etoneAugust 20, 20162min3158
မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ဆုမျိုးတောင်းခဲ့ ကြဖူးလားဟင် ။ ကျွန်မတော့အဲ့လို ဆုမျိုး မတောင်းခဲ့ဖူးပေမယ့် မွေးရာပါ မျက်နှာကြောတင်းတဲ့ရုပ်ကြောင့် ငယ်ငယ်ကဆို့ အဲ့ဒီဆုပေးစကားသံ ခဏခဏ ကြားခဲ့ရဖူးတယ် ။ စိတ်ထဲတော့ သိပ်မကြည်လှဘူး အထူးသဖြင့်သီတင်းကျွတ်ကန်တော့လို့ ဆုပေးလျှင် အဲ့ဆုပေးစကားကြီးပါပါလာတာ ခံအပြင်းဆုံးပါ ။ ငယ်ငယ်ကတည်းက စိတ်ထဲ မှတ်ယူခဲ့တာ ၊ မျက်နှာမြင်လို့ မချစ်ချင်တော့ရော ၊ ဘယ်သူ့ကို ဒုက္ခပေးနေသတုန်း ၊ ကိုယ့်ထမင်းကိုယ်စား ကိုယ့်သမိုင်းကိုယ်ရေး အပိုတွေမလိုဘူးတွေးပြီး အဲ့ဒီဆုပေးသံကို အတော်မုန်းခဲ့ဖူးတာရယ် ။ လူမှု ပတ်ဝန်းကျင်မှာ ကျင်လည်နေရတော့မှပဲ မျက်နှာတစ်ခုရဲ့ အရေးပါမှုကို သိလာရတော့တယ် ငယ်ငယ်က တွေးထားလက်ခံထားသမျှ ဒီအချိန်မှာ ရာနှုန်းပြည့်မမှန်ကန်တော့ဘူး ။ လူတစ်ဦးနှင့်တစ်ဦးစတင် မိတ်ဆက်စဉ်ကတည်းက မျက်နှာကြည့်ပြီး ပြောဆိုဆက်ဆံရတယ်  ပထမဆုံး မျက်နှာချိုချို လှလှလေးမြင်လိုက်ရလျှင်ပဲ […]


etoneAugust 16, 20161min61923
အဲဗရီးဘာဒီ မင်ဂါဘာ   ရွာထဲ မရောက်တာ တော်တော့်ကို ကြာပါပြီ ။ သတိရပေမယ့် ဝင်မရေးဖြစ်ဘူး ၊ ကိုယ်ပိုင်အချိန်တွေ နည်း သွားတာကြောင့်ရော အလုပ်က စိတ်ဖိစီးမှု များတာကြောင့်ပါ ရွာထဲ မရောက်နိုင်ခဲ့ဘူး ။ တခါတလေ လော့အင်မလုပ်ပဲ ဝင်ဖတ်မိတာကလွဲပြီး comment တောင် ဝင်မပေးဖြစ်ဘူး ။ ဖွဘုတ်မှာတော့ တောအော် တောင်အော် ထထလုပ်ဖြစ်တယ် ။စိတ်ခံစားမှု တစုံတရာရှိတိုင်း ချရေးလိုက်တာပဲ စာဖတ်သူလည်း အားမနာ ။ ရွာထဲမှာ စာရေးတာကျတော့ တောအော် တောင်အော် မလုပ်ရက်ဖူးပဲ ၊ အမှန်ကန်စာရေးနေကြတဲ့ လူတွေ ရှိတဲ့ အပြင် ၊ သတ်သတ်မှတ်မှတ် စာဝင်ဖတ်နေတဲ့ လူတွေလည်းရှိတာကြောင့် ကိုယ်ပေါက်ကရ ရေးတာတွေကြောင့် အချိန်မကုန်စေချင်တာ အားနာတဲ့စိတ်ကြောင့် […]


