etoneJanuary 7, 20151min48613
ကားးးးးးးးး တချက် သိသိသာသာ စောင်းသွားသည် ……တဆက်တည်းမှာပဲ ခွပ်ခနဲမြည်သံထွက်လာကာ ဂျိုစောင်းနှင့် မှန် မိတ်ဆတ်အပြီး ငိုက်မြည်းချည်းအမှု နိဌိတံသွားတော့သည် ။ ဘေးဘီ ဝဲယာကိုကြည့်တော့ မြို့ပြရဲ့ အငွေ့သက်ကင်းမဲ့လွန်းတဲ့ ဒေသတစ်ခု ၊ အညာဒေသနှင့်တောင် ခပ်ဆင်ဆင်ရယ် ။ လမ်းဟုဆိုသော်လည်း ဟိုနေရာချိုင့် ၊ ဒီနေရာခွက်ဖြင့် မညီမညာ ကြမ်းတမ်းလှသည် ။ တနေ့လုံးနေလို့တောင် ကား တစီးသွားဟန်မတူသည့် လမ်းမျိုးဖြစ်သောကြောင့် ဘီးတချက်စီလှိမ့်ရုံမျှသာ တအိအိသွားလို့ ရသည် ။ ခနော်နီ ခနော်နဲ့ ကျောက်တုံးများကြား ကားဘီးလေး ခမျာ သနားစရာ မလူးသာ မလွန့်သာ ၊ကားလေးကတော့ ကျစ်ကျစ်ပူနေတဲ့ နေရောင်ကို အံတုလို့ … ဘယ်ယိမ်း ညာယိမ်းဖြင့် လိုရာရောက်အောင် ခရီးနှင်နေရသည် ။ လယ်ကွင်းများ […]