မမဂျီး မကောင်းပါ… သများရဲ့ အတိတ်ကအရိပ်တွေကို လက်ဖက်ရည်ပိုစ့်တစ်ခု ဖဘမယ်တင်ပြီး ဆွတယ်…။ :byee: လမ်းမီးတိုုင်မလင်းတလင်းအောက်မှာ သစ်သားခုံပုလေးတွေနဲ့ ထိုင်ပြီး လက်ဖက်ရည်သောက်ခဲ့ရတဲ့ ကလေးမြို့ညတွေကို အတော်လွမ်းသွားပြီ..။ လက်ဖက်ရည်ဆိုင်ရယ်လို့ စ သိတာ အမချော နှစ်ယောက်က စ ပါတယ်.. (ဝမ်းကွဲတွေပါ..)။ သူရို့ နှစ်ယောက်က အတော်လေး ချောကြလှကြတယ်.. ကိုယ့်အမတွေမို့ ကိုယ်ညွှန်းတာမဟုတ်..၊ တော်ရုံမိ်န်းမလောက် ကျမ လှတယ်ကို မထင်တာ…။ ဒီအမ နှစ်ယောက်ကတော့ တစ်ယောက်က အရပ်ရှည်ပြီး ညိုချောချောတာ.. (မော်ဒယ်တောင် လုပ်ခဲ့သေးတယ်..) သူ ကျူရှင်ကအပြန် စာအုပ်လေးလက်မှာပိုက်ပြီး ကြောင်လျှောက်ဒီဇိုင်းနဲ့ လျှောက်တဲ့ပုံစံ ခုချိန်ထိ ကျမ မတတ်ခဲ့…။ တစ်ယောက်ကတော့ အသားဖြူဖွေးနေပြီး.. ခန္ဓာကိုယ် လှတာ… Like a Sagaing […]