etoneSeptember 11, 20101min900
ခရီးကပြန်ရောက်ပြီး jet-lag ရနေလို့ ဇီးကွက်ဖြစ်ဖြစ်နေပါတယ်။ အိပ်မပျော်တာနဲ့ဘဲပို့စ်တွေလည်းဆက်တိုက်လျှောက်ရေးနေမိပါတယ်။ စာဖတ်သူအတွက်ယူစရာသိပ်မကျန်တဲ့ပို့စ်တွေဘဲများနေလို့ လာဖတ်တဲ့သူတွေကိုတောင်းပန်ပါတယ်။ ဒီညတော့ကိုအန်ဒီကလေးလေးတွေဗီဒီယိုကိုကြည့်ပြီး ကြည်နူးအားကျမိရင်း၊ ကလေးလေးတွေနှစ်ဦးစလုံးဟာ မိဘတွေရဲ့မေတ္တာအစွမ်းကုန်ရရှိပြီး ကိုယ်ရောစိတ်ပါကျန်းမာသန်စွမ်းတဲ့ကလေးလေးတွေအဖြစ်ပေါ်လွင်နေတာတွေးနေမိရင်းကလေးသွားကျန်းမာရေးပညာအကြောင်းပြန် စဉ်းစားနေမိပါတယ်။ ကျွန်တော်တို့ကျောင်းသားဘဝက ကလေးသွားကျန်းမာရေးပညာမှာ စသင်ရတာက psychological development of children ကလေးတွေရဲ့စိတ်ပို်င်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအကြောင်းဖြစ်ပါတယ်။ ဘာကြောင့်ဒီအကြောင်းအရာကိုအရေးတကြီးသင်ရလဲဆိုတော့၊ ကျွန်တော်တို့သွားဆေးခန်းကိုနေ့စဉ်လာပြလေ့ရှိသူတွေထဲမှာ ကလေးတွေလည်းပါပါတယ်။ ကလေးတွေရဲ့ဖြတ်သန်းလာရတဲ့ ပတ် ဝန်းကျင်နဲ့မိဘဖြစ်သူရဲ့ပြုစုစောင့်ရှောက်တတ်မှုရှိမရှိပေါ်မူတည်ပြီး၊ ကလေးတွေလည်းအမျိုးမျိုးအမူအကျင့်ကွဲသွားပါတယ်။ သူတို့ကိုသွားဘက်ဆိုင်ရာကုသမှုတွေမစနိုင်ခင်မှာ ဘယ်လို psychological background နဲ့အမူအကျင့် behaviour ရှိသလဲ။ ကောင်းတဲ့ behaviour ရှိလား၊ အားနည်းချက်ရှိတဲ့ behaviour လား၊ ကောင်းတာကိုဘယ်လိုဆက်အားပေးပြီး မကောင်းတာကိုဘယ်လိုအပြုသဘောဆောင်လာအောင်ပဲ့ကိုင်မလဲဆိုတာတွေအရင်လုပ်ရပါတယ်။ ကလေးတွေဟာ မွေးခါစကနေတစ်နှစ်သားအရွယ်ကစပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးလာတာနဲ့အတူ psychological development လည်းစနေပါပြီ။ အဲလိုအချိန်မှာ ကလေးဟာ ယုယုယယထွေးပွေ့မှုရမယ်၊ ချော့မြူမှုရမယ်၊ ဆာတိုင်းချိုချိုသောက်ခွင့်ရမယ်ဆိုရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာလုံခြုံနွေးထွေးမှုနဲ့ယုံကြည်မှုစပြီးရရှိသွားပါတယ်။ ဒီအရွယ်မှာဒီလိုပြုစုယုယမှုတွေသေချာမရခဲ့တဲ့ကလေးတွေဟာ […]