etoneJanuary 7, 20151min48413
ကားးးးးးးးး တချက် သိသိသာသာ စောင်းသွားသည် ……တဆက်တည်းမှာပဲ ခွပ်ခနဲမြည်သံထွက်လာကာ ဂျိုစောင်းနှင့် မှန် မိတ်ဆတ်အပြီး ငိုက်မြည်းချည်းအမှု နိဌိတံသွားတော့သည် ။ ဘေးဘီ ဝဲယာကိုကြည့်တော့ မြို့ပြရဲ့ အငွေ့သက်ကင်းမဲ့လွန်းတဲ့ ဒေသတစ်ခု ၊ အညာဒေသနှင့်တောင် ခပ်ဆင်ဆင်ရယ် ။ လမ်းဟုဆိုသော်လည်း ဟိုနေရာချိုင့် ၊ ဒီနေရာခွက်ဖြင့် မညီမညာ ကြမ်းတမ်းလှသည် ။ တနေ့လုံးနေလို့တောင် ကား တစီးသွားဟန်မတူသည့် လမ်းမျိုးဖြစ်သောကြောင့် ဘီးတချက်စီလှိမ့်ရုံမျှသာ တအိအိသွားလို့ ရသည် ။ ခနော်နီ ခနော်နဲ့ ကျောက်တုံးများကြား ကားဘီးလေး ခမျာ သနားစရာ မလူးသာ မလွန့်သာ ၊ကားလေးကတော့ ကျစ်ကျစ်ပူနေတဲ့ နေရောင်ကို အံတုလို့ … ဘယ်ယိမ်း ညာယိမ်းဖြင့် လိုရာရောက်အောင် ခရီးနှင်နေရသည် ။ လယ်ကွင်းများ […]


etoneMay 14, 20142min26013
ဒါဇင်ပလပ်စ်အဖွဲ့ရဲ့ (၂၂) ကြိမ်မြောက် အလှူအဖြစ် ပညာသင်ထောက်ပံ့ရေး အလှူငွေ ၃၄၃,၀၀၀/-ကျပ်နှင့် စာရေးကိရိယာ ၁၀၀,၀၀၀/-ကျပ်ဖိုး စုစုပေါင်း ၄၄၃,၀၀၀/-ကျပ် (လေးသိန်း လေးသောင်း သုံးထောင်ကျပ်)ကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ စိမ်းလန်းမြေ မိဘမဲ့ ပရဟိတဂေဟာသို့ ပေးပို့ လှူဒါန်းပြီးစီးခဲ့ပါတယ် ဒီတခါ (၂၂)ကြိမ်မြောက် အလှူ လုပ်ခဲ့တဲ့ ကျောင်းလေးက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအမျိုးစားထဲကမဟုတ်ပဲ လူမှု ဝန်ထမ်း အသိမှတ်ပြု လူငယ်ဖွ ံ့ဖြိုးရေး မိဘမဲ့ ဂေဟာ တစ်ခုပါ ။ စတင်တည်ထောင်ခဲ့သူကတော့ ထိုင်ဝမ်လူမျိုး MR.CHOUလို့ သိရပြီး ၂၀၀၄ စက်တင်ဘာလ ၁ရ ရက်နေ့မှာ ဂေဟာစတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ် ။ ၂၀၀ရခုနှစ်မှာမှ စပြီး လူမှုဝန်ထမ်းဦးစီးဌာန အသိမှတ်ပြု လူငယ်ဖွ ံ့ဖြိုးရေး ဂေဟာ […]


etoneMay 12, 20141min2095
ဒါဇင်ပလပ်စ်ဧ။် (၂၁)ကြိမ်မြောက် ဧပြီ လအလှူကို ၊ 6-4-14 တွင် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ် ၊ တာခွတာဆုံကျေးရွာရှိ ” အေးချမ်းသာ လူငယ်ဖွံ ့ဖြိုးရေး ပရဟိတကျောင်း “သို့ ဒါဇင်ပလပ်စ် အဖွဲ့များကိုယ်တိုင်သွားရောက်ပြီး ပညာရေး အထောက်ပံ့အလှူငွေ ၄၃၅,၀၀ဝ /- (လေးသိန်းသုံးသောင်း ငါးထောင်ကျပ်) ကို သွားရောက် လှူဒါန်း ခဲ့ပါတယ် ။ အေးချမ်းသာ လူငယ်ဖွံ ့ဖြိုးရေး ပရဟိတကျောင်းကို ၂၀၀၁ ခုနှစ် ၊ မေလတွင် ကျိုက်ဝိုင်း အောင်ဗိမာန်ကျောင်းတိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန ္တအာစရိယဧ။် ဦးဆောင်မှုဖြင့် ၊ တာဝန်ခံ နာယက ဆရာတော် ဦးဇောတိကမှ စတင် တည်ထောင် ဖွင့်လှစ်ခဲ့ပါတယ် ။ […]


