ ဆိုးဆေးကို ပရိတ်သတ်များအလွယ်တကူမြင်နိုင်တဲ့ဆိုးဆေးရှိသလို မမြင်နိုင်တဲ့ဆိုးဆေးတွေလဲရှိပါတယ်။ဘာတွေလဲ မျှစ်တွေကို ဆိုးဆေးအနီရောင်တွေ၊အဝါရောင်တွေဆိုးကြတာကို မြင်ဘူးကြပါလိမ့်မယ်။ဒါပေမယ့်အခုတင်ပြမယ့်အကြောင်းအရာတွေက ပရိတ်သတ်တွေ အလွယ်တကူသတိမထားမိတဲ့ ဆေးဆိုးထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ပထမဆုံးစပြောရရင် ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ဝက်သား၊အမဲသား၊ဆိတ်သားတွေအကြောင်းက စရပါလိမ့်မယ်။ဒီအသားတွေကို ဆိုးဆေးတွေဆိုးထားသလား??ဟုတ်ကဲ့ အင်းစိန်ရွာမမှာသားသတ်ရုံတွေရှိပါတယ်။အဲဒီသားသတ်ရုံတွေမှာ ဘယ်လိုသတ်ကြလဲဆိုတော့ သူတို့ကအရင်ဆုံး သွေးတွေကို ထုတ်ပါတယ်။နွားရဲ့လည်ပင်းကို ဓါးထက်ထက်နဲ့ အပေါက်သေးသေးလေးဖေါက်ပါတယ်။သွေးတွေပန်းထွက်လာတာပေါ့၊သွေးထွက်တာနဲနဲနည်းသွားပြီဆိုရင် အပေါက်ကိုထက်ချဲ့ပါတယ်။ထွက်လာတဲ့သွေးတွေနဲ့ ဝက်ဆိုလဲဝက်သွေးပေါ့၊အမဲဆိုလဲ အမဲသွေးခဲတွေလုပ်ပါတယ်။အသားတွေကို ခွာတဲ့အခါမှာ အသားတွေမှာ သွေးမကျန်သလောက်ပါပဲ။အဲဒီအသားဖြူဖြူတွေကို ဆိုးဆေးအနီတွေနဲ့ ဆိုးပါတယ်။အသားကရဲနေတော့လတ်ဆက် တယ်ပေါ့။သူတို့ကို ဘာလို့ဆိုးရတာလဲမေးတော့ ဝယ်တဲ့သူတွေက အသားဆိုနီနေမှကြိုက်တယ်။ဖြူနေရင်မရောင်းရလို့ပါတဲ့။ နောက်တစ်ခုက ငါး။ပုဇွန်။ ငါးဒိုင်တွေမှာတော့ငါးတွေဝယ်လာတုန်းက ပါးဟက်တွေကနီနေပါတယ်။ဒါပေမယ့် အချိန်ကြာလာရင် ပါးဟက်တွေက မည်းလာပါတယ်။စဉ်းစားကြည့်ပါ သတ္တဝါတွေသေပြီးတာနဲ့ တဖြည်းဖြည်းအတွင်းကနေပုပ်လာမဲလာတာပါပဲ။လူတောင်သေပြီးရင် အသားတွေမဲပြီး ခြောက်သွားတတ်တာ သဘာဝပဲလေ။ငါးသည်တွေဆီရောက်တဲ့အခါ ငါးတွေက ပါးဟပ်တွေမဲနေပြီ။ဒီတော့ဘာလုပ်လဲ။ငါးတွေရဲ့ပါးဟပ်ထဲကို ဆိုးဆေးအနီမှုန့်တွေ ပက်ထည့်ပါတယ်။ငါးကပါးဟက်လေးတွေနီနေတာပေါ့။ဝယ်တဲ့သူတွေကလဲ ငါးပါးဟက်ကို […]