အဇဋာJuly 9, 20121min1986
ကျွန်တော်တို့ သတင်းထောက်တွေမှာ သတင်းထောက် စဖြစ်တဲ့နေ့ဆိုတာရှိပါတယ်။ တကယ် သတင်းထောက်အလုပ်ကို ဝါသနာပါတဲ့သူတွေအနေနဲ့ပေါ့လေ။ နောက်ပြီး ငါကတော့ ဘယ်လိုဖြစ်ရင် သတင်းထောက်ဖြစ်ပြီလို့ သတ်မှတ်တယ်။ ဘာကိုရရင် သတင်းထောက်ဖြစ်ပြီ စသဖြင့်လည်း ကိုယ့်ကိုယ်ကို ပြန် သတ်မှတ်တတ်ကြပါတယ်။ ကိုယ် ကိုယ်တိုင် သတင်းထောက်လုပ်နေပေမယ့် ကိုယ့်ကိုယ်ကို သတင်းထောက်မဖြစ်သေးဘူးလို့ ထင်နေတဲ့ သူတွေလည်းရှိပါတယ်။ နောက်ပြီး သတင်းဖြစ်နေပေမယ့် သတင်းထောက်မဟုတ်တဲ့သူတွေလည်း အများကြီးပါပဲ။ နိုင်ငံတကာမှာတော့ သတင်းထောက်ဖြစ်ဖို့အတွက် Journalism ကျောင်းတွေမှာ Degree ရဖို့လေးနှစ်လောက်ကြိုးစား၊ အလုပ်သင်သတင်းထောက်အနေနဲ့ တစ်နှစ်လောက် Field ထဲမှာ ကျင်လည်ပြီးကာမှ ဂျာနယ်တိုက်တစ်တိုက်ရဲ့ အလုပ်ခန့်အပ်မှုကို ရနိုင်ပါတယ်။ အဲဒီအလုပ်ရဖို့ကလည်း လက်ရှိ ဖြစ်၊ပျက်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ သတင်းကောင်းကောင်း ဒါမှမဟုတ် သတင်းဆောင်းပါးကောင်း တစ်ပုဒ်ကို  တင်ပြနိုင်ပါမှ ဖြစ်နိုင်ပါတယ်။ ဒါက အကြမ်းသဘောမျိုးပြောတာပါ။ […]