(ဒိPost ကို ဒေါ်အီးတုန်း Post မှ စိတ်ကူးရလို့ ရေးလိုက်ပါကြောင်း..) ဒေါ်အီးတုန်းရေ… ကျွန်တော်လဲ ဝန်ထမ်း သုံးရာလောက်ရှိတဲ့ စက်ရုံမှာ အုပ်ချုပ်ရေးအပိုင်းလုပ်ခဲ့ဖူးတဲ့အတွက် ပြောပြချင်တာလေးတွေလဲ ရှိသပေါ့နော်.. မတူညီတဲ့ အမြင်တစ်ခုကနေပေါ့.. ဆိုတော့ကာ ပြောရမယ်ဆိုလျင်တော့ အတော်လေးကို ရှည်လျား၊ ထွေပြားပေတော့မယ်.. လိုရင်းကို တိုတိုလေးဆိုရမယ်ဆိုရင်တော့ ရွေးချယ်ခွင့်မရှိတဲ့ဘဝမို့ ရလာတဲ့ဘဝကိုသာ သူတို့လျှောက်လှမ်းနေရတာပါ.. ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်တဲ့.. အတွေးတိမ်တဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အနာဂါတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်ဆိုတာကိုမေ့ပြီး ရေရှည်ကောင်းစားမှုမရှိတဲ့ ရေတို လုပ်ငန်းခွင်က အလုပ်သမားတွေဘဝကို အလွယ်ပဲ ကူးပြောင်းရောက်ကြတယ် မြင်မိတယ်.. နိုင်ငံတစ်နိုင်ငံမှာ လုပ်သားအင်အား များပြားနေတာ သိပ်မကောင်းလှဘူးလို့ဆိုမယ်.. လုပ်သားအင်အားဆိုရာမှာ ကာယလုပ်သားနဲ့ ဉာဏလုပ်သား၊ ဘယ်ဟာကများ နိုင်ငံကို ဦးဆောင်နိုင်လိမ့်မယ်ထင်သတုန်း? အီးတုန်းအလိုအရဆို ငါတော့ […]