etoneJune 16, 20131min22619
အစိုးရ ရုံးပိတ်ရက်တွေနဲ့ တနင်္ဂနွေရုံးပိတ်ရက်တိုင်းမှာ အခါအားလျှော်စွာ နေ့ချင်းပြန်ခရီးထွက်ခြင်း ၊ဈေးဝယ်ထွက်ခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း ၊အပြင်ထွက်ပြီး မိသားစု ထမင်းလက်ဆုံ ထွက်စားခြင်း၊ ဆွေမျိုးတွေဆီ မိသားစုလိုက် အလည်သွာခြင်းတွေလုပ်ပြီး ၊ တပတ်လုံး အလုပ်ကိုယ်စီနှင့် မျက်နှာမြင်ဖို့တောင် ခက်ခဲတဲ့ ကျွန်မတို့မိသားစုရဲ ့ အားလပ်ရက်ကို ၊ နွေးထွေးစွာနဲ့ အတူဖြတ်သန်းကြပါတယ် ။ အပြင်မထွက်ဖြစ်တဲ့ ရက်တွေမှာတော့ အိမ်မှာမုန့်လုပ်စားပြီး ၊ ရုပ်ရှင်ကြည့်လို့ အချိန်ဖြုန်းခဲ့ကြပါတယ် ။ ဒီနေ့ ၁၆-၆-၁၃ မှာတော့ ၊ ကျွန်မအစ်ကိုနဲ့ ယောင်းမ ခရီးထွက်သွားတာကြောင့် ခါတိုင်းလို မိသားစုလူမဆုံဖြစ်တဲ့အခါ ၊ အိမ်မှာပဲ တစ်ခုခုလုပ်စားတော့မယ် တွေးတုန်း ၊ အပြင်ထွက်ရအောင် သမီးရေလို့ အမေကစကားစလာပါတယ် ။ အသိလူနာသတင်းသွားမေးမှာ အင်းစိန်ဆေးရုံမှာ လိုက်ခဲ့ပါ […]


etoneFebruary 22, 20121min39740
လူတိုင်းမှာ အမှတ်တရ နေ့ရက်လေးတွေ ….ရှိကြစမြဲပါ … ။ တစ်ချို့နေ့ရက်တွေက .. နှစ်ကာလရှည်ကြာတာနဲ့ … မေ့သွားတတ်ကြပြီး …တချို့ နေ့ရက်လေးတွေကတော့ .. တစ်သက်နဲ့ တစ်ကိုယ် မှတ်မှတ်ရရရှိနေတတ်ပါတယ် … ။ ထိုအမှတ်တရ နေ့ဆိုတာကတော့ …ပျော်စရာကောင်းတဲ့ နေ့လည်းဖြစ်နိုင်သလို ၊ ဝမ်းသာတဲ့နေ့ .. ဝမ်းနည်းတဲ့နေ့ … ကြီးမားစွာ ဆုံးရှုံးရတဲ့နေ .. ယူကျုံးမရ ဖြစ်ရတဲ့နေ့ … စသဖြင့် … အမျိုးမျိုးဖြစ်နိုင်ပေမယ့်… နေ့ရက်များရဲ့ နောက်ကွယ်မှာတော့ .. အကြောင်းပြချက်တစ်ခုစီ ရှိစမြဲပေ့ါ … ။ ဒီနေ့က ကျွန်မဘဝမှာ … ထူးခြားအမှတ်ရတဲ့ နေ့တွေထဲက တစ်နေ့ပါပဲ …. ။ နှစ်ပတ်လည်နေ့ရောက်တိုင်း … ဝမ်းလည်း […]