Shwe EiJanuary 28, 20131min50055
မိတ်ဆွေတယောက်ကြောင့် ထိခိုက်နာကျင်ခံစားရတဲ့အခါ ဒေါသတွေကိုလျှော့လိုက်ပါ။ ကိုယ်နဲ့ အမြင်မတူတဲ့ မိတ်ဆွေတယောက်နဲ့ ရှေ့ဆက်လက်တွဲနိုင်ဖို့ က အဲဒီ မိတ်ဆွေကိုခွင့်လွှတ်ပေးမှဖြစ်နိုင်မှာပါ။ ခင်မင်ရင်းနှီးသူအချင်းချင်း အငြင်းပွာရတဲ့အခါမျိုးကြုံလာတဲ့အခါ ရင်ဆိုင်လိုက်ပါ။ ဒါဟာဆိုးရွားတဲ့ကိတ်စမဟုတ်ပါဘူး၊ မိတ်ဆွေများနဲ့ငြင်းခုန်ခြင်းဟာ ကျန်းမာရေးအတွက် နည်းလမ်းကောင်းတခုလဲဖြစ်သလို မိတ်ဆွေအချင်းချင်းကြားမှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကိုရှောင်ကျဉ်ပြီးသားဖြစ်လို့ ပိုကောင်းတဲ့ ဆက်ဆံရေးတခုကိုလဲဖန်တီးနိုင်မှာပါ။ သင့်မိတ်ဆွေတွေဟာ လူသားတွေဖြစ်လို့ အမှားလုပ်မိနိုင်ပါတယ်။ တခါတရံ သူတို့က သင့်ကိုထိခိုက်နာကျင်ခံစားစေလိမ့်မယ်။ သင့်ရဲ့ခင်မင်ရင်းနှီးမှုကိုပိုအားကောင်းလာစေဖို့ လိုအပ်တာက ခွင့်လွှတ်မှုနဲ့ရှေ့ဆက်ဖို့ဘာဘဲ။ ဒါပေမဲ့ သင့်အနေနဲ့ ထိခိုက်နာကျင်ခံစားနေရချိန်မှာ ဘယ်လိုများခွင့်လွှတ်ပေးနိုင်မှာဘာလိမ့် ? ခွင့်လွှတ်တော့မယ်ဆိုရင်…. မိတ်ဆွေတယောက်ဟာ သင့်အပေါ် လူမှုရေးအရအနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အပြုအမူ အပြောအဆိုမျိုး အကြိမ်ပေါင်းများစွာလုပ်မိနိုင်ပါတယ်၊ ပြီးတော့ပြန်တောင်းပန်တာမျိုးလဲလုပ်ပါလိမ့်မယ်။ အကယ်ရွေ့ သင်က သူတောင်းပန်ရင်လက်ခံလိုက်ပေမဲ့ စိတ်ထဲကပါလို့မဟုတ်ရင်တော့ သင့်မိတ်ဆွေအပေါ် အမြင်မကြည်လင်မှုရဲ့ အစိုင်အခဲကြီးကို ကြီးသထက်ကြီးအောင် တည်ဆောက်နေမိတာမျိုးသာ ဖြစ်နေပါတော့တယ်။ ဒီနေရာမှာ […]