ရွှေသံလွင်မီဒီယာမှ စီစဉ်ဆောင်ရွက်သည့် Multi Play Services(MPS) အစီအစဉ်တွင် ရုပ်ရှင်ရုံများ၌ပြသနေသည့် ရုပ်ရှင်များကို ဂြိုလ်တုစနစ်ဖြင့်ချိတ်ဆက်ပြီး မိမိနေအိမ်တွင်ကြည့်ရှုနိုင်မည့် e-Cinema လုပ်ဆောင်ချက်ပါဝင်မည်ဖြစ်ကြောင်း အဆိုပါမီဒီယာနည်းပညာဆိုင်ရာအရာရှိချုပ် ဦးမျိုးမင်းကပြောသည်။ “e-Cinema ဆိုတာ ထိန်းချုပ်မှုတစ်ခုကို စနစ်တကျဖြစ်အောင်လုပ်ပြီးတော့ တစ်ပြည်လုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ ထိန်းချုပ်ပြသနိုင်ခြင်းပါ။ မြန်မာ့ရုပ်ရှင်လောကလည်း ပြောင်းလဲတိုးတက်လာမယ့်အခြေအနေပါ။ MPS စနစ်ထဲမှာတော့ e-Cinema, e-education စသည်ဖြင့် Application အများအပြား ပါဝင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။ အဆိုပါ MPS အစီအစဉ်၌ ဂြိုလ်တုစနစ်ပေါ်တွင်အခြေခံသည့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းနှင့် ရုပ်သံလိုင်းတို့ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစနစ်ဖြင့်လည်း သုံးစွဲနိုင်မည်ဖြစ်သည်။ ရောင်းချသည့်ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း MPS အစီအစဉ် စတင်ချထားပေးသည့်အခါတွင် နိုင်ငံ၏နယ်မြေ ၇၅ ရာခိုင်နှုန်း၌ ဂြိုလ်တုမှတစ်ဆင့် ရုပ်ရှင်ရုံများရှိ ဇာတ်ကားများကို ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။ Ref:Internet […]