AKKONovember 9, 20101min28241
ကျမအိမ်ထောင်ကျတာ ၂နှစ်ရှိပါပြီ။ ဘာတားဆေးမှ မထိုးမသောက်ဘဲ ခုထိကလေးမရသေးပါဘူး။ ရာသီလဲပုံ မှန်လာပါတယ်။ ဘာဆေးသောက်ရင်ကောင်းမလဲ အကြံပေးပေးပါ။ —- သမီးရေ အိမ်ထောင်ကျတာဟာ ဘယ်နှနှစ်ရှိရှိ အဲ့ဒါဟာ အရေးမကြီးပါဘူးကွယ် ။ အဓိကက တော့ ယောကျာ်းမှာရော မိန်းမမှာပါ ။ ချို့ယွင်းချက်မရှိမှ ကလေးရနိုင်တာပါ ။ ချို့ယွင်းချက်မရှိပဲနဲ့ ကိုယ်ဝန်မရနိုင်တဲ့ကာလတွေမှာ ဆက်ဆံမိရင်တောင် ကလေးမရနိုင်ပါဘူး ။ ရာသီပုံမှန် လာတာကတော့ သမီးဘက်က ကလေးရနိုင်ချေရှိပါတယ် ။ ယောကျာင်္းမှာ ချို့ယွင်းချက်ရှိမရှိသိချင်ရင်တော့ လမ်း၃ဝ အထူးကု ဆေးခန်းကြီးမှာ ဆရာ့နာမည်ပြောပြီး senubak analysis test သွားစစ်လိုက်ပါ ။ ကလေးရဖို့အတွက်ဆေးသောက်စရာမလိုပါဘူး ။ သမီးရဲ့ ယောကျာင်္းနဲ့သာ ကလေးရနိုင်တဲ့ကာလမှာ အတူတူ နေပေးဖို့ပဲ လိုပါတယ် ။ ယောကျာင်္းက […]