kotun winlattJune 30, 20142min3228
မေလကုန်ကတည်းက စပြီးရွာလိုက်တဲ့ မိုးဟာ ဇွန်လလယ်ရောက်တဲ့ အထိ မရပ်နိုင်သေးချေ။ နေ့စဉ်ရက်ဆက် မနက်ပိုင်းရွာလျှင်ရွာ မနက်ပိုင်း မရွာလျှင် ညပိုင်းရွာနှင့် တစ်ရက်မျှ မိုးပြတ်သည် မရှိ။ သတင်းတွေထဲမှာ ဖတ်ရတာတော့ နှစ်ပေါင်း ၃ဝ အတွင်း မုတ်သုံလေဟာ ပုံမှန်အချိန်အတိုင်း ပြန်လည်ဝင်ရောက်လာတာ ဆိုပဲ။ မိုးတွေရွာနေတာမို့ ကျနော်တို့ အဖွဲ့သွားရမဲ့ ခရီးစဉ်တွေကို တွေးရင်း ရင်လေးနေမိပါတယ်။ မိုးတစ်ခါနှစ်ခါ ရွာလိုက်ရုံနဲ့ ပျက်တဲ့လမ်းတွေကို ဘယ်လိုသွားကြမလဲဆိုတဲ့ အတွေးနဲ့ပါ။ နှစ်တိုင်းလည်း မိုးတွေရွာပြီး လမ်းတွေ မကောင်းပဲ သွားနေကျပါ… ဒါပေမယ့် ဒီနှစ်ကတော့ ရက်ဆက်ရွာနေတဲ့မိုးမို့ ပိုဆိုးတဲ့ လမ်းတွေကို ဖြတ်ရတော့မှာပဲဆိုတဲ့ အတွေးနဲ့ စိုးရိမ်ပူပန်မိသလို… အလှူခရီးစဉ်ကို လိုက်ပါနိုင်မဲ့ အင်အားက နည်းနေလို့လည်းပါပါတယ်။ နှစ်တိုင်းထက် လိုက်ပါနိုင်တဲ့ လူအင်အားက နည်းနေပါတယ်။ […]