ko sixSeptember 2, 20181min3675
================= ကိုစစ်(Physics) (1) ငါဟာ မြေဩဇာချို့တဲ့နေတဲ့ ပထဝီဝင်တစ်ခုဖြစ်ကြောင်း မှော်ကြာတစ်ပွင့်လို ရင်ဖွင့်ပါရစတော့။ တောင်တန်းတွေဟာ လူအထင်ကြီးအောင် တည်ဆောက်ထားခဲ့တဲ့ ငါ့ရဲ့ ညံ့ကွက်တွေပါ။ ချောက်ကမ်းပါးတွေဟာ လူလူသူသူဖြစ်အောင် စတေးခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ ထောက်ခံစာတွေပါ။ မြစ်ချောင်းတွေဟာ လုပ်ကွင်းလုပ်ကွက်ဖြစ်အောင် ပုံဖော်ခဲ့ရတဲ့ ငါရဲ့မျက်ရည်တွေပါ။ မီးတောင်တွေဟာ ရဲရဲရင့်ရင့်မြင့်မားအောင် တောက်လောင်ခဲ့ရတဲ့ ခံပြင်းတဲ့ ငါ့ရဲ့မြိုသိပ်ခြင်းတွေပါ။ သစ်တောတွေဟာ ပရဟိတလုပ်နိုင်အောင် ရှင်သန်ခဲ့ရတဲ့ ခြေထိုးခံ ငါ့ရဲ့ ဘဝခြောက်တောတွေပါ။ ပင်လယ်တွေဟာ လူတောတိုးနိုင်အောင် လှိုင်းထခဲ့တဲ့ ငါ့ရဲ့ ငံကျိကျိအော်ဟစ်သံတွေပါ။ ဘာပဲဖြစ်ဖြစ် ငါဟာ လူမသိသူမသိနဲ့ မီးသင့်ကျောက်လို မာမာကျောကျော အေးခဲနေခဲ့တာ မြောက်ပြန်လေတွေ တိုက်မလာသေးခင်အထိပေါ့။ (2) ညက မှော်ဆန်တယ်ပဲပြောရမလားပဲ။ ဝင်ရိုးစွန်းအရပ်လို အဆုံးမဲ့ညသံသရာကို မောင်းနှင်နေတယ်။ ပစ်တင်လိုက်တဲ့မြားတွေက မမြင်နိုင်တဲ့ ညနက်နက်မှာ […]