Kaung Myat HtutMay 31, 20101min1072
MyanmarING အဖွဲ့အနေဖြင့် ပြည်တွင်းမှ အသုံးမလို စွန့်ပစ်ထားသော ကွန်ပျူတာပစ္စည်းများအား လိုအပ်နေသူများအတွက် အသုံးပြုနိုင်သော ပစ္စည်းများအဖြစ် ပြောင်းလဲပေးသွားနိုင်ရန်အတွက် ယခု အစီအစဉ်အား စတင်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အချို့သော အိမ်များနှင့် ရုံးများတွင် စက်ပစ္စည်း တစ်စိတ်တစ်ပိုင်း ချို့ယွင်းသွား၍သော်လည်းကောင်း၊ မော်ဒယ်နိမ့်သွား၍သော်လည်းကောင်း အသုံးမပြုဘဲ စွန့်ပစ်ထားသည့် ကွန်ပျူတာပစ္စည်းများ ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ပြင် အစိုးရကျောင်းများတွင် ရံပုံငွေ တောင့်တင်းသော ကျောင်းများမှလွဲ၍ ကျောင်းအများစု၏ ကွန်ပျူတာခန်းများတွင် ရှေးအခါက လှူထားခဲ့သည့် Macintosh စက်ဟောင်းများမှလွဲ၍ အသုံးပြုရန်အဆင်ပြေသည့် ကွန်ပျူတာများ မရှိသလောက် ဖြစ်နေပြီး ရှိသည့် Macintosh ကွန်ပျူတာများမှာလည်း အများစု ချို့ယွင်းနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အသုံးမပြု ပိုနေသော ကွန်ပျူတာ သို့မဟုတ် ကွန်ပျူတာအစိတ်အပိုင်းများအား MyanmarING […]