ကဗျာတွေစာတွေပေရှည်အောင် မဖွဲ့တတ်ပေမဲ့ သူမ ကိုချစ်တဲ့အကြောင်းတော့ ဂန္တဝင်အောင်ဖွဲ့ဆိုပါရစေ။ သူမ က ကျွန်တော့်အသက်၊ကျွန်တော့် အချစ်ဦးဆိုလည်း မမှားပါဘူး။ သူမ ကို ရတနာပုံတက္ကသိုဟ်ကျောင်းစတက်တဲ့နေ့မှာ ကိုယ့်မေဂျာ၊ကိုယ့်အခန်းမှာဘဲ စတွေ့ခဲ့တယ်။ သဘောဖြူတဲ့တိုင်းရင်းသူလေးပီပီ စကားလေးဝဲတဲတဲအသံလေးက ကျွန်တော်ရင်ထဲမှာစွဲညှိခဲ့တယ်။ ပန်းဆီရောင်သမ်းနေတဲ့ သူ့ပါးလေးကို နမ်းခွင့်ရရင်သေပျော်ပါပြီလို့ အိပ်မက်ထဲမှာအကြိမ်ကြိမ်ဖွင့်ပြောနေမိတယ်။ သူမကို ချစ်တယ်လို့ဖွင့်မပြောရက်ပါ။ ဘာလို့လဲဆိုတော့ သူမစိတ်ထိခိုက်ပြီး ပျော်ရွှင်နေတဲ့အပြုံးလေးညှိုးငယ်သွားမှာကို ကြောက်မိလို့ပါ။ ကိုယ်တိုင်လည်း မခူးရက် တစ်ခြားသူခူးမှာကိုလည်း တွေးကြောက်မိတယ်။ သူမ ကို အရမ်းချစ်မိနေလို့ပေါ့။ တစ်နေ့တော့ သူမ နဲ့သူငယ်ချင်းဖြစ်ခွင့်ရတယ်။ အပျော်ရွှင်ဆုံးနေ့လေး တစ်နေ့ဖြစ်ခဲ့ရပါတယ်။ စကားတွေလည်း ပြောဖြစ်တယ်။ ဇာတိချက်ကြွေ မွေးရပ်မြေက ရှမ်းပြည်နယ် ပင်းတယမြို့နယ်ထဲက ရွာလေးတစ်ရွာ။ မိသားစု ၃ ယောက်ရှိသည့်အနက် အငယ်ဆုံး၊အထွေးဆုံးမို့ မိဘတွေက အလိုလိုက်ထားတော့ တောင်ကြီးတက္ကသိုဟ်မှာမတက်ဘဲ မန်းလေးရတနာပုံတက္ကသိုဟ်မှာ […]