TTNUJuly 13, 20121min31137
“မေ့သွားလို့ပါ” မိတ်ဆွေ မေ့တတ်နေပြီလား။ အရေးကြီးတဲ့ ချိန်းဆိုထားတာလေးတွေ မေ့ပြီးမသွားမိလို့ အဆင်မပြေတွေဖြစ်ဖူးပါသလား။ ထမင်းအိုးတူးသွားလောက်အောင်မေ့ပြီး စကားတွေပြောနေမိပါသလား။ အိမ်သော့၊ ဆိုင်ကယ် သော့၊ ကားသော့၊ ဘယ်ထားမိမှန်းမသိဖြစ်ပြီး ပွစာတက်နေအောင် ဟိုရှာဒီရှာ ဖြစ်ဖူးပါသ လား။ ဘဏ်မှာငွေထုတ်ခါနီး မှတ်ပုံတင်နံပါတ်လို့ မေးတော့မှ ကိုယ့်မှတ်ပုံတင်နံပါတ် ကိုယ် အစရှာမရသလိုဖြစ်ဖူးပါသလား။ စိတ်မပူပါနဲ့ မိတ်ဆွေ။ ရှင်တစ်ယောက်တည်းမေ့တတ်တာမဟုတ်ပါဘူး။ ကျွန်မတို့ တွေ အားလုံး ရှုပ်မှုတွေပွေနေတဲ့ (၂၁)ရာစုမှာ အရာရာကို ချက်ချင်းမှတ်မိသတိရဖို့ ပို၍ပို၍ ခက်လာနေလို့ပါပဲ။ ဟိုးတုန်းကတော့ သတိမေ့ရော့တတ်တာကို အသက်ကြီးလာလို့ ပါ ဆိုတာလေးနဲ့ အပြစ် ဖို့ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာရှင်များအပြောအရ မေ့တတ်လာကြခြင်းဟာ ခေတ်မီ နေမှုထိုင်မှု ပုံစံတွေကြောင့်လို့ သိရပါတယ်။ နောင်ဆိုရင် မေ့တတ်တဲ့ မျိုးဆက်တစ်ခု “The […]